Sunday, March 31, 2013

တစ်နှစ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှု တန် ၅၀၀ ကျော် ဖမ်းမိ

Photo: တစ်နှစ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှု တန် ၅၀၀ ကျော် ဖမ်းမိ
Sunday, March 31, 2013

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း တရား
မဝင် သစ်ခိုးထုတ်မှု တန်ချိန် ၅၀၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တံခါး
မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

“သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိခိုက်နိုင်တယ်။ သစ်တောဆုံးရှုံး
မှုလည်း များတယ်။ နိုင်ငံအတွက်လည်း အများကြီး ဆုံးရှုံးတာပေါ့” ဟု သစ်တောဦးစီးဌာနတွင် လုပ်သက် ၃၈ နှစ်ကြာ တောအုပ် ဦးသိန်းလွင်
က ပြောကြားသည်။

အလုံးသစ်များကို ခွဲသားအဖြစ် ပြုလုပ်မည်ဆိုပါက တန် တစ်ရာ ခွဲစိတ်လျှင် တန် ငါးဆယ်ခန့်သာ အချော ထွက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဒေသတစ်ဝိုက်ရှိ တောသူတောင်သားများမှာ သစ်တောကို အမှီပြုကာ ထင်းခုတ်၊ မီးသွေးဖုတ် စသည်ဖြင့် လုပ်ကိုင်စားသောက်ကြပြီး ယခုကဲ့သို့ သစ်ခိုးထုတ်မှုများကို ဖမ်းဆီးသည့်အတွက် သစ်တောဝန်ထမ်းများကို ပြန်
လည် ရန်မူခြင်းများရှိကြောင်း သိရသည်။

“မြို့ချောင်းမှာ တာဝန်ကျတုန်းကဆို ရုံးပေါ်တက်ပြီး ဓါးနဲ့ တက်ခုတ်တာ။ ကံကောင်းလို့ မသေတာ။ ဆိုင်ကယ်လိုက်ဖမ်းရင်းနဲ့ တစ်ခါ အခုတ်ခံရတယ်။ ခဏခဏ ဒီလိုတွေဖြစ်နေတာ။ ဒီနေရာက မြန်မာပြည်မှာ အကြမ်းတမ်းဆုံး
နေရာတစ်ခုလိုတောင် ဖြစ်နေပြီ” ဟု ဦးသိန်းလွင်က ပြောကြားသည်။

၂၀၁၂ ခုနှစ်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုတွင် ကား ၆ စီး၊ ဆိုင်ကယ် ၁၁ စီးနှင့် ပိုင်ရှင်ရှိ ကားနှစ်စီး ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သစ်ခိုးထုတ်
မှုမှာ လွန်စွာ နည်းပါးသွားကြောင်း ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာ
နမှ သိရသည်။

ရည်မွန်
The Myanma Age
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း တရား မဝင် သစ်ခိုးထုတ်မှု တန်ချိန် ၅၀၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တံခါး မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။ “သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိခိုက်နိုင်တယ်။ သစ်တောဆုံးရှုံးမှုလည်း များတယ်။ နိုင်ငံ အတွက်လည်း အများကြီး ဆုံးရှုံးတာပေါ့” ဟု သစ်တောဦးစီးဌာနတွင် လုပ်သက် ၃၈ နှစ်ကြာ တောအုပ် ဦးသိန်းလွင် က ပြောကြားသည်။

အလုံးသစ်များကို ခွဲသားအဖြစ် ပြုလုပ်မည်ဆိုပါက တန် တစ်ရာ ခွဲစိတ်လျှင် တန် ငါးဆယ်ခန့်သာ အချော ထွက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဒေသတစ်ဝိုက်ရှိ တောသူတောင်သားများမှာ သစ်တောကို အမှီပြုကာ ထင်းခုတ်၊ မီးသွေးဖုတ် စသည်ဖြင့် လုပ်ကိုင်စားသောက်ကြပြီး ယခုကဲ့သို့ သစ်ခိုးထုတ်မှုများကို ဖမ်းဆီးသည့်အတွက် သစ်တောဝန်ထမ်းများကို ပြန်လည် ရန်မူခြင်းများရှိကြောင်း သိရသည်။

“မြို့ချောင်းမှာ တာဝန်ကျတုန်းကဆို ရုံးပေါ်တက်ပြီး ဓါးနဲ့ တက်ခုတ်တာ။ ကံကောင်းလို့ မသေတာ။ ဆိုင်ကယ်လိုက်ဖမ်းရင်းနဲ့ တစ်ခါ အခုတ်ခံရတယ်။ ခဏခဏ ဒီလိုတွေဖြစ်နေတာ။ ဒီနေရာက မြန်မာပြည် မှာ အကြမ်းတမ်းဆုံး နေရာတစ်ခုလိုတောင် ဖြစ်နေပြီ” ဟု ဦးသိန်းလွင် က ပြောကြားသည်။

၂၀၁၂ ခုနှစ်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုတွင် ကား ၆ စီး၊ ဆိုင်ကယ် ၁၁ စီးနှင့် ပိုင်ရှင်ရှိ ကားနှစ်စီး ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သစ်ခိုးထုတ်မှုမှာ လွန်စွာ နည်းပါးသွားကြောင်း ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ရည်မွန်
The Myanma Age

No comments:

Post a Comment