Sunday, March 31, 2013

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယိုလှိုင်း များ မှတဆင့် ပြည်သူ များသို့ မိန့်ခွန်းပြောကြားချက်

ပထမအချက်အနေနဲ့က ပြည်သူအများမျှော်လင့်စောင့်စားနေတဲ့ မိုဘိုင်းတယ်လီဖုန်းကိစ္စဖြစ်ပါတယ်။ မိုဘိုင်း တယ်လီဖုန်း ဆင်းကဒ်များကို ယခုဧပြလမှ စပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး သတင်းနှင့် နည်းပညာ ၀န်ကြီး ဌာနမှလိုအပ်တဲ့ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး အသက်သာဆုံး ကျပ်ငွေနှုန်းထားဖြင့် ကျွန်တော် ကတိပေးပြော ကြားထားတဲ့ အတိုင်း ရောင်းချပေးသွားမှာဖြစ်ပါတယ် မိုဘိုင်းတယ်လီဖုန်းဆင်း ကဒ်ရောင်းချရာမှာ တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံ တပ်ဆင်ထားပြီးဖြစ်တဲ့ လိုင်းအင်အား ၀င်ဆန့်တဲ့တယ်လီဖုန်းအရေ အတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး မျှမျှတတ ဖြစ်စေရန် ဖြန့်ခွဲ ရောင်း ချပေးသွားမှာ ဖြစ်ပါတယ်။ ၄င်းအပြင်အခြေခံတယ်လီဖုန်း အဆောက် အအုံ နဲ့ တယ်လီဖုန်း လိုင်းများ ကို ပြည်တွင်းပြည်ပကုမ္မဏီများနဲ့ လစဉ်တိုးချဲ့ သွားမယ့်အပြင် မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို လစဉ်မှန် မှန်ရောင်းချ ပေးသွားမှာ ဖြစ်တဲ့ အတွက် မြို့ပေါ်ရပ်ကွက် နဲ့ ကျေးလက်ဒေသ အထိ ဆက်သွယ်ရေး စနစ်များ တိုးတက်ကောင်းမွန်လာအောင်စီမံချက်ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ချိန် ထဲမှာပဲ လက်ရှိ သုံးစွဲနေ တဲ့ အော်တို တယ်လီဖုန်းများကို ပိုမိုကောင်း မွန်အောင်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြား လိုပါတယ်။
Yangon Media Group

No comments:

Post a Comment