ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအနီး မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်ပိုင် မိုးကြိုးဆာလ်ဖျူရစ်အက်စစ် စက်ရုံမှာ ပတ်ဝန်းကျင် ထိန်းသိမ်းမှု နိုင်ငံတကာအသိအမှတ်ပြု ISO Certificate မရှိသေးတဲ့ အတွက် အမြန်ဆုံးရအောင် လုပ်ပေးပါလို့
ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။
အိုင်အက်စ်အိုရဖို့က အဓိကပါ၊ အိုင်အက်စ်အိုမရမချင်း ဒီစက်ရုံက စံမမီဘူးဆိုပြီး ရွာသားတွေပြောဆိုနေတယ်၊ ဒီလိုကိစ္စမျိုးက ယုံကြည် ချက်နဲ့ အများကြီးဆိုင်တယ်၊ စက်ရုံရဲ့ အလုပ်လည်ပတ်မှုကြောင့် သူတို့ရဲ့ ကျန်းမာရေး ထိခိုက်တယ် လို့ထင်နေရင် စက်ရုံအနေနဲ့ အကောင်းဆုံးလုပ်ထားပါတယ် ပြောမရဘူး˘ လို့ ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဆာလ်ဖျူရစ်အက်စစ် စက်ရုံကို ၂၀ဝ၆ ခုနှစ်က စတင်ခဲ့ပြီး ၂၀ဝ၇ ခုနှစ်ဧပြီ လ ၁၉ ရက်နေ့မှာ စတင် လည်ပတ်ခဲ့ပါတယ်။ ၂၄ နာရီ လည်ပတ်ရတဲ့ အန္တရာယ်ရှိ ဓာတုဗေဒပစ္စည်းစက်ရုံ အတန်းအစား အဖြစ် နိုင်ငံတကာက သတ်မှတ်ထားပြီး ကြေးနီမိုင်းရဲ့ လိုအပ်ချက်ဖြစ်တဲ့ ၉၈ ရာခိုင်နှုန်း အက်စစ် နေ့စဉ် တန် ၅၀ ထွက်ရှိတယ်လို့ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အက်စစ်စက်ရုံကြောင့် ကျန်းမာရေး ထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့ ကံကုန်းကျေးရွာက ကလေးငယ်လေးဦးကို ရန်ကုန်ကလေးဆေးရုံကြီးမှာဆေးဝါးကုသမှုခံယူခဲ့ပြီး စက်ရုံကြောင့် ကျန်းမာရေးထိခိုက်တာ မဟုတ်ပါဘူး လို့ ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
ကော်မရှင်ဥက္ကဋ္ဌက လေးယောက်မှာ သုံးယောက်ကတော့ ဦးနှောက်ထိခိုက်မှုကြောင့် သာမန်ကလေးတွေ လို မရှိနိုင်ပါဘူး၊ အရေးကြီးတာက ဒီက ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင် ရမယ်ဆိုတာကို အမေတွေကို လေ့ကျင့်ပေးပါ˘ လို့ ဆာလ်ဖျူရစ်အက်စစ်စက်ရုံမှာ ပြုလုပ်တဲ့ စက်ရုံလုပ်ငန်းစဉ် ရှင်းလင်း ပွဲမှာ ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ - DVB
ခေမဏီ
Kumudra

No comments:
Post a Comment