Friday, March 8, 2013

နေပြည်တော် လေဆိပ်မှာ FMI ချာတာ လေယာဉ်တစ်စီး ဆင်းသက်စဉ် ရှေ့ဘီးအနည်းငယ်ချွတ်ယွင်းသွား

နေပြည်တော်၊ မတ် ၈

ရန်ကုန်မှ နေပြည်တော်သို့ပျံသန်းလာသော FMI ချာတာ လေယာဉ်တစ်စီးသည်၊ ယနေ့နံနက် ၉ နာရီခန့်က နေပြည်တော်လေဆိပ်သို့ဆင်းသက်စဉ် ရှေ့ဘီးအနည်းငယ်ချွတ်ယွင်းသွားကြောင်း သတင်းရရှိသည်။

အဆိုပါလေယာဉ်တွင် ခရီးသည် ၁၆ ဦးခန့်ပါရှိပြီး၊ မည်သူမျှ ထိခိုင်ဒဏ်ရာရရှိမှုမရှိသည့်အပြင် လေယာဉ်တွင်လည်း အခြား ပျက်စီးမှုလုံးဝမရှိကြောင်းသိရသည်။

AH(NYK)
popular

No comments:

Post a Comment