Thursday, March 28, 2013

ညာဘက်အိပ်လျက် သေခြင်းနဲ့ပတ်သတ်၍

ညာဘက်အိပ်လျက် သေခြင်းနဲ့ပတ်သတ်၍

မေး။ ။ ကောင်းရာဘုံရောက်သူတိုင်းက ခေါင်းညာစောင်းပြီးသာ ကွယ်လွန်တတ်သည်ဟူသောအယူ မှန်ပါသလားဘုရား။

ဖြေ။ ။ အိပ်ပုံအိပ်နည်း(၄)မျိုး

၁။ လက်ဝဲဘယ်ဘက်စောင်းပြီးအိပ်သူသည် ကာမဂုဏ်ခံစားသော ပုဂ္ဂိုလ်တို့အိပ်ခြင်းနဲ့တူ၏။
၂။ လက်ယာညာဘက်စောင်းပြီးအိပ်သူသည် ခြင်္သေ့မင်းအိပ်ခြင်းနဲ့တူ၏။
၃။ ပက်လက်အိပ်သူသည် ပြိတ္တာအိပ်ခြင်းနဲ့တူ၏။
၎။ ဈာန်တရားဖြင့်အိပ်ခြင်းသည် ဘုရားရှင်တို့ အိပ်ခြင်းနဲ့တူ၏။ (အံ၊ ၁၊ ၅၆၆)

မြတ်ဗုဒ္ဓမိန့်ကြားခဲ့တာကတော့ အရိယာပုဂ္ဂိုလ်တွေသာ သေပြီးနောက် လားရာဂတိမြဲတယ်။ ပုထုဇဉ်တွေဟာ လားရာဂတိဘုံဌါနမမြဲဘူးလို့ ဟောကြားထားခဲ့တာကို ထောက်ဆကြည့်မယ်ဆိုရင် ပုထုဇဉ်တွေဟာ ဦးခေါင်းညာဘက်စောင်းပြီး သေရုံနဲ့ လားရာဂတိကောင်းတယ်လို့ သေချာမပြောနိုင်ဘူး ထင်ပါတယ်။

ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးရှိစဉ်ကတော့ ပုထုဇဉ်ပုဂ္ဂိုလ်တွေနဲ့ပတ်သတ်ပြီး ဘယ်သူတွေကတော့ ဘယ်လိုကောင်းမှုလုပ်လို့ ဘယ်ဘုံရောက်တယ်၊ မကောင်းမှုလုပ်တဲ့သူတွေကတော့ အပါယ်လေးဘုံမှာ ဘယ်ဘုံရောက်တယ်ဆိုပြီး ပြောပြခဲ့ဖူးပါတယ်။

ဒါကြောင့် သာမန်ပုထုဇဉ်တွေအနေနဲ့တော့ သေပြီးနောက် ဘယ်ဘုံရောက်မယ်ဆိုတာ တန်ခိုးကြီးလှတဲ့ မြတ်ဗုဒ္ဓ၊ ရဟန္တာများလောက်သာ ပြောပြပေးနိုင်မှာဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များကတော့ ခန့်မှန်းခြေသာ ပြောပြနိုင်ပါလိမ့်မယ်။ အခု ပြောနေကြတဲ့ ဦးခေါင်းညာစောင်းသေရင် ကောင်းရာဘုံရောက်တယ်ဆိုတဲ့ အယူဆဟာ မြတ်ဗုဒ္ဓက ဦးခေါင်းကို ညာဘက်စောင်း အနားယူခြင်း၊ ပရိနိဗ္ဗာန်စံခြင်းကို အတုယူပြီး ညာဘက်ဦးခေါင်းစောင်း သေတဲ့သူဟာ ကောင်းရာသုဂတိရောက်တယ်လို့ ခန့်မှန်းခြေပြောခြင်းသာ ဖြစ်တယ်လို့ ယူဆမိပါတယ်။ တကယ်တော့ သေခါနီးမှာ ပြုံရွှင်စွာဖြင့် မငြီးမညူဘဲ သေခြင်းတရားကို အေးဆေးရင်ဆိုင်ပြီး တရားနဲ့သေသူသာ ကောင်းရာသုဂတိကို ရောက်တယ်လို့ မှတ်ယူနိုင်ပါလိမ့်မယ်။

အရှင်ကောမလ ဆန်နီနေမင်း
မေး။ ။ ကောင်းရာဘုံရောက်သူတိုင်းက ခေါင်းညာစောင်းပြီးသာ ကွယ်လွန်တတ်သည်ဟူသောအယူ မှန်ပါသလားဘုရား။
ဖြေ။ ။ အိပ်ပုံအိပ်နည်း(၄)မျိုး
၁။ လက်ဝဲဘယ်ဘက်စောင်းပြီးအိပ်သူသည် ကာမဂုဏ်ခံစားသော ပုဂ္ဂိုလ်တို့အိပ်ခြင်းနဲ့တူ၏။
၂။လက်ယာညာဘက်စောင်းပြီးအိပ်သူသည် ခြင်္သေ့မင်းအိပ်ခြင်းနဲ့တူ၏။
၃။ ပက်လက်အိပ်သူသည် ပြိတ္တာအိပ်ခြင်းနဲ့တူ၏။
၎။ ဈာန်တရားဖြင့်အိပ်ခြင်းသည် ဘုရားရှင်တို့ အိပ်ခြင်းနဲ့တူ၏။


မြတ်ဗုဒ္ဓမိန့်ကြားခဲ့တာကတော့ အရိယာပုဂ္ဂိုလ်တွေသာ သေပြီးနောက် လားရာဂတိမြဲတယ်။ ပုထုဇဉ်တွေ ဟာ လားရာဂတိဘုံဌါနမမြဲဘူးလို့ ဟောကြားထားခဲ့တာကို ထောက်ဆကြည့်မယ်ဆိုရင် ပုထုဇဉ်တွေဟာ ဦးခေါင်းညာဘက်စောင်းပြီး သေရုံနဲ့ လားရာဂတိကောင်းတယ်လို့ သေချာမပြောနိုင်ဘူး ထင်ပါတယ်။

ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးရှိစဉ်ကတော့ ပုထုဇဉ်ပုဂ္ဂိုလ်တွေနဲ့ပတ်သတ်ပြီး ဘယ်သူတွေကတော့ ဘယ်လိုကောင်းမှုလုပ်လို့ ဘယ်ဘုံရောက်တယ်၊ မကောင်းမှုလုပ်တဲ့သူတွေကတော့ အပါယ်လေးဘုံမှာ ဘယ်ဘုံရောက်တယ်ဆိုပြီး ပြောပြခဲ့ဖူးပါတယ်။

ဒါကြောင့် သာမန်ပုထုဇဉ်တွေအနေနဲ့တော့ သေပြီးနောက် ဘယ်ဘုံရောက်မယ်ဆိုတာ တန်ခိုးကြီး လှ တဲ့ မြတ်ဗုဒ္ဓ၊ ရဟန္တာများလောက်သာ ပြောပြပေးနိုင်မှာဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များကတော့ ခန့်မှန်းခြေ သာ ပြောပြနိုင်ပါလိမ့်မယ်။ အခု ပြောနေကြတဲ့ ဦးခေါင်းညာစောင်းသေ ရင် ကောင်းရာဘုံရောက် တယ် ဆိုတဲ့ အယူဆဟာ မြတ်ဗုဒ္ဓက ဦးခေါင်းကို ညာဘက်စောင်း အနားယူခြင်း၊ ပရိနိဗ္ဗာန်စံခြင်းကို အတု ယူပြီး ညာဘက်ဦးခေါင်းစောင်း သေတဲ့သူဟာ ကောင်းရာသုဂတိရောက်တယ်လို့ ခန့် မှန်းခြေပြောခြင်း သာ ဖြစ်တယ်လို့ ယူဆမိပါတယ်။ တကယ်တော့ သေခါနီးမှာ ပြုံရွှင်စွာဖြင့် မငြီးမညူ ဘဲ သေခြင်း တရား ကို အေးဆေးရင်ဆိုင်ပြီး တရားနဲ့သေ သူသာ ကောင်းရာ သုဂတိကို ရောက်တယ်လို့ မှတ်ယူနိုင်ပါလိမ့် မယ်။

အရှင်ကောမလ ဆန်နီနေမင်း

1 comment:

  1. တော်တော်များများတွေ့ ဖူပါသည် သူတော်ကောင်းလို့ အတော်များများကသတ်မှတ်ထားသောပုဂ္ဂိုလ်တို့ သေသောအခါ ညာဘက်ကိုစောင်းတာတွေ့ ၇ပါသည်

    ReplyDelete