Sunday, March 31, 2013

ဧပြီလမှစ ကျပ်ငွေ၂သောင်း ၀န်ထမ်းလစာတိုးမည်ဟု သမ္မတ ဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြား

"ဒုတိယ အချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေး ကိစ္စဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ ရငွေသုံးဆွဲရသည့် ဘတ်ဂျတ်ပေါ်မှာတွက်ချက်ပြီး အခါအားလျော်စွာ တိုးမြင့်ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေ ရငွေ သုံးငွေ စာရင်းမှာ ၀န်ထမ်းများအတွက် လစာနှင့် ပင်စင် တိုးမြှင့်ပေးနိုင်ဖို့ တွက် ချက်ပြီး ကျပ်ငွေ (၃၈၅) ဘီလီယံ ထည့်သွင်း ပြီး လွှတ်တော်ကို တင်ပြ တောင်းခံခဲ့ ပါတယ်။ ပြည်ထော်စု လွှတ်တော်ကလည်း ၀န်ထမ်းများရဲ့ အခက်အခဲ ကို စာနာပြီး ဒါကြောင့် ယခင်ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ သုံးသောင်းကို ယခင်အတိုင်းထောက်ပံ့ ကြေးငွေ အဖြစ်ဆက်လက်သတ်မှတ်ပြီး ယခု ကျပ်ငွေ နှစ်သောင်းကို လစာငွေအဖြစ်ဧပြီလ မှ စပြီး ထပ်မံ၍ တိုးပေးသွား မှာ ဖြစ်ပါတယ်။"
From...DVB TV News
 

No comments:

Post a Comment