ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ
မတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်
မတ် ၂၆ ရက်နေ့ ညပိုင်းက နတ္တလင်းတွင်လူအုပ်စုများဖွဲ့ပြီး
ဆိုင်ခန်းများကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀င်ရောက်ဖျက်ဆီးခြင်းများ
ပြုလုပ်သည့်အတွက် လူနေအိမ်ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်းနဲ့ ဘာသာရေး
အဆောက်အအုံတစ်ခုပျက်စီးခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်
သဲကုန်းမြို့နယ် အင်းမကျေး ရွာ၌ ဘာသာရေး အဆောက်အအုံ တစ်ခုကို လေးခွများဖြင့်
ပစ်ခတ်မှု ရှိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဇီးကုန်းမြို့၌
ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးမှုများကြောင့် လူနေအိမ် ၁၄ လုံးနှင့် ဘာသာရေး
အဆောက်အအုံ တစ်လုံးပျက်စီးခဲ့ရကြောင်း၊ အုတ်ဖိုမြို့နှင့်
ဇီးကုန်းမြို့များ၌ လာရောက်ဖျက်ဆီး သူများကို လုံခြုံရေးတပ်ဖွဲ့များက သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကြောင်း၊ ဇီးကုန်းမြို့ လုယက် ဖျက်ဆီးမှုတွင်
ပါဝင်သည်ဟု ယူဆရသူ ၁၀ ဦးကို ဖမ်းဆီးထားကြောင်းနှင့် သတင်းအသေးစိတ်ကို
နိုင်ငံ ပိုင် မီဒီယာများမှ တစ်ဆင့်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၎င်း၏ Facebook
စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment