Thursday, March 28, 2013

ပဲခူးတိုင်းအနောက်ခြမ်း အဓိကရုဏ်းသတင်း နောက်ဆက်တွဲ

ပုတီးကုန်းမှာ နေအိမ်တွေကို ဖျက်စီးမှု ဖြစ်ပွား

မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီပတ်ဝန်းကျင်ကစပြီး ပုတီးကုန်းမြို့မှာ အင်အား သုံးရာကျော်ရှိတဲ့ လူအုပ်ကြီးက ဝင်ရောက်ဖျက်စီးတဲ့အတွက် ယခုအချိန်ထိ အိမ်ရှစ်လုံး ၊ဆိုင်ခန်းလေး ခန်းနဲ့ပလီ တစ်လုံး တို့ ပျက်စီးခဲ့ပါတယ်။

အဲဒီလူအုပ်ကြီးကို ရဲနဲ့တပ် စုစုပေါင်းအင်အား ၁၀၀ ခန့်က ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊အဲဒီလူတွေကို ပုတီးကုန်းဆေးရုံကို တင်ပို့ထားရပါတယ်။

ပေါက်တူး၊ပေါက်ချွန်းနဲ့ရဲဒင်းတွေ အသင့်ယူလာတဲ့ ဒီလူအုပ်ကြီးဟာ ဆိုင်ကယ် အစီးနှစ်ဆယ်ခန့်နဲ့ အတူ ပုတီးကုန်းမြိုကို အရှေ့ဘက်ကနေ တစ်ရှိန်ထိုး ဝင်ရောက်လာတာ ဖြစ်တယ်လို့ မြို့ခံ ကိုချိုက RFA ကိုပြောပါတယ်။

"စစ်တပ်နဲ့ရဲက ပလီကို ဖျက်နေသူတွေကို သေနတ်နဲ့ပစ်နေတာတောင် ဒီလူအုပ်က ပလီကို ဖျက်နေသေးတယ်"လို့ ကိုချိုက ဆက်ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းကမြို့တစ်ချို့မှာ အကြမ်းဘက်ဖျက်စီးမှုကို ညဘက်တွေမှာ သာလုပ်ဆောင် ခဲ့ပေမယ့် ဒီကနေ့မှာတော့ ဇီးကုန်းမြို့နဲ့အုတ်ဖိုမြို့တွေမှာ နေ့ခင်းဘက်မှာတင် ဝင်ရောက်ဖျက်စီး တာတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

မတ်လ ၂၃ ရက်နေ့ညကစပြီး ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ အမည်မသိလူအုပ်တွေ ဝင်ရောက် မီးရှို့ဖျက်စီးတာတွေရှိတဲ့အတွက် ဇီးကုန်း၊နတ္တလင်း၊မင်းလှ၊စစ်ကွင်း၊ မိုးညို၊ကြို့ပင်ကောက်၊ သာယာဝတီမြို့တို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပြီး၊ပေါင်းတည်မြို့မှာတော့ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ရ ပါတယ်။

From....RFA

No comments:

Post a Comment