လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်း ရသော ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ရှာဖွေ တူး ဖေါ်ရရှိ ခဲ့ သည်။
ကျောင်းတော်ကြီးကို ပါလမင်းဆက် ဒုတိယဓမ္မပါလ မင်း လက်ထက်အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြောသည်။
ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ၇ ခုမှ ၈ ခုထိ ဘင်္ဂလာရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ရှိထားပြီး ဖြစ်သည်။
ကျောင်းတော် မြေနေရာအား ၂၀၀၉ ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော် ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယခုတွေ့ရှိခဲ့သော ကျောင်းတော်ကို Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ခရိုင်အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။
၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ လွနှ်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်က ဗုဒ္ဓ ဘာသာနှင့် ပတ်သက်သောကျော်ကြားသော ပညာရှင်တစ်ဦး ဖြစ်သူ Atish Dipankar နေထိုင်ခဲ့ရာ
နေအိမ်အနီးတွင် တည်ရှိသည်ဟု ဆိုသည်။
နေရဉ္ဖရာ

No comments:
Post a Comment