Sunday, March 31, 2013

မြွေတောင်မှနီကယ်သတ္တုထုတ်လုပ်ရေးစီမံကိန်းနှင့်ပတ်သက်၍ Nort Mining ကုမ္ပဏီက ချင်းပြည်နယ်အစိုးရနှင့် စတင်ဆွေးနွေး

ချင်းပြည့်နယ်ရှိ မြွေတောင်တွင် နီကယ်သတ္တု ထုတ်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်၍ NortMining ကုမ္ပဏီသည် ပြည်နယ်အစိုးရအဖွဲ့နှင့် အသေးစိတ် ဆွေးနွေးခြင်းကို ယနေ့၌ ဟားခါးမြို့၌ ပြုလုပ်ခဲ့သည်ဟု Nort Mining ကုမ္ပဏီမှ ဦးအေးဝင်းက ပြောကြားသည်။
Not Maining ကုမ္ပဏီသည် ထိုကဲ့သို့ချင်းပြည်နယ် အစိုးရအဖွဲ့အပါအဝင် ဒေသခံများအားလုံးသို့ ၎င်းတို့သတ္ထုတူးဖော်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်လင်းစွာချပြဆွေးနွေးသွားမည်ဖြစ်ပြီး အားလုံးနှင့် သဘောတူညီမှုများ ရယူပြီးပါက ၂၀၁၃ခုနှစ် ဇွန်လတွင် လုပ်ငန်းများ စတင် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီက ချင်းပြည်နယ် အစိုးရကို အမြတ်အစွန်းရဲ့ ၂% ကို ပေးမယ် ဆိုတာကတော့ နည်းတယ်ထင်လို့ သိပ်ဘ၀င်မကျဘူး။ ဒေသခံပြည်သူတွေနှင့်တွေ့ဆုံပြီး သဘောတူညီချက်ရမှ အကျိုးအမြတ်ခွဲဝေမှု ကို ပြည်ထောင်စု အစိုးရမှာ အသေးစိပ် ထပ်မံရေးဆွဲရမယ်လို့ တော့ ရှင်းပြပါတယ်” ဟု ကန်ပက်လက်လွှတ်တော်ကိုယ်စားလှယ် ဦးကီထန်လွယ်က ပြောကြားသည်။

ရှင်းလင်းပွဲကို ဟားခါးမြို့၊ ချင်းပြည်နယ်လွှတ်တော်ရုံးတွင် ယနေ့ နေ့လယ် (၁း၃၀)မှညနေ(၃း၃၀)အထိ Nort Mining ကုမ္ပဏီမှ ဘူမိဗေဒအရာရှိ ဦးလင်းမြင့်က ရှင်းလင်းပေးခဲ့ကြောင်း၊ အဆိုပါရှင်းလင်းပွဲသို့ ချင်းပြည်နယ် အစိုးရ၀န်ကြီးများ၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းကုမ္ပဏီသည် ထိုသို့ဆွေးနွေးပွဲများအား ဧပြီလ တစ်ရက်နေ့တွင် တီးတိန်နှင့်တွန်းဇံမြို့နယ် ရှိ ဒေသခံများနှင့်လည်း ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြာင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

1 comment:

  1. အ မြ တ် ၂% ဟု တ် လား......သောက် ပဲ.....

    ReplyDelete