Friday, March 22, 2013

၈၈ မျိုးဆက်မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ စည်းကမ်းမဲ့ ပုတ်ခတ်ပြောဆိုမှုများအား တပ်မတော်အရာရှိကြီးများ ဒေါသထွက်

Photo: ၈၈ မျိုးဆက်မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ စည်းကမ်းမဲ့ ပုတ်ခတ်ပြောဆိုမှုများအား တပ်မတော်အရာရှိကြီးများ
ဒေါသထွက်
Friday, March 22, 2013

မိထ္ထီလာ အဓိကရုဏ်းနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ လက်လွတ်စပယ် စွပ်စွဲ ပုတ်ခတ် ပြောဆိုမှုတွေကြောင့် တပ်မတော်မှ အရာရှိကြီးများ
ပြင်းထန် စွာ ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။

မင်းကိုနိုင်မှ မိထ္တီလာအရေးအခင်းပြီးဆုံးသွားရင်တောင် နောက် ထပ် ပြည်ထောင်စုရဲ့ တနေရာမှာ ပုံစံတမျိုးနဲ့ သွေးထိုးလှုံ့ဆော်မှု၊
ပြီးတော့ အဓိကရုန်းတွေ ဖန်တီးမယ့်ခြေရာ လက်ရာတွေ အစောကြီးကတည်းက တွေ့ထား ကြောင်း၊ ယခု ဖြစ်စဉ်များတွင် အကြမ်းဖက်သူများကို ရဲများက လက်ပိုက်ကြည့်နေကြကြောင်း၊ 
စစ်တပ်က ကယ်တင်ရှင် ၀င်လုပ်နေချင်ေ ကြာင်း၊ ကျွန်တော်တို့ 
ကယ်ခွင့် မပေးသင့်ကြောင်း များ ပြောဆိုခဲ့သည်။ တစ်ချိန်တည်းတွင် အန်အယ်ဒီအမတ် ဦးဝင်းထိန်မှ တပ်မ-၉၉ အပါအ၀င် တပ်တွေ အများကြီးရှိနေရဲ့သားနဲ့ ၀င်မထိန်းဘူး ဆိုတဲ့ သဘောမျိုးတွေနဲ့ လည်း ပြောဆိုခဲ့ပါသည်။

၎င်းတို့၏ ပြောဆိုချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ ကြီး တစ်ဦးမှ အခု ဖြစ်တဲ့ ပြဿနာ ဟာ စစ်တပ်နှင့် ဘာမှ မဆိုင်ပါဘူး။ ညတွင်းချင်း ကြေငြာချက် ထုတ်တာတွေကို နားထောင်ကြည့်လိုက်တော့ စစ်တပ်ကို တော်တော် ဝေဖန်ထားတာ ကြားလိုက်တယ်။ တော်တော် တရားလက်လွတ် ပြောလိုက်တာပဲ။ လက်ရှိ အချိန်ဟာ အစိုးရနဲ့ တပ်မတော် လက်တွဲပြီး လုပ်ဆောင်နေကြတဲ့ အချိန်ပါ။ သမ္မတကြီး သွားလေရာ မှာ တပ်မတော်က အကြီးဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေ အတူပါပြီး လက်တွဲ
ဆောင်ရွက် နေကြတဲ့ အချိန်ပါ။ အတိုက်အခံလို့ ပြောတဲ့
ဒေါ်အောင်ဆန်း စုကြည် တောင်မှ တပ်မတော်နဲ့ အတူ ပူးပေါင်း
ဆောင်ရွက်ပြီး နောက်ကြောင်း ပြန်လှည့်တဲ့စကား၊ စစ်အာဏာရှင် စကားတွေ မပြောဘူး။ အခုတော့ တပ်မတော် ကပဲ ဖန်တီးသ လို မျိုး ဖြစ်အောင် ပြောတဲ့စကားကတော့ လွန်ပါ တယ်ဟု ပြောခဲ့ပါတယ်။

ပုံနှိပ်တိုက် လုပ်ငန်းရှင် တစ်ဦးမှလည်း ကျွန်တော်တို့လည်း မင်းကိုနိုင်ပြောတဲ့ စကားအပေါ် လက်မခံနိုင် ပါဘူး။ သူသာ တိုင်းပြည်အတွက် စေတနာရှိတယ် ဆို ရင် ဒီအချိန်မှာ ဒီလို စကားတွေ မပြောသင့်ဘူး။ ၈၈ တုန်း က မျက်နှာဖုံး စီးပြီး ဆူပူခဲ့တာ သူတို့ပဲ။ 
ရဲစခန်းက လက်နက်တွေကို ၀င်စီးခဲ့တာလဲ သူတို့ပဲ။ အခု တိုင်းပြည်ကို ဖျက်နေကြတာလဲ သူတို့ပဲ ဟု ပြောဆိုခဲ့ပါသည်။

လွှတ်တော် အမတ်၏ ပြောဆိုချက်နှင့် ပတ်သက်၍ အထက်ပါ အရာရှိကြီးမှ မိထ္ထီလာတွင် ခြေလျင် တပ်အင် အား မရှိကြောင်း၊ တပ်မ ၉၉ သည် စစ်ဆင်ရေးထွက်နေသော တပ်ဖြစ်၍ နောက်ချန်အင်အား သာ ရှိကြောင်း၊ တပ် တော် အနေဖြင့် အစိုးရသစ် လက်ထက်တွင် ပြည်တွင်း ဆူပူမှုများကို နှိမ်နှင်းရန်ထက် နယ်စပ်ဒေသ များတွင် ငြိမ်းချမ်းရေး ရရှိ စေရန် ဦးစားပေး ဆောင်ရွက်လျှက် ရှိကြောင်း၊ ပြည်တွင်း ဆူပူမှုများကို ရဲတပ်ဖွဲ့များကသာ နှိမ်နှင်းရကြောင်း တို့ကို ပြောပြခဲ့သည်။

၎င်းမှ ဆက်လက်၍ ပြည်တွင်းမှာ သမ္မတကြီးနဲ့ အစိုးရအဖွဲ့တွေက တိုးတက်အောင် လုပ်ဆောင်နေတယ်။ နယ်စပ်မှာ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က လုပ်နေ တယ်။ မင်းကိုနိုင်တို့ ဘာလုပ်တယ် ဆိုတာ အားလုံးသိကြပါတယ်။ ယခုလို စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နေ ချိန်မှာ ဒီလို စကားမျိုး လုံးဝ မပြောသင့်ဘူး ဟု ပြောခဲ့ပါသည်။

၂၀၁၃ ခုနှစ် အစောပိုင်းမှ စ၍ တပ်မတော်သား အများစုသည် ဒီမိုကရေစီ ဆန်သော တပ်မတော် ဖြစ်လာရေး၊ အခြား ပြည်ပနိုင်ငံမှ စစ်သားများကဲ့သို့ အခွင့်အရေးများ ရရှိရေး တို့အတွက် လက်ရှိ အစိုးရနှင့် လွှတ်တော် အမတ်များ အပေါ်တွင် ယုံကြည် အားထားမှုများ ရှိနေကြောင်း သိရသည်။ မွန်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပြင် အခြား လွှတ်တော် အမတ် အချို့ က တပ်မတော်သားများ အကျိုးအတွက် အဆိုများ တင်သွင်းခဲ့ဖူးကာ ၄ နှစ်မှ တစ်ခါ ရသည့် ၀တ်စုံစရိတ်ကဲ့သို့ ခေတ်နှင့် မလျော်ညီသော စရိတ်များ တိုးမြှင့် ရရှိစေရေး အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

တပ်မတော် အနေဖြင့် လက်ရှိ အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ
တိုင်းပြည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အား အမှားအယွင်း မခံဘဲ လုပ်ဆောင်နေချိန်တွင် ၈၈ မျိုးဆက် မင်းကိုနိုင်နှင့် လွှတ်တော်အမတ် တို့၏ ပြောဆိုချက် သည် တရားလက်လွတ် ဖြစ်နေသဖြင့် ဒေါသ
ထွက်ကြခြင်းပင် ဖြစ်သည်။

ဓာတ်ပုံ။ ပြည်တွင်း ဆူပူစေယုံသာမက တိုင်းရင်းသား လက်နက်ကိုင်များအား သွေးထိုးနေသော ၈၈ များ

အသံဖိုင်==> http://realaudio.rferl.org/voa/BURM/manual/2013/03/21/2a3f1395-30f5-4069-aa76-c3e50f13dc90.mp3

Opposite Eye မိထ္ထီလာ အဓိကရုဏ်းနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် အန်အယ်လ်ဒီအမတ် ဦးဝင်းထိန်တို့၏ လက်လွတ် စပယ် စွပ်စွဲ ပုတ်ခတ် ပြောဆိုမှုတွေကြောင့် တပ်မတော်မှ အရာရှိ ကြီးများပြင်းထန် စွာ ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။

မင်းကိုနိုင်မှ မိထ္တီလာအရေးအခင်းပြီးဆုံးသွားရင်တောင် နောက် ထပ် ပြည်ထောင်စုရဲ့ တနေရာမှာပုံစံတမျိုးနဲ့ သွေးထိုးလှုံ့ဆော်မှု၊ ပြီးတော့ အဓိကရုန်းတွေ ဖန်တီးမယ့်ခြေရာ လက်ရာတွေ အစောကြီးကတည်းက တွေ့ထားကြောင်း၊ ယခု ဖြစ်စဉ်များတွင် အကြမ်းဖက်သူများကို ရဲများက လက်ပိုက်ကြည့်နေကြကြောင်း၊စစ်တပ်က ကယ်တင်ရှင် ၀င်လုပ်နေချင်ေ ကြာင်း၊ ကျွန်တော်တို့ ကယ်ခွင့်မပေးသင့်ကြောင်းများ ပြောဆိုခဲ့သည်။ တစ်ချိန်တည်းတွင် အန်အယ်ဒီအမတ် ဦးဝင်းထိန်မှ တပ်မ-၉၉ အပါအ၀င်တပ်တွေအများကြီးရှိနေ ရဲ့သားနဲ့ ၀င်မထိန်းဘူး ဆိုတဲ့ သဘောမျိုးတွေနဲ့ လည်း ပြောဆိုခဲ့ပါသည်။

၎င်းတို့၏ ပြောဆိုချက်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦးမှ အခု ဖြစ် တဲ့ ပြဿနာဟာ စစ်တပ်နှင့်ဘာမှ မဆိုင်ပါဘူး။ ညတွင်းချင်း ကြေငြာချက် ထုတ်တာတွေကို နားထောင် ကြည့်လိုက်တော့စစ်တပ်ကိုတော်တော် ဝေဖန်ထားတာကြားလိုက်တယ်။ တော်တော် တရား လက်လွတ် ပြောလိုက်တာပဲ။ လက်ရှိ အချိန်ဟာ အစိုးရနဲ့ တပ်မတော် လက်တွဲပြီး လုပ်ဆောင်နေကြတဲ့ အချိန်ပါ။ သမ္မတကြီး သွားလေရာ မှာ တပ်မတော်က အကြီးဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေ အတူပါပြီး လက် တွဲဆောင်ရွက် နေကြတဲ့အချိန်ပါ။ အတိုက်အခံလို့ ပြောတဲ့ဒေါ်အောင်ဆန်း စုကြည် တောင်မှ တပ်မတော် နဲ့ အတူ ပူးပေါင်းဆောင်ရွက်ပြီး နောက်ကြောင်း ပြန်လှည့်တဲ့စကား၊ စစ်အာဏာရှင် စကားတွေ မပြောဘူး။ အခုတော့ တပ်မတော် ကပဲ ဖန်တီးသ လို မျိုး ဖြစ်အောင် ပြောတဲ့စကားကတော့ လွန်ပါ တယ်ဟု ပြောခဲ့ ပါတယ်။

ပုံနှိပ်တိုက် လုပ်ငန်းရှင် တစ်ဦးမှလည်း ကျွန်တော်တို့လည်း မင်းကိုနိုင်ပြောတဲ့ စကားအပေါ် လက်မခံနိုင် ပါဘူး။ သူသာ တိုင်းပြည်အတွက် စေတနာရှိတယ် ဆို ရင် ဒီအချိန်မှာ ဒီလို စကားတွေ မပြောသင့်ဘူး။ ၈၈ တုန်း က မျက်နှာဖုံး စီးပြီး ဆူပူခဲ့တာ သူတို့ပဲ။
ရဲစခန်းက လက်နက်တွေကို ၀င်စီးခဲ့တာလဲ သူတို့ပဲ။ အခု တိုင်းပြည်ကို ဖျက်နေကြတာလဲ သူတို့ပဲ ဟု ပြောဆိုခဲ့ပါသည်။

လွှတ်တော်အမတ်၏ ပြောဆိုချက်နှင့်ပတ်သက်၍ အထက်ပါ အရာရှိကြီးမှ မိထ္ထီလာတွင် ခြေလျင်တပ်အင် အားမရှိကြောင်း၊ တပ်မ ၉၉ သည် စစ်ဆင်ရေးထွက်နေသောတပ်ဖြစ်၍ နောက်ချန်အင်အားသာ ရှိကြောင်း၊ တပ် တော်အနေဖြင့် အစိုးရသစ်လက်ထက်တွင် ပြည်တွင်းဆူပူမှုများကို နှိမ်နှင်းရန်ထက် နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးရရှိ စေရန် ဦးစားပေး ဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်တွင်း ဆူပူမှု များကို ရဲတပ်ဖွဲ့များကသာ နှိမ်နှင်းရကြောင်း တို့ကို ပြောပြခဲ့သည်။

၎င်းမှ ဆက်လက်၍ ပြည်တွင်းမှာ သမ္မတကြီးနဲ့ အစိုးရအဖွဲ့တွေက တိုးတက်အောင် လုပ်ဆောင်နေတယ်။ နယ်စပ်မှာတိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က လုပ်နေ တယ်။ မင်းကိုနိုင်တို့ ဘာလုပ်တယ်ဆိုတာ အားလုံးသိကြပါတယ်။ ယခုလိုစည်းစည်းလုံးလုံး နဲ့ ဆောင်ရွက်နေချိန်မှာ ဒီလိုစကားမျိုး လုံးဝ မပြောသင့်ဘူး ဟု ပြောခဲ့ပါသည်။

၂၀၁၃ ခုနှစ် အစောပိုင်းမှ စ၍ တပ်မတော်သား အများစုသည် ဒီမိုကရေစီ ဆန်သော တပ်မတော် ဖြစ်လာရေး၊ အခြား ပြည်ပနိုင်ငံမှ စစ်သားများကဲ့သို့ အခွင့်အရေးများ ရရှိရေး တို့အတွက် လက်ရှိအစိုးရနှင့် လွှတ်တော်အမတ်များအပေါ်တွင် ယုံကြည်အားထားမှုများ ရှိနေကြောင်းသိရသည်။ မွန်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပြင် အခြားလွှတ်တော်အမတ်အချို့ က တပ်မတော်သားများအကျိုးအတွက် အဆိုများတင်သွင်းခဲ့ဖူးကာ ၄ နှစ်မှ တစ်ခါ ရသည့် ၀တ်စုံစရိတ် ကဲ့သို့ ခေတ်နှင့် မလျော်ညီသော စရိတ်များ တိုးမြှင့် ရရှိစေရေး အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

တပ်မတော် အနေဖြင့် လက်ရှိ အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်းကာတိုင်းပြည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အား အမှားအယွင်း မခံဘဲ လုပ်ဆောင်နေချိန်တွင် ၈၈ မျိုးဆက် မင်းကိုနိုင်နှင့် လွှတ်တော်အမတ် တို့၏ ပြောဆိုချက် သည် တရားလက်လွတ် ဖြစ်နေသဖြင့် ဒေါသထွက်ကြခြင်းပင် ဖြစ်သည်။

ဓာတ်ပုံ။ ပြည်တွင်း ဆူပူစေယုံသာမက တိုင်းရင်းသား လက်နက်ကိုင်များအား သွေးထိုးနေသော ၈၈ များ

Opposite Eye

1 comment:

  1. မွတ်ဆလင်သူပုန်တွေဖြစ်နေကြတဲံ့ အဲံ့ဒိလူတွေကို အရေးယူသင်ံ့ပါပြိ ကြာလာ
    ကျွန်တော်တိုံ့တိုင်းရင်ူသားဘ၀တွေပိုနှစ်နာလာမယ် ၈၈ လို မောင်ဝင်းထိန်တိုံ
    မင်းကိုနိုင်တိုံ့ လုပ်ချင်နေပုံပေါ်နေပြိ။
    ၈၈-s\0ka

    ReplyDelete