Friday, March 22, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရားဝင်ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရားဝင်ဆန္ဒပြရန် 
ခွင့်ပြုလိုက်ပြီ
Friday, March 22, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြရန် တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်းသို့ရောက်ရှိနေသော Hot News သတင်းထောက်မှ သတင်းပေးပို့သည်။ 

တုံရွာသူ မဌေးဦး နှင့် မဌေးနွယ်တို့ က ဦးဆောင်ကာ မတ်လ (၁၈) ရက်နေ့တွင် စာဖြင့်တင်ပြခဲ့ခြင်းဖြစ်ပြီး ၊ ၃ ရက်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ 

မတ်လ ၂၃ ရက်နေ့တွင် တုံရွာထိပ်မှ စတင်ကာ ပုသိမ်မုံရွာ လမ်းဆုံအထိ အင်အား (၅၀၀ )ခန့်ဖြင့် စီတန်းဆန္ဒပြခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 

မွန်းလွဲ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့်ရပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ၊ မီးလောင်ဗုံးဖြင့် ဖြိုခွင်းသည့် တာဝန်ရှိသူ ဖော်ထုတ်အရေးယူရေး ၊ 
ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ကြွေးကြော်သံများ ဖြင့် စီတန်းလှည့်လည် မည်ဖြစ်ကြောင်းသိရသည်။ 

စီတန်းလှည့်လည်ခြင်းကို ဦးဆောင်မည့် သူ ၂ ဦးနက် မဌေးနွယ်ဆိုသူမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ဒေသခံ ဦးဘိုဌေး ၏ သမီးဖြစ်ကြောင်းသိရသည်။ ယင်းခွင့်ပြုချက်ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး လက်မှတ်ရေးထိုးကာ စာအမှတ် ၁၀၀၂(၀၆)/၁၀၃/ဦး ၁ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Hot News လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင် ကန့်ကွက် ဆန္ဒပြ ရန်တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့ နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်း သို့ရောက် ရှိနေသော Hot News သတင်းထောက်မှ သတင်းပေး ပို့ သည်။
တုံရွာသူ မဌေးဦး နှင့် မဌေးနွယ်တို့ က ဦးဆောင်ကာ မတ်လ (၁၈) ရက်နေ့တွင် စာဖြင့်တင်ပြခဲ့ခြင်းဖြစ်ပြီး ၊ ၃ ရက်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

မတ်လ ၂၃ ရက်နေ့တွင် တုံရွာထိပ်မှ စတင်ကာ ပုသိမ်မုံရွာ လမ်းဆုံအထိ အင်အား (၅၀၀ )ခန့်ဖြင့် စီတန်းဆန္ဒပြခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မွန်းလွဲ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့်ရပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ၊ မီးလောင်ဗုံးဖြင့် ဖြိုခွင်းသည့် တာဝန်ရှိသူ ဖော်ထုတ်အရေးယူရေး ၊ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ကြွေးကြော်သံများ ဖြင့် စီတန်းလှည့်လည် မည်ဖြစ်ကြောင်းသိရသည်။

စီတန်းလှည့်လည်ခြင်းကို ဦးဆောင်မည့် သူ ၂ ဦးနက် မဌေးနွယ်ဆိုသူမှာ စုံစမ်းစစ်ဆေးရေးကော်မရှင် တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ဒေသခံ ဦးဘိုဌေး ၏ သမီးဖြစ်ကြောင်းသိရသည်။ ယင်းခွင့်ပြုချက်ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး လက်မှတ်ရေးထိုးကာ စာအမှတ် ၁၀၀၂(၀၆)/၁၀၃/ဦး ၁ ဖြင့် ခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Hot News

No comments:

Post a Comment