Sunday, March 31, 2013

Eiffel မျှော်စင် ဗုံးလန့်မှုဖြစ်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က Eiffel မျှော်စင်ကြီးကို စနေနေ့က ၂ နာရီလောက်ကြာအောင် ရဲက ရုတ်တရက် ပိတ်ပစ်ခဲ့ရပြီးတော့ လူပေါင်း ၁,၄၀၀ လောက်ကို ဘေးလွတ်ရာကို သွားခိုင်းခဲ့ရပါတယ်။


ဘယ်သူဘယ်ဝါမှန်း မသိရသူတဦးက ဖုန်းခေါ်ပြီး ဗုံးရှိတယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

အနှံ့ခံခွေးတွေနဲ့ ဗုံးကို လိုက်ရှာပြီးမတွေ့တော့ မျှော်စင်ကို အများပြည်သူအတွက် ပြန်ပြီး ဖွင့်ပေးခဲ့ပါတယ်။
VOA

No comments:

Post a Comment