(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)
မတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်
မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီအချိန်အထိ သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာ ရသူ ၂၂ ဦး ရှိနေပြီဖြစ်ကြောင်း သိရ။
မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်အထိ
သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာ ရသူ ၂၂ ဦး ရှိနေပြီဖြစ်ကြောင်း မိတ္ထီလာ
ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့
အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ တာဝန်ရှိသူက
''ကျွန်တော်တို့ဆေးရုံကို ဒီနေ့မွန်းတည့် ၁၂ နာရီအထိ ရောက်ရှိလာတဲ့သူ ၂၇ ဦး
ရှိပါ တယ်။ အဲဒီထဲက နှစ်ဦးက သေဆုံးခဲ့ပါတယ်။ သေဆုံးပြီး ရောက်လာသူ
သုံးဦးရှိပါတယ်။ ငါးဦးက ပြင်ပလူနာ အဖြစ် ဆေးကုသမှုခံယူနေပြီး ဆေးရုံတက်ရောက်
ကုသနေတာက ၁၇ ဦး ရှိပါတယ်။ အများစုကတော့ ဦးခေါင်းကို တုတ်နဲ့အရိုက်ခံရထားတဲ့
ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဆေးရုံကို ရောက်လာသူ အားလုံးကို ဆေးကု သမှု
ဆောင်ရွက်ပေးနေပါတယ်'' ဟု ပြောကြားခဲ့သည်။
ပဋိပက္ခဖြစ်စဉ်အတွင်း
ဒဏ်ရာရ သေဆုံးသူများအား ဆေးရုံသို့ သယ်ဆောင်မှုနှင့် ပတ်သက်ပြီး မိတ္ထီလာ
ပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်တစ်စီး ကြက်ခြေနီအဖွဲ့မှ လူနာတင်ယာဉ်
တစ်စီးနှင့် မိတ္ထီလာမြို့ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်နှစ်စီးတို့ဖြင့်
အကူအညီပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္တီလာမြို့
ပဋိပက္ခဖြစ်စဉ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂)
ရဲစခန်းမှ တာဝန် ရှိသူတစ်ဦးက ''မီးလောင်တဲ့ဖြစ်စဉ်တွေက အရင်ကလောက်
မရှိတော့ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အခြေ အနေတွေ တည်ငြိမ်အောင်
ထိန်းသိမ်းဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
Re-Post By ACM 21-3-2013
အေးချမ်းမွန် Credit & Copy From >> Eleven Media Group
No comments:
Post a Comment