Saturday, March 23, 2013

မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်

ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါခဲ့သော မိတ္ထီလာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းတွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ် ဆယ်ထောက်ပံ ရေးလုပ်ငန်းများ ကိုဆောင်ရွက်ရန် သံင်္ယာတော်များ ၊ဒေသအာဏာ ပိုင်များနင့် မြိုခံလူမှုရေး အဖွဲအစည်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မိတ္ထီလာမြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပိုသည်။

အရေးပေါအခြေအနေ ကြေညာပြီးနောက် မိတ္ထီလာမြို့တွင် တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိစေရန်   အတွက် အမှတ်၇၇ ခြေမြန်တပ်မလက်အောက်ခံတပ်ရင်းများ၊ မိတ္ထီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန် တပ်မ လက်အောက် ခံတပ်ရင်းများသာမက တပ်မတော် (လေ )တပ်ဖွဲဝင်များ က လုံခြုံရေးဆောင် ရွက်ပေးလျက် ရှိသည်။

ခရိုင်အားကစားကွင်းက မွတ်စလင်ဘာသာဝင်ဒုက္ခသည်တွေကို ဘုန်းတော်ကြီးတွေက သွားရောက် အားပေး နေတယ်။အမိုးအကာ တွ ခုထိမရသေးဘူး၊ ရေသန့်ဗူးတွေ ဆန်အိတ်တွေ ပေးနေတယ်ဟု The Voice Weekly သတင်းထောက်က ဆက်လက်သတင်းပေးပိုသည်။

မိထ္တီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မတ် လ ၂၂ ရက်နေ့ ညနေပိုင်း အထိ သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်းနှင့် ပဋိပက္ခကြောင့် ပျက်ဆီးမှုအနေဖြင့် နေအိမ် ၁၅၁ လုံး၊ မော်တော်ယာဉ် ၁ စီး၊ ပညာရေးမှူးရုံး ၁ ရုံး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ပျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

The Voice Weekly ·

No comments:

Post a Comment