Sunday, March 31, 2013

ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဘင်္ဂါလီလူမျိုးအားကာကွယ်သည်ဟုယူဆကာ သံတွဲ၌ ဆန္ဒပြမှုဖြစ်ပွား

မတ်လ ၃၁ရက်နေ့ မနက် ၈နာရီမှစတင်ကာ ၂နာရီနီးပါးခန့်ကြာ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရှိ နျိတ္တတောက်ရွာအုပ်ချုပ်ရေးမှူးမှ ရွာခံ လူတချို့အား အခင်းဖြစ်ပွားရန် လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီးပြီး ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုးများဘက်မှ ကာကွယ်ပေးသည့်အတွက် ရွာခံလူထုက ဆန္ဒပြမှုတစ် ခုပြုလုပ်ခဲ့ကြောင်း သံတွဲမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးစိန်ချစ်၏ ပြောကြားချက်အရ သိရသည်။
“စဖြစ်တာက ၂၅ရက်နေ့က ဒီရွာကို ဘင်္ဂါလီကုလား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ခိုးဝင်လာတယ်။ ပြီးတော့ ဘင်္ဂါလီအမျိုးသမီးမှာ မီးလောင်ကျွမ်းစေတဲ့ ပစ္စည်းတွေပါတယ်လို့ ရွာခံတွေကကြားတဲ့အတွက် ရွာသား ၂၀၀နီးပါး လောက်ကဝိုင်းပြီး ရွာကနေ နှင်ထုတ်ဖို့ လုပ် တယ်။

ပြောရမယ်ဆိုရင် အဲဒီအချိန်မှာ အရေးအခင်းလိုမျိုးဖြစ်သွားတယ်”ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ အရေးအခင်းပုံစံမျိုးဖြစ်ပွားခဲ့ပြီး မတ်လ ၃၀ရက်နေ့ ညပိုင်း ၁နာရီခွဲခန့်တွင် သက်ဆိုင်ရာတာဝန် ရှိသူများမှ လာရောက်၍ အဆိုပါရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအား အခင်းဖြစ်ပွားရန် လှုံ့ဆောင်သူဟုယူဆကာ သံတွဲ မြို့နယ်ရဲစခန်းသို့ခေါ်ဆောင်သွား သည့်အတွက် အဆိုပါည ၂နာရီကျော် တွင် ရွာသား ၃၀၀ခန့်မှ ယင်းရဲစခန်းသို့ ဖမ်းဆီးခံရ သူများမှာ ဘင်္ဂါလီများမဟုတ်ကြောင်း သွားရောက်   တောင်း ဆို ခဲ့ ကြပြီး သံတွဲရဲစခန်းမှ ပြန်လည်လွှတ်ပေးခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါရွာဒေသခံပြည်သူလူထုတို့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဘင်္ဂါလီများကို ကာကွယ်ပေးသည့် အတွက် ယခုကဲ့သို့ ဖြစ် ပွားရခြင်းဖြစ်သောကြောင့် ဘင်္ဂါလီကာကွယ်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး အလိုမရှိနှင့် ရခိုင်သားများသည် ရခိုင်ပြည်ကို ချစ်သည့်သူများ ဖြစ်ကြသည် ဆို သည့် ဆောင်ပုဒ် ပါ ဆော့ပ်ပင်ဖြင့် ရေး ထားသည့် စာရွက်များအား ကိုင်ဆောင်၍ ဆန္ဒပြရခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

The Myanma Age

No comments:

Post a Comment