Friday, March 8, 2013

7Day News Hero ဆုရှင် ဦးဌေးနိုင် လက်ထောက်စက်ခေါင်းမောင်း

Photo: 7Day News Hero ဆုရှင်

ဦးဌေးနိုင်
လက်ထောက်စက်ခေါင်းမောင်း

ခုတ်မောင်းလာသည့် မီးရထားရထားအားကြောက်လန့်ကာ ချောင်းကူးတံတားရထားသံလမ်းပေါ်စုံရပ်နေသော မြေအဖွားနှစ်ဦးအား ရထားနှင့်တိုက်လုဆဲဆဲတွင် စက်ခေါင်းပေါ်မှခုန်ချကာ သက်စွန့်စံဖျားကယ်တင်ခဲ့သူဖြစ် သည်။
၂၀၁၂ ဧပြီ ၁၁ရက်က ရန်ကုန်-မော်လမြိုင်(အစုန်ရထား) အမှတ် ၁၇၆ ကိုအောင်းနှင်လာစဉ် ဒါးပိန်ဘူတာအ ၀င်တွင်ဖြစ်ပွားခဲ့သည့် အက်ရှင်ကားဆန်ဆန်ကယ်တင်မှုတစ်ခုဖြစ်သည်။
အသက် ၆၂ နှစ်အရွယ်အဘွားဖြစ်သူနှင့် အသက် ၈ နှစ်အရွယ်မြေးဖြစ်သူတို့ရထားလမ်းဖြတ်ကူးစဉ် ရှေ့တည့် တည့်မှမောင်းနှင်လာသောရထားကိုတွေ့ပြီးကြောက်လန့်ကာရောက်သည့်နေရာမှာပင်စုံရပ်နေခဲ့ကြခြင်းဖြစ် သည်။ စက်ခေါင်းမောင်းက အရေးပေါ်ဘရိတ်ကိုသုံးလိုက်သော်လည်း လုံးဝရပ်တန့်နိုင်ခြင်းမျိုးမဟုတ်သဖြင့် ဦးဌေးနိုင်သည် တစ်နာရီခုနစ်မိုင်နှုန်းမောင်းနှင်အားရှိနေသေးသည့် စက်ခေါင်းပေါ်မှခုန်ချပြေးဆင်းပြီး မြေးအဘွားနှစ်ဦးကို တွန်းထုတ် ဖယ်ရှားလိုက်သည်။ ထိုအခါ ၃ ဦးစလုံး ရထားလမ်းတံတားပေါ်မှ ချောင်းထဲသို့ပြုတ်ကျသွားခဲ့ပြီး အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ အသက်ကိုစွန့်၍ မြေးအဘွားနှစ်ဦး၏အသက်ကို ကယ်တင်ခဲ့သော ထိုလက်ထောက်စက်ခေါင်းမောင်း၏ သူရဲကောင်း စိတ်ဓာတ်ကို အခင်းသားမြင်တွေ့ရသည်။ ထို့ကြောင့် 7 Day News အယ်ဒီတာအဖွဲ့က လက်ထောက်စက် ခေါင်းမောင်း ဦးဌေးနိုင်အား 7Day News Hero အဖြစ်သူရဲကောင်းဆုပေးအပ်ရန်ု ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ကိုဌေးနိုင်အား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။

ခုတ်မောင်းလာသည့် မီးရထားရထားအားကြောက်လန့် ကာ ချောင်းကူးတံတားရထားသံလ မ်းပေါ်စုံရပ်နေသော မြေအဖွားနှစ်ဦး အား ရထားနှင့်တိုက်လုဆဲဆဲတွင် စက်ခေါင်းပေါ်မှခုန်ချကာ သက်စွန့်စံဖျားကယ်တင်ခဲ့သူဖြစ် သည်။
၂၀၁၂ ဧပြီ ၁၁ရက်က ရန်ကုန်-မော်လမြိုင်(အစုန်ရထား) အမှတ် ၁၇၆ ကိုအောင်းနှင်လာစဉ် ဒါးပိန်ဘူတာအ ၀င်တွင်ဖြစ်ပွားခဲ့သည့် အက်ရှင်ကားဆန်ဆန်ကယ်တင်မှုတစ်ခုဖြစ်သည်။
အသက် ၆၂ နှစ်အရွယ်အဘွားဖြ စ်သူနှင့် အသက် ၈ နှစ်အရွယ်မြေးဖြစ်သူတို့ရထားလမ်းဖြတ်ကူးစဉ် ရှေ့တည့် တည့်မှမောင်းနှင်လာသောရထားကိုတွေ့ပြီးကြောက်လန့်ကာရောက်သည့်နေရာမှာပင်စုံရပ်နေခဲ့ကြခြင်းဖြစ် သည်။ စက်ခေါင်းမောင်းက အရေးပေါ်ဘရိတ်ကိုသုံးလိုက်သော်လည်း လုံးဝရပ်တန့်နိုင်ခြင်းမျိုးမဟုတ်သဖြင့် ဦးဌေးနိုင်သည် တစ်နာရီခုနစ်မိုင်နှုန်းမောင်းနှင်အားရှိနေသေးသည့် စက်ခေါင်းပေါ်မှခုန်ချပြေးဆင်းပြီး မြေးအဘွားနှစ်ဦးကို တွန်းထုတ် ဖယ်ရှားလိုက်သည်။ ထိုအခါ ၃ ဦးစလုံး ရထားလမ်းတံတားပေါ်မှ ချောင်းထဲသို့ပြုတ်ကျသွားခဲ့ပြီး အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ အသက်ကိုစွန့်၍ မြေးအဘွားနှစ်ဦး၏အသက်ကို ကယ်တင်ခဲ့သော ထိုလက်ထောက်စက်ခေါင်းမောင်း၏ သူရဲကောင်း စိတ်ဓာတ်ကို အခင်းသားမြင်တွေ့ရသည်။ ထို့ကြောင့် 7 Day News အယ်ဒီတာအဖွဲ့က လက်ထောက်စက် ခေါင်းမောင်း ဦးဌေးနိုင်အား 7Day News Hero အဖြစ်သူရဲကောင်းဆုပေးအပ်ရန်ု ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ကိုဌေးနိုင်အား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။
7DaysNewsJournal

No comments:

Post a Comment