Saturday, February 9, 2013

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

ဥရောပသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးတွဲကျင်းပသော မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး မျှော်လင့် ချက်များနှင့် အလားအလာများ (The Rule of Law in Myanmar Perspective and Prospects) ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉း၀၀ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ် စည်းဝေးခန်းမတွင်ကျင်းပရာ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး မစ္စတာ ဒေးဗစ်လစ်ပ်မင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပြည်သူ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဦးစစ်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ဦးကျော်ထွန်း၊ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ နှီးနှောဖလှယ်ပွဲတွင် ရှေးဦးစွာ ဒေါက်တာထွန်းရှင်က အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် ဒေးဗစ်လစ်ပ်မင် က နှုတ်ဆက်စကား ပြောကြားသည်။ အဖွဲ့ချုပ် ဥက္ကဌနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးရာ ကိစ္စရပ် များကို ပြောကြားသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် နှီးနှောဖလှယ်ပွဲကို ညနေ ၅း၃၀ နာရီအထိ ဆက်လက်ကျင်းပသည်။

No comments:

Post a Comment