Monday, March 25, 2013

နေပြည်တော် ၊ ရန်ကုန် အနီး က မြို့ တွေ မှာ မတည် မငြိမ် ဖြစ်အောင် လုပ်

မနေ့ ညက  ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်နယ် မှာ ဆူပူ မှု လိုလားသူ တွေ က ဘာသာရေး လူမျိုးရေး အဓိကရုဏ်း တွေ ဖြစ် ဖို့   ၀င်ရောက်နှောင့်ယှက်ခဲ့ တာလို့  FNG က သတင်း ရရှိ ပါတယ်။
အုတ်ဖိုဘက်က နေ၀င်လာညနေစောင်း လောက်ကတည်းက ကားတွေနဲ့ ရောက် နေတယ်။ ပထမ တော့ ခရီးသွား တွေဘဲ ထင်တာ ပေါ့။ အထဲကို မမြင်ရဘူး၊ မှန်တွေကာထားတယ်။ တစ်ယောက်တစ်လေ အပြင်ထွက်တာတွေ့ တယ်။မိုးချုပ် တော့ နောက်ကား နှစ်စီး လောက်ထပ် ရောက်လာတယ်။ အိုးသည်ကုန်းကို ညဘက်မှာ မီးရှို့ ဖို့ စတော့တာပဲ။ ရွာသားတွေက သတိရှိပြီး မောင်းထုတ် နိုင် လို့  တော်တော့တယ် ” ဟု အိုးသည်ကုန်းရွာသား တစ်ဦး က FNG ကို ပြောပါတယ်။ အုတ်ဖို့  မြို့  ဟာရန်ကုန် မြို့  နဲ့  အနီးဆုံး မြို့ တစ် မြို့  ဖြစ်ပါတယ်။
နေပြည်တော် နဲ့ အနီး ဆုံး မြို့  ဖြစ်တဲ့ တပ်ကုန်းဘက်ကရွာ တွေမှာလည်း ဆူပူဖို့  ၊ မီးရှို့ ဖို့  တွေ မနေ့  ညကဘဲလုပ်ခဲ့တာကြောင့် တပ်ရောရဲ ရော ပေါင်းပြီးကာကွယ်ခဲ့ရတယ်လို့ လည်း သတင်းရရှိပါ တယ်။ အုတ်ဖိုမြို့  မြောက်ဘက်က အေးမြသာယာ မြို့ ကိုလည်းမတည်မငြိမ် ဖြစ်ဖို့  ညရှစ် နာရီ လောက် မှာဆူပူလိုသူ တွေက ကြိုးစားခဲ့ သေးကြောင်းကိုလည်းသတင်းရရှိ ပေမယ့်သီးခြား အတည်ပြု လို့  တော့ မရသေးပါဘူး။ဒီဆူပူလိုသူ တွေဟာ မိတ္ထီလာမငြိမ်သက်မှုမှာ လက်စလက်နရှိခဲ့တဲ့ သူ တွေဖြစ် ပြီး ရှောင် တိမ်းလာရင်း နဲ့  ဆက်လက်မတည်ငြိမ်မှု တွေ လုပ်ဆောင်နေ တာဖြစ်နိုင်သလို ၊ နောက်က အင်အားကြီးမားတဲ့ ထောက်ပံ့ ပေးမှု တွေနဲ့  ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် နေတာ လဲ ဖြစ်ပါတယ်။
From..Freedom News Group

No comments:

Post a Comment