Sunday, March 31, 2013

ကမ္ဘာ့အသေးဆုံး စမတ်ဖုန်း အားသွင်းစက်

Photo: ကမ္ဘာ့အသေးဆုံး စမတ်ဖုန်း အားသွင်းစက်
========================

iPhone နားကြပ်နဲ့ နှိုင်းယှဉ်ပြသထားတဲ့ ပစ္စည်းလေးက ကမ္ဘာ့အသေးဆုံး စမတ်ဖုန်း အားသွင်း ဘက်ထရီတုံး ဖြစ်ပါတယ်။

Fuel Micro Charger လို့လည်း အမည်ရပါတယ်။ အရွယ်အစား အားဖြင့် ၁.၃ လက်မ နဲ့ ၀.၉ လက်မ ပတ်လည်ပဲ ရှိပါတယ်။ microUSB ပေါက်ကနေ ဆက်ပြီးတော့ ဘယ်စမတ်ဖုန်းကိုမဆို အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် iPhone အတွက်မရပါဘူး။ iPhone အတွက် သီးသန့် ဗားရှင်း ထွက်မယ်လို့လည်း ဆိုပါတယ်။

၂၂၀ မီလီအမ်ပီယာ အားရှိပြီး စကားပြောဖို့အတွက် မိနစ် ၂၀ မှ ၃၀ ကြားလောက်ထိ Talk time ထောက်ပံ့ ပေးနိုင်ပါတယ်။ သယ်သွားရလည်း လွယ်ကူအောင် တကယ် သေးသေးလေးပါပဲ။ အလေးချိန်လည်း နည်း ပါတယ်။ အသုံးပြုရလည်း လွယ်ကူပါတယ်။

ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင်နဲ့ပဲ Fuel Micro Charger ကို ကမ္ဘာ့အနှံ့ ဖြန့်ချိရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: kickstar
TechSpace Journal
iPhone နားကြပ်နဲ့ နှိုင်းယှဉ်ပြသထားတဲ့ ပစ္စည်းလေးက ကမ္ဘာ့အသေးဆုံး စမတ်ဖုန်း အားသွင်း ဘက်ထရီတုံး ဖြစ်ပါတယ်။Fuel Micro Charger လို့လည်း အမည်ရပါတယ်။ အရွယ်အစား အားဖြင့် ၁.၃ လက်မ နဲ့ ၀.၉ လက်မ ပတ်လည်ပဲ ရှိပါတယ်။ microUSB ပေါက်ကနေ ဆက်ပြီးတော့ ဘယ်စမတ်ဖုန်းကိုမဆို အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် iPhone အတွက်မရပါဘူး။ iPhone အတွက် သီးသန့် ဗားရှင်း ထွက်မယ်လို့လည်း ဆိုပါတယ်။

၂၂၀ မီလီအမ်ပီယာ အားရှိပြီး စကားပြောဖို့အတွက် မိနစ် ၂၀ မှ ၃၀ ကြားလောက်ထိ Talk time ထောက်ပံ့ ပေးနိုင်ပါတယ်။ သယ်သွားရလည်း လွယ်ကူအောင် တကယ် သေးသေးလေးပါပဲ။ အလေးချိန်လည်း နည်း ပါတယ်။ အသုံးပြုရလည်း လွယ်ကူပါတယ်။

ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင်နဲ့ပဲ Fuel Micro Charger ကို ကမ္ဘာ့အနှံ့ ဖြန့်ချိရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: kickstar
TechSpace Journal

No comments:

Post a Comment