မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် မွတ်စလင် (၁၀) ဦး
သေဆုံးခဲ့သည်ဆိုသော ဘီဘီစီ (မြန်မာပိုင်း) facebook စာမျက်နှာတွင် ဖော်ပြထားသော
သတင်းမှာ ဟုတ်မှန်ခြင်း မရှိကြောင်း Eleven Media Group အနေဖြင့်
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။
ဘီဘီစီ (မြန်မာပိုင်း) ၏ facebook စာမျက်နှာတွင် "မွတ်ဆလင်ပိုင်တဲ့ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ မိတ္ထီလာပဋိပက္ခမှာ အခုနောက်ဆုံးသတင်းတွေအရ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး သေသူအားလုံး ဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်" ဟု ဖော်ပြထား သည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး Eleven Media Group မှ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးထွန်းနိုင်အား ဆက်သွယ်မေးမြန်းခဲ့ရာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် သေဆုံးသူ (၆) ဦးရှိပြီး သံဃာတော်တစ်ပါး၊ ဗုဒ္ဓဘာသာဝင် အမျိုးသား (၂) ဦးနှင့် အစ္စလာမ် ဘာသာဝင် (၃) ဦးဖြစ်ကြောင်း အတည်ပြုပြောကြားပါသည်။
ဘီဘီစီ သတင်းဌာနအနေဖြင့် ၂၀၁၂၊ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ မတိုင်မီကလည်း ရခိုင်ပြည်နယ် အား ရိုဟင်ဂျာပြည်နယ်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်။ ဤသတင်းကို ထပ်ဆင့် ဖြည့်စွက်နိုင်ဖို့အတွက် RSV မှ မန္တလေးတိုင်းဒေသကြီး ရဲစခန်းအား ဖုန်းဆက်ခဲ့ပြီး ထပ်ဆင့် အတည့်ပြုအပ်ပါသည်။
Eleven Media Group ၀က်ဆိုက်မှာ ကူးယူဖော်ပြပါသည်။

No comments:
Post a Comment