Saturday, March 30, 2013

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိဟု တုံ့ပြန်ပြောကြား

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိဟု တုံ့ပြန်ပြောကြား
===============================
Saturday, March 30, 2013 

ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်
ခဲ့ခြင်းမှာဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေလိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးအောင်သိန်းလင်းက ဆိုသည်။ 

“စစ်သားတွေက ရိုးရိုးသာမာန်အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလား
ပါတယ်။ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက Road Map (၇)ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီ
စည်းဝိုင်းထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ၂နှစ်ကျော်ပဲရှိသေးတယ်။ မရင့်ကျက်သေးတော့ နောက်ပြန်
လှည့် သွားနိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်းက သုံးသပ်ပြောဆိုသည်။ 

ပြည်နယ်အချို့တွင် အကြမ်းဖတ်မှုနှင့် ပဋိပက္ခများ မကြာခဏဆိုသလို
ဖြစ်ပေါ်နေခြင်းမှာ တပ်မတော်မှ နောက်ကွယ်က ကြံစည်နေခြင်းဖြစ်သည်ဟု
အင်တာနက် လူမှုရေးဝက်ဆိုက်ဒ်အချို့၌ ပျံနှံ့ပြောဆိုနေမှုမှာ မှန်ကန်ခြင်း
မရှိဟု ၄င်းက ဆိုသည်။


“အစိုးရ အကူအညီတောင်းလို့သာ တပ်မတော်က ၀င်ပြီး ပုဒ်မ ၁၄၄ထုတ်ရ
တာပါ။တပ်မတော်က နောက်က ကြိုးကိုင်ပြီး လှုံ့ဆော်နေတယ်ဆိုတာ မဟုတ်ပါဘူုးဗျာ၊အပ်နဲ့ထွင်းရမယ့် ဟာကို ပုဆိန်နဲ့ ထွင်းရမှာစိုးလို့ တပ်မတော်က၀င်လုပ်ပေးနေတာပါ။ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေ
တာ တပ်မတော်က ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်ပါ့မလားဗျာ။ တပ်မတော်ကို အပုပ်ချချင်လို့အမြင်စောင်းနေသူတွေက အခုလို ပုံကြီးချဲ့ပြီး တပ်ကို မုန်းတီးလို့စွပ်စွဲပြောဆိုနေကြတာပါ” ဟုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွင်း
ခြင်းကြာင့် ပြည်သူအများလမ်းပေါ်ထွက် ဆန္ဒပြမှုများအတော်အတန်ကြာ
ဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ရာမှ မိတ္တီလာမြို့၌ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီးလက်ရှိအချိန်အထိ တည်ငြိမ်မှုရရန် ပုဒ်မများ ထုတ်ပြန်ကာထိန်းသိမ်းနေရဆဲဖြစ်သည်။


ပဋိပက္ခများဖြစ်စဉ်များနောက်၌ တပ်မတော်အပြင် ပြည်ပမှအဖွဲ့အစည်းများမှ
လှုံ့ဆော်နေခြင်း ကြောင့် ဖြစ်သည်ဟု လူမှုရေးစာမျက်နှာများ၌ဝေဖန်ပြောဆို
သံများ ထွက်ပေါ်နေခြင်းဖြစ်သည်။ 

အဆိုပါ အသံများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ
ဦးသိန်းညွှန့်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။ 

“ယူဆတာက စနစ်သစ်ကို ပြောင်းတဲ့အချိန်မှာ ခေတ်ဟောင်းက ဥစ္စာကြွယ်
ဝပြီးအနှစ်(၂၀)လုံးလုံး သပိတ်ဆိုရင် သူပုန်ထချင်သူတွေ နိုင်ငံတည်ဆောက်
တဲ့အခါမှာ နှေးကွေးအောင် လုပ်နေသူတွေ လုပ်နေတာပါ။ စစ်တပ်က မဟုတ်ပါဘူး။နောက်တစ်ခု ကျွန်တော်ကြားမိတာက ပြည်ပအဖွဲ့အစည်းတွေ
ကနေပြည်တွင်းက အချို့အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပေးပြီး ပဋိပက္ခဖြစ်အောင်လုပ်နေတယ်ဆိုတာတွေ ဒီလိုပဋိပက္ခဖြစ်အောင် လုပ်တဲ့အထဲ မှာနိုင်ငံရေးပါတီအချို့လည်း ပါနေတယ်ဆိုတာတွေပေါ့” ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ ဦးသိန်းညွှန့်က ပြောသည်။ 

ဆူပူမှု၏ နောက်ကွယ်တွင် စစ်တပ်နှင့်အစိုးရအပေါ် စွပ်စွဲပြောဆိုချက်များက
အခြေအမြစ် မရှိကြောင်း ၊ ပဋိပက္ခများ ဖြစ်ပေါ်အောင် ပြုလုပ်နေခြင်းကြောင့်
ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဟန့် အတားဖြစ်စေကြောင်း
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေ့ဘုတ်လူမှုရေး
ကွန်ယက်၌ဆိုသည်။ 

“အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံး အဖွဲ့အစည်း
ပါ။ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ၊စီးပွားရေးပြုပြင်
ပြောင်းလဲမှုစတဲ့ လုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမကနိုင်ငံတကာမှာ
မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံးက ဒါတွေကို ထိန်းဖို့ကြိုးစားနေတာဖြစ်ပါတယ် “ ဟု ဦးရဲထွဋ်က ဖေ့ဘုတ်စာမျက်နှာတွင်ပြောကြားထားခြင်းဖြစ်သည်။ 

အဆိုပါပဋိပက္ခအရေးများကိုဖြေရှင်းရာ၌ နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာဖြေရှင်းသင့်ကြောင်း ၊ လူထုကလည်း ပူးပေါင်းပါဝင်
တားဆီးသင့်သည်ဟု ဦးသိန်းညွှန့်ကအကြံပြုပြောဆိုသည်။

Myit Makha Mediagroup

ZinYawNews
ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်ခဲ့ခြင်းမှာ ဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေ လိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ဆို သည်။

“စစ်သားတွေက ရိုးရိုးသာမာန်အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်။ကျွန်တော်တို့ ဗိုလ်ချုပ် မှူးကြီးသန်းရွှေလက်ထက်ကတည်းက Road Map(၇)ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီ စည်းဝိုင်း ထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ၂နှစ်ကျော်ပဲရှိသေးတယ်။ မရင့်ကျက်သေးတော့ နောက်ပြန်လှည့် သွားနိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်းက သုံးသပ်ပြော ဆိုသည်။

ပြည်နယ်အချို့တွင် အကြမ်းဖတ်မှုနှင့် ပဋိပက္ခများ မကြာခဏဆိုသလိုဖြစ်ပေါ်နေခြင်းမှာ တပ်မတော် မှ နောက်ကွယ်က ကြံစည်နေခြင်းဖြစ်သည်ဟုအင်တာနက် လူမှုရေးဝက်ဆိုက်ဒ်အချို့၌ ပျံနှံ့ပြောဆိုနေ မှုမှာ မှန်ကန်ခြင်းမရှိဟု ၄င်းက ဆိုသည်။


“အစိုးရ အကူအညီတောင်းလို့သာ တပ်မတော်က၀င်ပြီး ပုဒ်မ ၁၄၄ထုတ်ရတာပါ။ တပ်မတော် က နောက်က ကြိုးကိုင်ပြီး လှုံ့ဆော်နေတယ်ဆိုတာ မဟုတ်ပါဘူုးဗျာ၊အပ်နဲ့ထွင်းရမယ့် ဟာကို ပုဆိန်နဲ့ ထွင်းရမှာစိုးလို့ တပ်မတော်က၀င်လုပ်ပေးနေတာပါ။ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာ တပ်မတော်က ပျက်ဆီးရာပျက်ဆီးကြောင်း လုပ်ပါ့မလားဗျာ။ တပ်မတော်ကို အပုပ်ချချင်လို့ အမြင်စောင်းနေသူတွေက အခုလိုပုံကြီးချဲ့ပြီး တပ်ကိုမုန်းတီးလို့စွပ်စွဲပြောဆိုနေကြတာပါ” ဟုပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သိန်းလင်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွင်းခြင်းကြာင့် ပြည်သူအများ လမ်းပေါ်ထွက် ဆန္ဒပြမှုများအတော်အတန်ကြာဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ များဖြစ်ပွားခဲ့ရာမှ မိတ္တီလာမြို့၌ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီးလက်ရှိအချိန်အထိ တည်ငြိမ် မှုရရန် ပုဒ်မများ ထုတ်ပြန်ကာထိန်းသိမ်းနေရဆဲဖြစ်သည်။ပဋိပက္ခများဖြစ်စဉ်များနောက်၌ တပ်မတော် အပြင် ပြည်ပမှအဖွဲ့အစည်းများမှ လှုံ့ဆော်နေခြင်း ကြောင့် ဖြစ် သည်ဟု လူမှုရေးစာမျက်နှာများ၌ဝေဖန်ပြောဆိုသံများ ထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါ အသံများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှဦးသိန်းညွှန့်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။
“ယူဆတာက စနစ်သစ်ကို ပြောင်းတဲ့အချိန်မှာ ခေတ်ဟောင်းက ဥစ္စာကြွယ်ဝပြီးအနှစ်(၂၀)လုံးလုံး သပိတ်ဆိုရင် သူပုန်ထချင်သူတွေ နိုင်ငံတည်ဆောက်တဲ့အခါမှာ နှေးကွေးအောင် လုပ်နေသူတွေ လုပ်နေတာပါ။ စစ်တပ်က မဟုတ်ပါဘူး။နောက်တစ်ခု ကျွန်တော်ကြားမိတာက ပြည်ပအဖွဲ့အစည်းတွေ
ကနေပြည်တွင်းက အချို့အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပေးပြီး ပဋိပက္ခဖြစ်အောင်လုပ်နေတယ်ဆိုတာတွေ ဒီလိုပဋိပက္ခဖြစ်အောင် လုပ်တဲ့အထဲ မှာနိုင်ငံရေးပါတီအချို့လည်း ပါနေတယ်ဆိုတာတွေပေါ့” ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ ဦးသိန်းညွှန့်က ပြောသည်။

ဆူပူမှု၏ နောက်ကွယ်တွင် စစ်တပ်နှင့်အစိုးရအပေါ် စွပ်စွဲပြောဆိုချက်များကအခြေအမြစ် မရှိကြောင်း ၊ ပဋိပက္ခများ ဖြစ်ပေါ်အောင် ပြုလုပ်နေခြင်းကြောင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဟန့် အတားဖြစ်စေကြောင်းနိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေ့ဘုတ် လူမှုရေး ကွန်ယက်၌ဆိုသည်။

“အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံးအဖွဲ့အစည်းပါ။ဒါတွေက နိုင်ငံရဲ့ ဒီမို ကရေစီအသွင် ကူးပြောင်းရေး ၊စီးပွားရေးပြုပြင်ပြောင်းလဲမှုစတဲ့ လုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမကနိုင်ငံတကာမှာမြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်ပါတယ်၊ ကျွန်တော် တို့အားလုံးက ဒါတွေကို ထိန်းဖို့ကြိုးစားနေတာဖြစ်ပါတယ် “ ဟု ဦးရဲထွဋ်က ဖေ့ဘုတ် စာမျက်နှာ တွင်ပြောကြားထားခြင်းဖြစ်သည်။

အဆိုပါပဋိပက္ခအရေးများကိုဖြေရှင်းရာ၌ နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာဖြေရှင်းသင့်ကြောင်း ၊ လူထုကလည်း ပူးပေါင်းပါဝင်တားဆီးသင့်သည်ဟု ဦးသိန်းညွှန့်ကအကြံပြုပြောဆိုသည်။
Myit Makha Mediagroup
ZinYawNews

No comments:

Post a Comment