Saturday, March 23, 2013

မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်မည်

မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်မည်
Saturday,, March 23, 2013

သင်္ကြန်အပြီး လွှတ်တော် အစည်းအဝေးပြန်စလျှင် မီဒီယာ ဥပဒေကြမ်း
အပြီးသတ်ကို ပြည် သူ့လွှတ်တော်သို့ တင်ပြသွားမည် ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။

မီဒီယာဥပဒေကြမ်းကို သင်္ကြန်မရောက်မီကာလ မတ်လ ၂၄ ရက်နေ့
တွင် အချောသတ် ရေးဆွဲမည်ဖြစ်ကြောင်း၊ အချော သတ်ထွက်ရှိလာ
မည့် ဥပဒေကြမ်း သည် မီဒီယာသမားများ၏ အခွင့် အရေးနှင့် တာဝန်
သိမှုများပါဝင် ရန် ထည့်သွင်းဖော်ပြထားကြောင်း၊ ဥပဒေဆိုသည်မှာ ကာကွယ်ပေး ရန် တစ်ခုတည်းမဟုတ်ဘဲ၊ တာဝန်နှင့် အခွင့်အရေးနှစ်ခုတွဲ ပါကြောင်း၊ ထိုသဘောကို နား လည်ရန်လိုကြောင်း၊ သတင်း သမားများအား တာဝန်ပေးရန် နှင့် တာဝန်ထမ်းရန်လည်းပါ ကြောင်း၊ ဥပဒေကို ချိုးဖောက် လျှင် ပေးမည့်ပြစ်ဒဏ်လည်း ပါကောင်းပါနိုင်မည်ဖြစ်ကြောင်း၊ဥပဒေမူကြမ်း
ကို လွှတ်တော်ရေး ရာတာဝန်ရှိသူများ၊ ဥပဒေအရာ ရှိများနှင့် တိုင်ပင်ပြီးမှ အချော သတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥပဒေမူကြမ်း၏ အခန်းတိုင်း
တွင် ဝေါဟာရများ စကားလုံးများအား ပြင်ဆင်မှုပြုလုပ်ထားကြောင်း သိရသည်။

မီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့တင်မည့်အချိန်နှင့် ပုဂ္ဂလိက သတင်းစာများ ထုတ် ဝေမည့်အချိန်သည် နီးကပ်နေရာ မီဒီယာ
ဥပဒေထွက်ပြီးမှ သတင်း စာထုတ်ဝေခြင်းက ပိုမိုကောင်း မွန်မည်
ထင်ကြောင်း မီဒီယာ သမားများက ပြောဆိုနေကြ ကြောင်း သိရ
သည်။

အောင်ကောင်းစည်
Myanmar News Update သင်္ကြန်အပြီး လွှတ်တော် အစည်းအဝေးပြန်စလျှင် မီဒီယာ ဥပဒေကြမ်း အပြီးသတ်ကို ပြည် သူ့လွှတ်တော်သို့ တင်ပြသွားမည် ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။
မီဒီယာဥပဒေကြမ်းကို သင်္ကြန်မရောက်မီကာလ မတ်လ ၂၄ ရက်နေ့တွင် အချောသတ် ရေးဆွဲမည်ဖြစ်ကြောင်း၊ အချော သတ်ထွက်ရှိလာမည့် ဥပဒေကြမ်း သည် မီဒီယာသမားများ၏ အခွင့်အရေးနှင့် တာဝန်သိမှုများပါဝင်ရန် ထည့်သွင်းဖော်ပြထားကြောင်း၊ ဥပဒေဆိုသည်မှာ ကာကွယ်ပေးရန် တစ်ခုတည်းမဟုတ်ဘဲ၊ တာဝန်နှင့်အခွင့်အရေးနှစ်ခုတွဲပါကြောင်း၊ ထိုသဘောကို နားလည်ရန်လိုကြောင်း၊ သတင်းသမားများအားတာဝန်ပေးရန် နှင့် တာဝန်ထမ်းရန်လည်းပါ ကြောင်း၊ ဥပဒေကိုချိုးဖောက် လျှင် ပေး မည့်ပြစ်ဒဏ်လည်း ပါကောင်းပါနိုင်မည်ဖြစ်ကြောင်း၊ဥပဒေမူကြမ်းကို လွှတ်တော်ရေးရာတာဝန်ရှိသူများ၊ ဥပဒေအရာရှိများနှင့် တိုင်ပင်ပြီးမှ အချောသတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥပဒေမူကြမ်း၏ အခန်း တိုင်းတွင် ဝေါဟာရများ စကားလုံးများအား ပြင်ဆင်မှုပြုလုပ်ထားကြောင်း သိရသည်။

မီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့တင်မည့်အချိန်နှင့် ပုဂ္ဂလိက သတင်းစာများ ထုတ် ဝေမည့်အချိန်သည် နီးကပ်နေရာ မီဒီယာဥပဒေထွက်ပြီးမှ သတင်း စာထုတ်ဝေခြင်းက ပိုမိုကောင်း မွန်မည်ထင်ကြောင်း မီဒီယာ သမားများက ပြောဆိုနေကြ ကြောင်း သိရသည်။

အောင်ကောင်းစည်
Myanmar News Update

No comments:

Post a Comment