Friday, March 8, 2013

မောင်တောမှာ သူကြီးရွေးဖို့ ရွေးကောက်ပွဲ သုံးခါလုပ်မယ်

မောင်တောမှာ သူကြီးရွေးဖို့ ရွေးကောက်ပွဲ သုံးခါလုပ်မယ် Thursday, March 7, 2013   ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာတခုရဲ့ အကြီးအကဲရာထူးအတွက် ရွေးကောက်ပွဲကို သုံးကြိမ် သုံးခါမြောက် ပြလုပ်ဖို့ မကြာသေးခင်က ညွှန်ကြားချက်ပေးလိုက်ပါတယ် တဲ့။  လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူးရာထူးအတွက် ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၂ ခုမှာ ဆက်တိုက် ရှုံးနှိမ့်သူ ဦးမောင်သိန်းညွန့်ရဲ့ ကန့်ကွက်ချက်တွေ ရှိတဲ့အတွက် တတိယမြောက်ရွေးကောက်ပွဲ ဆိုတဲ့ ညွှန်ကြားချက် ထွက်လာတယ်လို့  ရွေးကောက်ပွဲ ကော်မတီဝင်တဦးက ပြောပါတယ်။  “ပထမတခါ မဲခွဲတုန်းကလည်း မောင်သိန်းညွန့်က ၅ မဲ၊ မောင်အေးကျော်က ၇ မဲနဲ့ မောင်အေးကျော်ကနိုင်တယ်။ နောက်တကြိမ်လုပ်တော့လည်း ၅ မဲ ၇ မဲနဲ့ မောင်အေးကျော်ပဲ နိုင်တယ်” လို့  ကော်မတီဝင်က တိတိကျကျ ရှင်းပြလင်းပြပါတယ်။  “ကျနော်တို့က တတိယတကြိမ် လုံးဝ မလုပ်နိုင်တော့ဘူး။ အုပ်ချုပ်ရေးမှူး အနေနဲ့ ကြိုက်တဲ့ လူကိုသာ ခန့်ပါတော့လို့ ပြောခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။  ရွေးချယ်ပွဲကို ပြီးခဲ့တဲ့  ဒီဇင်ဘာ ၁၈၊ ဖေဖော်ဝါရီ ၂၇ တို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။  လောင်းဒုံကျေးရွာ အုပ်စုအတွင်း လောင်ဒုံ၊ စေတီပြင်၊ ပိုကီပူ ဆိုတဲ့ ရွာတွေ ရှိတယ်၊ မောင်သိန်းညွန့်က တတိယအကြိမ် ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆင်းနေတယ်လို့   ပိုကီပူကျေးရွာ ဆယ်အိမ်မှူးတဦးက ပြောပါတယ်။  
တတိယမြောက် ပြုလုပ်မယ် ဆိုတဲ့ လောင်းဒုံ ရွာသူကြီးရွေးပွဲအတွက်  ကြိုတင်မဲတွေ ကောက်ယူဖို့ အစီအစဉ် ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါကြောင်း ကျွန်ုပ်တို့၏ သတင်းထောက် ငြိမ်းချမ်းက သတင်းပို့လာပါတယ်။ 
တတိယမြောက် ပြုလုပ်မယ် ဆိုတဲ့ လောင်းဒုံ ရွာသူကြီးရွေးပွဲအတွက်  ကြိုတင်မဲတွေ ကောက်ယူဖို့ အစီအစဉ် ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါကြောင်း ကျွန်ုပ်တို့၏ သတင်းထောက် ငြိမ်းချမ်းက သတင်းပို့လာပါတယ်။ - See more at: http://blog.irrawaddy.org/2013/03/blog-post_4776.html#sthash.Yhj1LTkF.dpuf
 
 
 
 ကောက်ယူဖို့ အစီအစဉ် ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါကြောင်း ကျွန်ုပ်တို့၏ သတင်းထောက် ငြိမ်းချမ်းက သတင်းပို့လာပါတယ်။ - See more at: http://blog.irrawaddy.org/2013/03/blog-post_4776.html#sthash.Yhj1LTkF.dpuf
ကောက်ယူဖို့ အစီအစဉ် ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါကြောင်း ကျွန်ုပ်တို့၏ သတင်းထောက် ငြိမ်းချမ်းက သတင်းပို့လာပါတယ်။ - See more at: http://blog.irrawaddy.org/2013/03/blog-post_4776.html#sthash.Yhj1LTkF.dpuf

မောင်တောမှာ သူကြီးရွေးဖို့ ရွေးကောက်ပွဲ သုံးခါလုပ်မယ်

Thursday, March 7, 2013

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာတခုရဲ့ အကြီးအကဲရာထူးအတွက် ရွေးကောက်ပွဲကို သုံးကြိမ် သုံးခါမြောက် ပြလုပ်ဖို့ မကြာသေးခင်က ညွှန်ကြားချက်ပေးလိုက်ပါတယ် တဲ့။

လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူးရာထူးအတွက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၂ ခုမှာ ဆက်တိုက် ရှုံးနှိမ့်သူ ဦးမောင်သိန်းညွန့်ရဲ့ ကန့်ကွက်ချက်တွေ ရှိတဲ့အတွက် တတိယမြောက်ရွေးကောက်ပွဲ ဆိုတဲ့ ညွှန်ကြားချက် ထွက်လာတယ်လို့  ရွေးကောက်ပွဲ ကော်မတီဝင်တဦးက ပြောပါတယ်။

“ပထမတခါ မဲခွဲတုန်းကလည်း မောင်သိန်းညွန့်က ၅ မဲ၊ မောင်အေးကျော်က ၇ မဲနဲ့ မောင်အေးကျော်ကနိုင်တယ်။ နောက်တကြိမ်လုပ်တော့လည်း ၅ မဲ ၇ မဲနဲ့ မောင်အေးကျော်ပဲ နိုင်တယ်” လို့  ကော်မတီဝင်က တိတိကျကျ ရှင်းပြလင်းပြပါတယ်။

“ကျနော်တို့က တတိယတကြိမ် လုံးဝ မလုပ်နိုင်တော့ဘူး။ အုပ်ချုပ်ရေးမှူး အနေနဲ့ ကြိုက်တဲ့ လူကိုသာ ခန့်ပါတော့လို့ ပြောခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

ရွေးချယ်ပွဲကို ပြီးခဲ့တဲ့  ဒီဇင်ဘာ ၁၈၊ ဖေဖော်ဝါရီ ၂၇ တို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လောင်းဒုံကျေးရွာ အုပ်စုအတွင်း လောင်ဒုံ၊ စေတီပြင်၊ ပိုကီပူ ဆိုတဲ့ ရွာတွေ ရှိတယ်၊ မောင်သိန်းညွန့်က တတိယအကြိမ် ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆင်းနေတယ်လို့   ပိုကီပူကျေးရွာ ဆယ်အိမ်မှူးတဦးက ပြောပါတယ်။

တတိယမြောက် ပြုလုပ်မယ် ဆိုတဲ့ လောင်းဒုံ ရွာသူကြီးရွေးပွဲအတွက်  ကြိုတင်မဲတွေ ကောက်ယူဖို့ အစီအစဉ် ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါကြောင်း ကျွန်ုပ်တို့၏ သတင်းထောက် ငြိမ်းချမ်းက သတင်းပို့လာပါတယ်။
- See more at: http://blog.irrawaddy.org/2013/03/blog-post_4776.html#sthash.Yhj1LTkF.dpuf

No comments:

Post a Comment