Wednesday, March 13, 2013

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ လူအုပ်စုမှ ၀ိုင်းဝန်းပိတ်ဆို့ခဲ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ပါဝင်သော ရွာများသို့ သွားရောက်ရာလမ်းရှိ ပုသိမ်-မုံရွာလမ်းဆုံနှင့် ကျော်ရွာအကြားတွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ
လူအုပ်စုမှ ၀ိုင်းဝန်းပိတ်ဆို့ခဲ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့ကြောင်း ၎င်းနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် အထက်ပါနေရာသို့ အရောက်တွင် ဆန္ဒပြခေါင်းဆောင်များ လိုက်ပါလာသော ဆိုင်ကယ်က ယာဉ်တန်းအရှေ့တွင် ပိတ်ဆို့၍ ဆက်လက်ထွက်ခွာခြင်းမပြုရန် တားဆီးသဖြင့် ယာဉ်တန်းရှေ့တွင် လိုက်ပါလာသော အင်န်အယ်လ်ဒီ လုံခြုံရေးအဖွဲ့ဝင်များနှင့် အနည်းငယ် ပဋိပက္ခဖြစ်ပွားခဲ့သည်။

ုထိုဖြစ်စဉ်အား ယာဉ်တန်းတွင် လိုက်ပါလာသည့် တာဝန်ရှိသူအချို့၏ ၀င်ရောက်ထိန်းသိမ်းမှုကြောင့် ဆန္ဒပြသူများသည် ပုသိမ်-မုံရွာလမ်းအတိုင်း ၀မ်ပေါင်ကုမ္ပဏီ တည်ရှိရာဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းသည် စီမံကိန်းကြောင့် ဖျက်သိမ်းခဲ့ရသည့် ရွာလေးရွာအား စုပေါင်း၍ ပြန်လည်တည်ထောင်ထားသည့် ရွာသစ်ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီဖြစ်ပြီး အဆိုပါရွာရှိ စာသင်ကျောင်းတွင် ဒေသခံများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7DaysNewsJournal

2 comments:

  1. အ မေ စု ဖြေ ပေး ပါ
    နိုင် ငံ တော် စီ မံ ကိန်း ဆို ရင် ဦး ပိုင် ကု မ္ပဏီလုပ် ငန်း အား လုံးဟာ
    နိုင် ငံ ပိုင် လုပ် ငန်း တွေ ဖြစ် ပါ သ လား
    နိုင် ငံတော် ဆို တာ ပြည် သူ တွေ ပိုင် သ လား ဆိုင် သ လား အာ ဏာ
    ပိုင် အ စိုး ရ က ပိုင် ပါ သ လား စစ် တပ် က ပိုင် ပါ သ လား
    ဥ ပ ဒေ ဆို တာ အုပ် ချုပ် သူ စစ် တပ် ခ ရို နီ ရဲ့ လို သ လို သုံး နိုင် တဲ့
    လက် ကိုင် ဒုတ် လား မည် သူ မ ဆို လိုက် နာ ကျင့် သုံး ရ မည့်
    ဥ ပ ဒေ ပါ လား
    ပြည် သူ့ ဘ ဏ္ဌာ ငွေ စာ ရင်း မှာ သုံး ငွေ နှင့် အ ကြွေး ကို သာ ဖေါ်
    ပြ ပြီး တိုင်း ပြည် ဝင် ငွေ ကို ဖော် ပြ နိုင် အောင် အ မေ စု လုပ် နိုင်
    ပါ သ လား
    ဝန် ကြီး ဌာ တွေ လာဘ် စား မှု့ ပေါ် ပေါက် လာ သော အ ခါ ဗိုလ် ချုပ်
    ကြီး များ ကို ပါ ပြန် လည် ဖော် ထုတ် မည် စိုး ရိမ် သ ဖြင့် ဖုံး ဖိ သွား
    ခြင်း ကို အ မေ စု ဘယ် လို ပြန် လည် ဖော် ထုတ် နိုင် မ လဲ
    လွတ် တော် မှာ လဲ စစ် တပ် နေ ရာ ယူ ထား တယ် ဌာ န ဆိုင် ရာ မှာ
    လည်း စစ် တပ် နေ ရာ ထား တယ် အုပ် ချု ပ် ရေး ပိုင်း မှာ လည်း စစ်
    တပ် စီး ပွား ရေး မှာ လည်း စစ် တပ် ပဲ ဆို တော့ အ မေ စု စစ် တပ် နဲ့
    ပြည် သူ ဘယ် သူ့ ကို ကြည့် သင့် ပါ သ လဲ
    လက် ပံ တောင်း တောင် မှာ ဓါ တု ဗုံး အ သုံး ပြု ခြင်း သည် ဂျီနီဗာ
    ကွန် ဗင်း ရှင်း ကို ချိုး ဖောက် သည့် အတွက် ဒေ သ ခံ တွေ နိုင် ငံ
    တ ကာ ခုံ ရုံး မှာ တရား စွဲ ဆို လျှင် အ မေ စု ဘယ် လို ကူ ညီ နိုင် မ လဲ
    ဆက် သွယ် ရေး လာဘ် စား မှု့ မှာ အားလုံး ဖော် ထုတ် မည် ဆို သ ဖြင့်
    အ မှု့ ပြန် လည် ပိတ် ပြီး မူ လ နေ ရာ ပြန် လည် လုပ် ကိုင် နေ ကြ တာ
    တွေ က ရော နိုင် ငံ တော် နစ် နာ မယ် လို့ အ မေ စု ထင် နေ လား
    အ မေ စု ရဲ့ ရည် မှန်း ချက် က နိုင် ငံ တော် အ တွက် လား ပြည် သူ
    အ တွက် လား

    ReplyDelete
  2. အ မေ စု ကို မဲ ပေး ခဲ့ လို့ ကျုပ် တို့ ပြည် သူ တွေ ယနေ့  အချိန် ထိ နိပ် စက် ခံ

    နေ ရ တဲ့ ဒုက္ခကို မှ ထောက် ထား ရက် လေ တယ်။ ဗိုလ်ချုပ် သွေး ဝေး လေ ပြီ
    အာ ဏာ ရစ် မူး ရူး စေသည်။
    ဘယ် သူ မှ အား ကိုး မ ရ အ တူ တူ တောင် ပေါ် မြေ ပြန့် တပြိုင် တည်း စစ် မျက်
    နှာ ဖွင် ကြ စို့

    ReplyDelete