Friday, March 8, 2013

ရွှေကြာပင်လေး UAV

Share
ခုတလောနိုင်ငံပိုင်သတင်းစာတွေထဲမှာ ပုဂ္ဂလိက စာစောင်တွေဂျာနယ်တွေမှာ ခပ်စိပ်စိပ် ရေးသား ဖော်ပြလာကြတဲ့ သတင်းအချက်အလက်တချို့ကို သတိထားမိမယ် ထင်ပါတယ်။
အကြောင်းအရာက တော့ မောင်းသူမဲ့လေယာဉ်လို့ခေါ် တဲ့ ယူအေဗွီဆိုသော အဝေးထိန်း လေယာဉ်တွေနဲ့ ပတ်သက်တာတွေ ပါပဲ။ နောက်ဆုံးအနေနဲ့ Hot အဖြစ်ဆုံးသတင်းကတော့ တရုတ် အစိုးရအနေနဲ့ မြန်မာ့ဝေဟင်ပိုင်နက်ထဲ ယူအေဗွီ လွှတ်ပြီး ဗုံးကြဲ တိုက်ခိုက်ဖို့အထိ စီမံချက်တွေပြုလုပ် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သတင်း။ တရုတ်နိုင်ငံထုတ်  ‘Global Times’ သတင်းစာမှာ ဖော်ပြချက်အရ အတိအကျပြောရရင် နော်ခမ်းဆိုတဲ့ မြန်မာနိုင်ငံသား မူးယစ်ရာဇာတစ် ယောက်ကို သူပုန်းအောင်းနေတဲ့ တောင်ကြားတစ်နေရာမှာ လက် စတုံး ဗုံးကြဲပစ်ဖို့စီမံ ဆောင်ရွက် ခဲ့ဖူးတယ်လို့ ဖော်ထုတ်ဖွင့်ဟပြော ဆိုခဲ့တာပဲဖြစ်ပါတယ်။ တချို့သော ဂျာနယ်တွေမှာ ဖော်ပြသလို အခု လတ်တလောဝင်ပြီး တိုက်ခိုက်မယ့် အခြေအနေမျိုးမဟုတ်သလို ကီလို ၂ဝ ဗုံးတွေနဲ့ ကြဲချမယ့်ပုံမျိုးမဟုတ်ဘဲ TNT ဆိုတဲ့ပေါက်ကွဲအား ပြင်း ထန်တဲ့ ကီလို ၂ဝ လေးတဲ့ ဗုံးနဲ့ သတ်ဖြတ်ဖျက်ဆီးဖို့ ကြံစည်ခဲ့ ကြောင်းရေးသား ဖော်ပြထားတာ ပါ။
ဘယ်လိုပဲဖြစ်စေ… ယူအေဗွီကို သာမန်အကဲကြည့် ကင်း ထောက်ရုံ သက်သက်သာမကဘဲ လက်နက်တပ်ဆင် တိုက်ခိုက်ဖို့ ကြိုးစားတဲ့နေရာမှာ အမေရိကန် နိုင်ငံအနေနဲ့ ပထမဦးဆုံး လက် တွေ့ကျင့်သုံးလာခဲ့ပြီးတဲ့နောက် တရုတ်က သုံးဖို့ စတင်ကြံစည်လာ တာကို သတိထားမိကြမှာပါ။ တ ကယ်တော့ ယူအေဗွီ နည်းပညာ ပိုင်းမှာ တရုတ်ကို အထင်ကြီး လောက်စရာမရှိဘူးလို့ ယူဆ ကောင်း ယူဆနိုင်ပေမယ့် ဒီဘက် ပိုင်း သုံးလေးနှစ်အတွင်း သိသိသာ သာတိုးတက်လာခဲ့တာကို သတိပြု မိပါတယ်။ ဒါပေမဲ့ ခေတ်ရှေ့ပြေး ယူအေဗွီ နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်နေတဲ့နိုင်ငံထဲမှာ အမေ ရိကန်၊ အစ္စရေး ၊ ပြင်သစ် စတဲ့ နိုင်ငံတွေကလွဲရင် ယှဉ်နိုင်တဲ့အနေ အထားကို မရောက်သေးဘူးလို့ တော့ပြောနိုင်ပါတယ်။ ရုရှားတောင် မှ အစ္စရေးရဲ့နည်းပညာကို လေ့ လာဆဲဖြစ်ပါတယ်။
ယူအေဗွီဆိုတဲ့ အင်္ဂလိပ်စာလုံး အတိုကောက် UAV (Un-manned Aerial Vehicle) လို့ အရှည်ပြန်ပြရင် လတ်တလောမှာ အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်။ လတ်တလောလို့  ပြောရတာကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က Uninhibited Air Vehicle  လို့ ရေးသားဖော်ပြခဲ့ဖူးတာ တွေ့ခဲ့ရလို့ပါပဲ။ ယူအေဗွီကို အရပ်သုံးအနေနဲ့ Drone  လို့လည်း သုံးနှုန်းပြန်ပါတယ်။ ဒါ့အပြင် အရင်က RPV (Remotely Piloted Vehicle)  ဆိုပြီးတော့လည်း ခေါ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောင်းလဲလာတဲ့ အသုံးအနှုန်း ကတော့ ဒီမောင်းသူမဲ့လေယာဉ် အပါအဝင် မြေပြင်ထိန်းချုပ်မှု အစုအဖွဲ့တစ်ခုလုံးကိုသိမ်းကျုံးပြီး UAS (Un-manned Aerial System) လို့ ခေါ်ဆိုရေးသားမှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ဒီဆောင်းပါး မှာတော့ အများဆုံးသုံးစွဲဖော်ပြနေ တဲ့ ယူအေဗွီဆိုတာကိုပဲ အသုံးပြု တင်ပြပါရစေ။
တကယ်တမ်းပြောရရင် ယူ အေဗွီအကြောင်း ဂဃနဏသိတဲ့လူ အတော့်ကို နည်းပါးနေသေးတဲ့အ တွက် ၂ဝ ရာစုအကုန် ၂၁ ရာစု အစပိုင်းမှာ ထုတ်လုပ်သုံးစွဲမှုများ လာပြီး နာမည်ထွက်လာတဲ့ယူအေဗွီ ဆိုတာ ဘယ်လိုပစ္စည်းမျိုးလဲ သိရ အောင် တင်ပြချင်ပါတယ်။ သမိုင်း ကြောင်းချီပြီးပြောရရင် လေယာဉ်ပျံ ကို ဖြစ်မြောက်အောင်မြင်စွာ စပြီး ပျံသန်းပြနိုင်ခဲ့တဲ့ ရိုက်ညီနောင်ရဲ့ ၁၉ဝ၃ ခုနှစ် အောင်မြင်မှုနောက်ပိုင်း မရှေးမနှောင်းမှာပဲ မောင်းသူမဲ့လေ ယာဉ်ကို စတင်စမ်းသပ်ထုတ်လုပ် ခဲ့တာဖြစ်ပါတယ်။ အဓိက ကတော့ စစ်ရေးအတွက်ပါပဲ။ ၁၉၄၁ ခုနှစ် ဝန်းကျင်မှာ တိုက်လေယာဉ်လေ သူရဲတွေ ဝေဟင်ပစ်မှတ်တွေအဖြစ် ပစ်ခတ်တိုက်ခိုက်နိုင်ဖို့ လေ့ကျင့် ပစ်ခတ်စဉ်တွေအတွက် လွှတ်တင် အသုံးပြုခဲ့ပြီး ၁၉၅၅ ခုနှစ် လောက်ကစလို့ ဝေဟင်မြေပြင် အကဲကြည့် ထောက်လှမ်းရေးအ တွက် ပြောင်းလဲသုံးစွဲခဲ့ကြပါတယ်။
အမေရိကန်လေတပ်နဲ့ ရေတပ်တို့ ဟာ ဗီယက်နမ်စစ်ပွဲမှာ ယူအေဗွီ အတော်များများ သုံးစွဲခဲ့ကြတာ တွေ့ရပါတယ်။ ယူအေဗွီခေတ်ဦးမှာ သိပ်ပြီး ယုံကြည်အားထားရလောက် တဲ့အထိ နည်းပညာမထွန်းကား ခဲ့သော်လည်း အခုဒီဘက်ခေတ်မှာ အဆင့်မြင့်နည်းပညာတွေကြောင့် ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံတိုင်း ယူအေဗွီ ကို ပစ်ပယ်လို့မရတဲ့ အခြေအနေ အထိ စစ်ဘက်မှာသာမက အရပ် ဘက်မှာပါ အတော့်ကို အသုံးတည့် လာခဲ့ပါတယ်။
ယူအေဗွီများရဲ့ အရွယ်အစား ကို ပြောပါဆိုရင် သုံးစွဲမယ့်လုပ်ငန်း တာဝန်ကိုလိုက်ပြီး ချေးပိုးထိုး ကောင်လောက် အရွယ်အစားကနေ တောင်ပံအလျားပေ တစ်ရာကျော် အထိကြီးမားတဲ့ ယူအေဗွီတွေ ရှိ တယ်လို့ပြောရမှာပါ။ အိမ်ကြိုအိမ် ကြား တိုက်ခန်းတန်းလျားချောင် ကြားထဲအထိ ဝင်ရောက်မွှေနှောက် ပြီး ရန်သူ့ခေါင်းဆောင်ရှေ့မှာ ဝုန်းခနဲ ထပေါက်ကွဲကာ   သေစေ နိုင်တဲ့စွမ်းပကားမျိုးရှိသလို ကမ္ဘာ့ မြေပြင်အထက် ပေပေါင်းခြောက် သောင်းကျော် (၁၂မိုင်အမြင့်) လောက်မှာ ပတ်ဝဲပျံသန်းပြီး စတု ရန်းမိုင် လေးသောင်းလောက် အ ကျယ်အဝန်းရှိတဲ့ နယ်မြေကို(၄၈)နာရီ မနားတမ်း စောင့်ကြည့် ထောက်လှမ်းနေနိုင်တဲ့ Global Hawk လို ယူအေဗွီအကြီးစားတွေ ရှိပါတယ်။ ရန်သူ့စစ်စခန်းရဲ့အခင်း အကျင်း၊ အထားအသိုစစ်ပြင်ဆင်မှု အနေအထားတွေကိုအနီးကပ်အကဲ ကြည့်ပြီး တပ်ဆင်ထားတဲ့  ဒုံးတွေ၊ ဗုံးတွေနဲ့ ခွင့်ကြုံပစ်ခတ်နိုင်တဲ့ Tactical UAV အမျိုးအစားတွေ လည်း ရှိပါတယ်။
ပြောရရင်တော့ ယူအေဗွီနည်း ပညာဟာ ငယ်စဉ်ကသင်ခဲ့ဖူးတဲ့ ပုံပြင်ထဲက ကျေးညီနောင်လိုပါပဲ။ မုဆိုးတွေလက်ထဲရောက်တဲ့ကျေးသားကျတော့ ”ဆော်ဟေ့၊ ချဟေ့၊ သတ်ဟေ့” အော်တတ်သလိုပဲ ကျောင်းသင်္ခမ်းကိုရောက်တဲ့ ကျေး သားကျပြန်တော့ ဘုရားစာရွတ် တတ်သလို ဥပမာနှိုင်းလို့ ရပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သုံးတတ် ရင်သုံးတတ်သလောက် သုံးစွဲသူ များအတွက် အကျိုးရှိစေတာအမှန် ပါပဲ။လေ့လာမှုတွေအရ ကမ္ဘာမှာ ထုတ်လုပ်နေတဲ့ ယူအေဗွီအမျိုး အစားပေါင်း ၂၅ဝဝ ကျော်မှာ အရပ်ဘက်သုံးယူအေဗွီက ၆၆ ရာခိုင်နှုန်းအထိရှိပါတယ်။ ကျန်တဲ့ အထဲက ၃၁ ရာခိုင်နှုန်းက စစ်သုံး ယူအေဗွီတွေဖြစ်ပြီး ကျန်တဲ့ သုံးရာခိုင်နှုန်းလောက်က အဆင့် မြင့်ပညာရေးကဏ္ဍလက်တွေ့နယ် ပယ်နဲ့ သုတေသနယူအေဗွီတွေဖြစ် ပါတယ်။ အရပ်ဘက်သုံး ယူအေဗွီ ကဏ္ဍဟာလည်း တစ်နေ့တခြား တွင်ကျယ်လာတဲ့အတွက် နည်း ပညာဆန်းသစ်တီထွင်မှု အရှိန်အ ဟုန်ဟာ ထိပ်ဆုံးကိုရောက်ပြီ မဆို နိုင်သေးဘဲ ဆက်လက်ရှင်သန်တိုး မြှင့်ဆဲ ဖြစ်ပါတယ်။ အရပ်သုံး ယူ အေဗွီတွေကို သုံးစွဲရာမှာ လုပ်ငန်း အမျိုးအစားပေါင်း မြောက်မြားစွာ ရှိပါတယ်။ တရုတ်နိုင်ငံမှာ ကောက် ပဲသီးနှံ စိုက်ပျိုးမှု၊ မြေသြဇာထိ ရောက်မှု၊ အပင်တွေ ရေဓာတ်ခန်း ခြောက်မှု အခြေအနေကအစ အပေါ်စီးက လေ့လာနိုင်သလို မြေ ယာစိုက်ပျိုးရေး အာမခံလုပ်ငန်းမှာ သဘာဝဘေးဒဏ်၊ ရာသီဥတုနဲ့ ပိုးမွှားတိရစ္ဆာန်ကြောင့် သီးနှံပျက် စီးမှုဧရိယာတွေ စာရင်းပိုပြ လိမ် ညာတင်ပြတောင်းခံမှု စစ်ဆေးရေး အတွက် ကောင်းကင်စစ်တမ်း ကောက်ယူမှု ပြုလုပ်တဲ့နေရာမှာ တောင် သုံးစွဲပါတယ်။ ငလျင်ဒဏ်ခံ ဒေသ၊ မီးဘေး၊ ရေဘေး၊ ရေခဲမြစ် အရည်ပျော်ကာလ အကဲခတ်ကြည့် ခြင်းစတဲ့ သဘာဝဘေးတွေ စောင့် ကြည့်တဲ့လုပ်ငန်းအပြင် ရှာဖွေ ကယ်ဆယ်ရေးကိစ္စများမှာ လူ့အ သက်ပေါင်းများစွာ ကယ်တင်နိုင်စေ ဖို့ ကောင်းကင်အမြင့်က သတင်းအ ချက်အလက် လှုပ်ရှားမှု ဗီဒီယိုပုံ များဖမ်းယူပြီး အထောက်အကူပြု ပေးနိုင်ပါတယ်။    မြေအောက်ပေ ပေါင်း ထောင်ချီနက်တဲ့ နေရာထိ ဓာတ်သတ္တု ရေနံသဘာဝဓာတ်ငွေ့ သိုက်အခြေအနေ စစ်ဆေးခြင်း၊ ပင်လယ်ပြင်တွင်း ငါးအုပ်များရဲ့ တည်နေရာရှာဖွေခြင်း၊ မိုးလေဝသ အခြေအနေ စစ်ဆေးခြင်း၊ လေထု တွင်း ရေဒီယိုသတ္တိကြွမှုအခြေအနေ တိုင်းတာခြင်း စတဲ့လုပ်ငန်းများအ ပြင် ယုတ်စွအဆုံး ရှေးဟောင်းသု တေသနလုပ်ငန်းများမှာတောင် ရှေးဟောင်းမြို့များ တူးဖော်မှုအ တွက် အသုံးချနေတဲ့နိုင်ငံတွေ ရှိပါ တယ်။ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း မှာလည်း နယ်စပ်ဒေသ လူဝင် ထွက်မှု မှောင်ခိုလမ်းကြောင်းများ စစ်ဆေးခြင်း၊ တရားမဝင်လှေ သင်္ဘောများ အကဲကြည့်စစ်ဆေး ခြင်း စတဲ့လုပ်ငန်းများမှာ အသုံးဝင် လှပါတယ်။  (တခြားသောလုပ်ငန်း များမှာ အသုံးဝင်မှုများစွာ ရှိသေး သော်လည်း စာလေးသွားမှာစိုးတဲ့ အတွက် အသေးစိတ်မဖော်ပြ တော့ပါ။ )
ယူအေဗွီများကို စစ်ရေးအ တွက်လည်း အသုံးတည့်လှတဲ့အတွက် ဈေးကွက်အတွင်း အလုအယက် ထုတ်လုပ်ရောင်းချမှုများကို တွေ့ရပါတယ်၊ စစ်ရေးမှာ သာမန် အကဲကြည့်ယူအေဗွီ (Reconnais-sance UAV) များအပြင် ကြုံရင်ကြုံသလို အခွင့်အရေးသာတာနဲ့ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ လက်နက်တပ်ဆင်နိုင်သော ယူအေဗွီများလည်း ခေတ်စားလာတာ တွေ့ရပါတယ်။ တိုက်ခိုက်ရေးအတွက် သီးသန့်ထုတ်တဲ့ ယူအေဗွီကိုတော့ တိုက်ပွဲဝင်ယူစီအေဗွီ (Unmanned Combat Aerial Vechicle) လို့ ခေါ်ဝေါ်သုံးစွဲပါတယ်။ အမေရိကန်လေတပ်အနေနဲ့ တာလီဘန်သူပုန်များကိုတိုက်ခိုက်တဲ့နေရာမှာ RQ – 9 (Reaper)ယူအေဗွီပြီးရင် အခု နောက်ဆုံးထုတ် UCAV  ဖြစ်တဲ့ Avenger ကို စတင်အသုံးပြုဖို့ နေရာချထားပြီဖြစ်တယ်လို့ သိရ ပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ အသုံးပြုတဲ့ ယူအေဗွီများရဲ့ စွမ်း ပကား ပိုမိုကောင်းမွန်လာတာနဲ့အမျှ မိမိရဲ့တပ်ဖွဲ့ဝင်တွေ အသက်မဆုံး ရှုံးရလေအောင် ရန်သူအခြေအနေ၊ မြေအခြေအနေ ကြိုတင်ထောက် လှမ်းစုဆောင်းပြီး လိုအပ်တဲ့ စစ်နည်းဗျူဟာတွေ ကျင့်သုံးတိုက်ခိုက် နိုင်ပါတယ်၊ နောက်ပိုင်းမှာ တပ်စု တပ်စိပ်လောက်အဆင့်အထိ တစ် ပိုင်တစ်နိုင်ပစ်လွှတ်နိုင်တဲ့ ယူအေဗွီ အသေးစားများရဲ့ကဏ္ဍဟာ ပိုမို တွင်ကျယ်လာမှာဖြစ်ကြောင်း ခန့် မှန်းရပါတယ်။ ယူအေဗွီများကို လုပ်ငန်းတာဝန်နဲ့ စွမ်းပကားများ ပေါ်မူတည်ပြီး ဇယား-၁မှာ ဖော်ပြ ထားတဲ့အတိုင်း ရှစ်မျိုးလောက် ခွဲခြားသတ်မှတ်ထားတာ တွေ့ရပါ တယ်။
အမေရိကန်လေတပ်အနေနဲ့ ယူအေဗွီနည်းပညာကို လမ်းပြမြေပုံ (Road Map) ချမှတ်ပြီး အကောင် အထည်ဖော်လျက်ရှိပါတယ် ။ တစ်ချိန်မှာ လူသားတွေမောင်းနှင်တဲ့ လေယာဉ်များရဲ့နေရာကို ဝင်ရောက် အစားထိုးနေရာယူဖို့အထိ မျှော်မှန်း ဆောင်ရွက်နေတာဖြစ်သော်လည်း အချို့သောပညာရှင်များကတော့ လုံးဝအစားထိုးနိုင်ဖို့ ကွန်ပျူတာ  အသိဥာဏ်နဲ့ လူသားတို့ရဲ့ ဝေဖန် ပိုင်းခြား ဆင်ခြင်ဆုံးဖြတ်တတ်မှု ထပ်တူကျမှသာ ဖြစ်လာနိုင်လိမ့် မယ်လို့ ဝေဖန်သုံးသပ်လျက်ရှိပါ တယ်။ ဒါပေမဲ့ မကြာသောကာလ မှာတော့ ရန်သူ့ဝေဟင်ပိုင်နက် ရေဒါစက်ဝန်းထဲကို ကနဦး ဖောက် ထွင်း အုပ်ဖွဲ့ဝင်ရောက်ပြီး ရေဒါ စခန်းများနဲ့ လေတပ်အခြေစိုက် စခန်းများကို ချေမှုန်းပစ်မယ့် နည်းဗျူဟာစွမ်းပကားကို လက် တွေ့အသုံးချနိုင်မယ့် အလားအလာ ရှိပါတယ်။ အရပ်ဘက်မှာလည်း လူသားလေယာဉ်မှူးတွေနေရာကို အစားထိုးပြီး မြေပြင်ကနေ ထိန်းချုပ်မောင်းနှင်ဖို့ စီမံဆောင်ရွက်နေတာတွေရှိနေပါပြီ။ လတ်တလောမှာတော့ ကျယ်ကျယ်ပြန့်ပြန့် လက်မခံ သေးသော်လည်း တစ်ချိန်မှာ ဖြစ် မလာဘူး မပြောနိုင်ပါဘူး။
မြန်မာတို့မှာ လက်သုံးစကား တစ်ခုရှိပါတယ်။ နောက်မှပေါက်တဲ့ ရွှေကြာပင်လို့ ပြောကြဆိုကြတာ၊ ဘာကနေဘယ်လိုဆင်းသက် ပြော ဆိုမှန်း သေသေချာချာမသိရပေမယ့် ယူအေဗွီဟာ ရွှေကြာပင်တစ် မျိုးပါ။ လူတွေမောင်းတဲ့ လေယာဉ် တွေနေရာမှာ .. အစစသာလွန်လာ တဲ့ နည်းပညာတွေနဲ့ ဝင်ရောက် နေရာယူဖို့ ရင်ကော့ပြီး ဝင်လာနေ ပါပြီ။ ဘေးနားကပ်လျက်ကတရုတ် နဲ့အိန္ဒိယတင်မကပါဘူး။ ပတ်ဝန်း ကျင်.. ကိုယ့်နိုင်ငံနဲ့ ဆိုက်တူဂိုက် တူတွေအထဲကို လှမ်းကြည့်လိုက် တော့ .. သူတို့လက်ထဲမှာလည်း.. ရွှေကြာပင်တွေနဲ့ပါလား.။ဒေသတွင်း နိုင်ငံအတော်များများမှာ အမီလိုက်နေကြတဲ့ နည်းပညာအ သစ်ကို လက်မခံလို့မဖြစ်တဲ့အတူ တကယ်တမ်း ထိထိရောက်ရောက် ဖြစ်ဖြစ်မြောက်မြောက် ထွန်းကား တိုးတက်အောင် တတ်နိုင်သလောက် မြေတောင်မြှောက်ကြဖို့ ရွှေကြာပင် လေးကို လှမ်းခူးလိုက်ကြပါစို့ရဲ့ဗျာတို့။
အောင်ကျော်ငြိမ်း
popular

No comments:

Post a Comment