Wednesday, March 27, 2013

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ

မတ်လ ၂၇ ရက်နေ့ ည ၈ နာရီ

"ဒီကိစ္စက သာမန် ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူး၊ မိတ္ထီလာလို အစ္စလာမ် ဘာသာဝင်ကနေပြီးတော့ တစ်ခုခုမှားယွင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာလည်း ဒီဖြစ်စဉ်မှာ ဖော်ထုတ်လို့ မရဘူး။ ဒီမှာ ကတော့ ဘေးပယောဂကြောင့် ဒီလိုမျိုး ဖြစ်တယ်လို့ သုံးသပ်တယ်။ နောက်ကွယ်ကနေ ကြိုးကိုင် ပြီးတော့ ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်၊ ဒါကိုလည်းဖျက် ဆီး ဆောင် ရွက် ခဲ့တဲ့လူတွေကိုလည်း ဥပဒေအရထိရောက်စွာ အရေး ယူဖို့ ဆောင်ရွက်လျက်ရှိ ပါတယ်။ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့ အရေးယူသလိုပဲ တစ်ပိုင်းက ဥပဒေမဲ့ လုပ်ရပ်တွေကို တားဆီး ဆောင်ရွက်နေပါတယ်။ တစ်ပိုင်းကလည်း တည်ငြိမ်အေး ချမ်းမှု ရှိလာတာနဲ့အမျှ ဖျက်ဆီးရာမှာ ပါဝင်တဲ့ သူတွေကိုလည်း ဥပဒေအရထိရောက်စွာ အရေး ယူ နိုင်အောင် ဆောင် ရွက်နေ ပါတယ်။ ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရဲ့ ဦးစီး ကွပ်ကဲမှုနဲ့ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံး ပြန် ရအောင်ဆောင်ရွက်နေပါတယ်" ဟု ပဲခူးတိုင်းဒေသကြီး အတွင်း လက်တလော ဖြစ်ပေါ်နေ သည့် အခြေအနေများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြ၀င်း က Eleven Media Group သို့ ပြောကြားပါသည်။
From.....Eleven Media Group

No comments:

Post a Comment