Saturday, March 23, 2013

မိတ္ထီလာ ၂၃.၃.၂၀၁၃ နံနက် ၁၀နာရီ ၁၅မိနစ်


မိတ္ထီလာမြို့တွင် အမှတ် (၁)ရဲစခန်းဝင်းနှင့် ခရိုင် ဘောလုံးကွင်းအတွင်းတွင် ကယ်ဆယ်ရေးစခန်း (၂) ခုသို့ နေပြည်တော်၊မန္တလေး၊မိတ္ထီလာတို့မှ အထူးကုဆရာဝန်ကြီးများ လက်ထောက်ဆရာဝန်များ ဦးဆောင်သော ဝန်ထမ်းဆရာဝန်အဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို ယနေ့နံနက် ၁၀နာရီမှ စတင်ပြုလုပ်ပေးနေပြီး။
နိုင်ငံတကာကြက်ခြေနီနှင့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့များမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
ကူညီဆောင်ရွက်ပေးရေး အဖွဲ့များမှလည်း ထမင်းထုပ်များ ဝေငှပေးလျက်ရှိသည်။
စည်ပင်ဌာနမှ သောက်သုံးရေများကို တာဝန်ယူဖြန့်ချိပေးလျက်ရှိပြီး အိမ်သာများ မှာ ဆောက်လုပ် ဆဲဖြစ်သည်။မြို့နယ်အားကစားကွင်းတွင် ယာယီတဲ (၁၀၀)ကျော်မျှ ထိုးထားသော်လည်း လူဦးရေနှင့် မမျှဖြစ်လျှက်ရှိသည်။ ကယ်ဆယ်ရေးစခန်း၂ခုတွင် လူဦးရေ ၂၀၀၀၀ခန့်ရှိသည်။
မြို့တွင်းအခြေအနေမှာ တည်ငြိမ်လျှက်ရှိပြီး လုံခြုံရေးအား တပ်မတော်တပ်ရင်း ၁၃ ရင်းမှ တာဝန်ယူစောင့် ရှောက်ပေးလျှက်ရှိပြီး ရန်ကုန်မန္တလေးလမ်းတစ်ဝိုက်တွင်လည်း စစ်သားများ နေရာယူလျှက်ရှိကြောင်း မိတ္ထီလာမြိုံရောက် CJ သတင်းသမားတစ်ဦးမှ သတင်ပေးပို့ပါသည်။
CJMyanmar

ZinYawNews

1 comment: