Thursday, March 21, 2013

အငြင်းပွားကျွန်းနှင့်စပ်လျဉ်း၍ အဆိုးဆုံးဖြစ်လျှင် တုံ့ပြန်မည့် အစီအစဉ် အမေရိကန်နှင့် ဂျပန် ထုတ်ပြန်

Photo: အငြင်းပွားကျွန်းနှင့်စပ်လျဉ်း၍ အဆိုးဆုံးဖြစ်လျှင် တုံ့ပြန်မည့် အစီအစဉ်
အမေရိကန်နှင့် ဂျပန် ထုတ်ပြန်
Thursday, 21 March 2013

အမေရိကန်နှင့် ဂျပန်မှ အရာရှိများသည် အရှေ့တရုတ်
ပင်လယ်အတွင်း အငြင်းပွားကျွန်းများကို အကယ်၍
တရုတ် အစိုးရဘက်မှ သိမ်းယူရန် ပြင်ဆင်ပါက လုပ်ဆောင် ရမည့် ဖြစ်နိုင်ခြေများအတွက် ကြိုတင် ပြင်ဆင်မှုများကို
ဆွေးနွေးကြကြောင်း အမေရိကန်အရာရှိများက ဗုဒ္ဓဟူးနေ့ တွင် ပြောကြားခဲ့သည်။

ဂျပန်သတင်းစာနစ်ကေးတွင် ၎င်းတွေ့ဆုံမှုအကြောင်း
ဖော်ပြပြီး မကြာမီတွင် တရုတ်ဘက်မှ ပြင်းထန်သော
တုံ့ပြန်မှုကို လျင်ဆောစွာ ထုတ် ပြန်လိုက်သည်။

“ကျွန်တော်တို့မှာ ဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းထားပြီး
လုပ်ဆောင်မယ့် အစီအမံတွေ ရှိပါတယ်၊ ကျွန်တော်တို့တွေ ဒီအကြောင်းကိစ္စနဲ့ ပတ် သက်ပြီး ဆွေးနွေးခဲ့ကြတာပါ” ဟု အမေရိကန်အရာရှိတစ်ဦးက ဆိုသည်။ မည်သည့်အခြေ
အနေဟု အတိအကျမဆိုဘဲ တင်းမာမှု ပိုမိုဖြစ်လာသော
အခြေအနေများပေါ် မူတည်၍ နှစ်နိုင်ငံပူးပေါင်း၍ အရေးပေါ်
အခြေအနေ လုပ်ဆောင်သင့်လျှင် ဆောင်ရွက်သွားရမည်မှာ သဘာဝကျ ကြောင်း ဆိုသည်။

အမည်မဖော်လိုသူ ပင်တဂွန်အရာရှိတစ်ဦးကလည်း ၎င်း
ဆွေးနွေးမှုများကို အတည်ပြုပြောကြားပြီး စုစည်းလုပ်
ဆောင်မှုတစ်ခု ပြင်ဆင်နေ ကြောင်း ဆိုသည်။

မစ္စတာဆင်မြူရယ် (အမေရိကန်ပစိဖိတ်ကွန်မန့်မှ အကြီး
အကဲ)သည် ဂျပန်ကာကွယ်ရေးတပ်မတော် ပူးတွဲအမှုထမ်း
အဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှီဂက်ရူအီဝါဆာကီနှင့် ကြာသပတေးန့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

ပင်တဂွန်သည် ကြိုတင်ခန့်မှန်းထားပြီးကိစ္စကို လုပ်ဆောင် မည့်အရေးကို ဆွေးနွေးနေမှု လုပ်ဆောင်နေမနေနှင့် ပတ်
သက်၍ တရားဝင် တိကျသော သတင်းမထုတ်ပြန်ကြောင်း
သိရသည်။

“ကျင့်ထုံးနည်းနာအရတော့ ကျွန်တော်တို့တွေ စစ်ဖက် ဆိုင်ရာ ပြင်ဆင်မှုတွေကို မဆွေးနွေးပါဘူး”ဟု လက်ဖတင်
နင်ကာနယ် ကက်သရင်း ဝီကင်ဆန်က ပြောကြားသည်။

“ဆန်ကကူကျွန်းနဲ့ ပတ်သက်လို့ အမေရိကန်သဘောထား ကတော့ ရေရှည်ပါပဲ၊ နှစ်နိုင်ငံလုံးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့
ဖြေရှင်းတွန်းအားပေး ထားပါတယ်”ဟု ၎င်းက အဆိုပါ ကျွန်း
အား ဂျပန်တို့ခေါ်ဆိုသော အမည်သုံး၍ ပြောကြားခဲ့သည်။

အမေရိကန်တို့သည် တရုတ်နိုင်ငံ ကအကယ်၍ ကျွန်းစုကို
ပိုင်ဆိုင်ရန် တိုက်ခိုက်လာပါက ဂျပန်ဘက်မှအကူအညီပေး
ရန် ရှင်းလင်းစွာ ပြောကြားပြီး ဖြစ်သည်။

“တရုတ်တပ်များဟာ နိုင်ငံရဲ့ပိုင်နက်မြေကို လုံခြုံအောင်
ကာကွယ်ပေးဖို့ တာဝန်ကို ပထမဦးစားပေးအနေနဲ့ ထား
တယ်”ဟု တရုတ်ဝန်ကြီးက ဆိုသည်။

“ကျွန်တော်တို့ဟာ လက်ရှိအခြေအနေကို ပိုရှုပ်ထွေးသွား
စေမယ့်ကိစ္စမျိုး ပိုချဲ့မယ့်မျိုးကို လုံးဝဆန့်ကျင်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။

Ref:cna
The Myanma Age အမေရိကန်နှင့် ဂျပန်မှ အရာရှိများသည် အရှေ့တရုတ် ပင်လယ်အတွင်း အငြင်းပွားကျွန်းများကို အကယ်၍ တရုတ် အစိုးရဘက်မှ သိမ်းယူ ရန် ပြင်ဆင်ပါက လုပ်ဆောင် ရမည့် ဖြစ်နိုင်ခြေများအတွက် ကြိုတင် ပြင် ဆင်မှုများကိုဆွေးနွေးကြကြောင်း အမေရိကန်အရာရှိများက ဗုဒ္ဓဟူးနေ့ တွင် ပြောကြားခဲ့သည်။
ဂျပန်သတင်းစာနစ်ကေးတွင် ၎င်းတွေ့ဆုံမှုအကြောင်းဖော်ပြပြီး မကြာမီ တွင် တရုတ်ဘက်မှ ပြင်းထန်သောတုံ့ပြန်မှုကို လျင်ဆောစွာ ထုတ် ပြန် လိုက်သည်။

“ကျွန်တော်တို့မှာ ဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းထားပြီးလုပ်ဆောင်မယ့် အစီအမံတွေ ရှိပါတယ်၊ ကျွန်တော် တို့တွေ ဒီအကြောင်းကိစ္စနဲ့ ပတ် သက်ပြီး ဆွေးနွေးခဲ့ကြတာပါ” ဟု အမေရိကန်အရာရှိတစ်ဦးက ဆိုသည်။ မည်သည့်အခြေအနေဟု အတိအကျမဆိုဘဲ တင်းမာမှု ပိုမိုဖြစ်လာသောအခြေအနေများပေါ် မူတည်၍ နှစ်နိုင်ငံပူးပေါင်း၍ အရေးပေါ်အခြေအနေ လုပ်ဆောင်သင့်လျှင် ဆောင်ရွက်သွားရမည်မှာ သဘာဝ ကျ ကြောင်းဆိုသည်။

အမည်မဖော်လိုသူ ပင်တဂွန်အရာရှိတစ်ဦးကလည်း ၎င်းဆွေးနွေးမှုများကို အတည်ပြုပြောကြားပြီး စုစည်း လုပ်ဆောင်မှု တစ်ခု ပြင်ဆင်နေ ကြောင်း ဆိုသည်။

မစ္စတာဆင်မြူရယ် (အမေရိကန်ပစိဖိတ်ကွန်မန့်မှ အကြီးအကဲ)သည် ဂျပန်ကာကွယ်ရေးတပ်မတော် ပူးတွဲအမှုထမ်း အဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှီဂက်ရူအီဝါဆာကီနှင့် ကြာသပတေးန့တွင် တွေ့ဆုံရန် စီစဉ် ထားသည်။

ပင်တဂွန်သည် ကြိုတင်ခန့်မှန်းထားပြီးကိစ္စကို လုပ်ဆောင် မည့်အရေးကို ဆွေးနွေးနေမှု လုပ်ဆောင်နေ မနေနှင့် ပတ်သက်၍ တရားဝင် တိကျသော သတင်းမထုတ်ပြန်ကြောင်းသိရသည်။

“ကျင့်ထုံးနည်းနာအရတော့ ကျွန်တော်တို့တွေ စစ်ဖက် ဆိုင်ရာ ပြင်ဆင်မှုတွေကို မဆွေးနွေးပါဘူး”ဟု လက်ဖတင်နင်ကာနယ် ကက်သရင်း ဝီကင်ဆန်က ပြောကြားသည်။

“ဆန်ကကူကျွန်းနဲ့ ပတ်သက်လို့ အမေရိကန်သဘောထား ကတော့ ရေရှည်ပါပဲ၊ နှစ်နိုင်ငံလုံးကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းတွန်းအားပေး ထားပါတယ်”ဟု ၎င်းက အဆိုပါ ကျွန်းအား ဂျပန်တို့ခေါ်ဆိုသော အမည်သုံး၍ ပြောကြားခဲ့သည်။

အမေရိကန်တို့သည် တရုတ်နိုင်ငံ ကအကယ်၍ ကျွန်းစုကိုပိုင်ဆိုင်ရန် တိုက်ခိုက်လာပါက ဂျပန်ဘက်မှ အကူ အညီပေးရန် ရှင်းလင်းစွာ ပြောကြားပြီး ဖြစ်သည်။

“တရုတ်တပ်များဟာ နိုင်ငံရဲ့ပိုင်နက်မြေကို လုံခြုံအောင်ကာကွယ်ပေးဖို့ တာဝန်ကို ပထမဦးစားပေးအနေနဲ့ ထားတယ်”ဟု တရုတ်ဝန်ကြီးက ဆိုသည်။

“ကျွန်တော်တို့ဟာ လက်ရှိအခြေအနေကို ပိုရှုပ်ထွေးသွားစေမယ့်ကိစ္စမျိုး ပိုချဲ့မယ့်မျိုးကို လုံးဝဆန့်ကျင်ပါ တယ်” ဟု ဆက်လက် ပြောကြားသည်။

Ref:cna
The Myanma Age

No comments:

Post a Comment