Monday, April 1, 2013

သဘာဝဘေးကြောင့် အာရှမှာ ပျက်စီးမှုအများဆုံး

သဘာဝဘေးကြောင့် အာရှမှာ ပျက်စီးမှုအများဆုံး
*****************************
အာရှဟာ ကမ္ဘာမှာ ဘေးအန္တရာယ်အများဆုံး ဖြစ်နေတဲ့ ဒေသအဖြစ် ကုလသမဂ္ဂ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာရုံးက ထုတ်ပြန်လိုက် ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဘေးအန္တရာယ်ဖြစ်ပွားတဲ့အကြိမ်နဲ့ သေဆုံး
ပျက်စီးမှုတွေ နှစ်ရပ်စလုံးအတွက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖိလိပိုင်နိုင်ငံက မင်ဒါနာအိုကျွန်းမှာ တိုင်ဖုန်း ပါဘလို တိုက်ခိုက်ခဲ့လို့ လူ ၁၉၀၀ သေဆုံးပြီး အိမ်ခြေ ၂သိန်းတသောင်းကျော် ပျက်စီးခဲ့ပါတယ်။

၂၀၁၂ ခုနှစ်အတွင်းမှာ ကမ္ဘာတ၀ှန်း ဘေးအန္တရာယ်ကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၁၃၈ ဘီလီယံကျော်ရှိခဲ့ပြီး ဒီလိုဆုံးရှုံးမှုဟာ ၃နှစ်ဆက်တိုက်ဖြစ်နေပါတယ်။

ပြီးခဲ့နှစ်အတွင်း ဘေးအန္တရာယ် ကျရောက်မှုပေါင်း ၃၁၀ ရှိခဲ့ရာမှာ လူပေါင်း ၉၃၀၀ သေဆုံးခဲ့ပါတယ်။ လူဦးရေသန်း ၁၀၀ ကျော်ကတော့ ဒီဘေးရန်
တွေကြောင့် နေရာရွှေ့ပြောင်းခဲ့ရပါတယ်။

၂၀၁၂ မှာ အမေရိကတိုက်မှာ ဟယ်ရီကိန်းနဲ့ ရေခန်းခြောက်မှု၊ ဥရောပမှာ အအေးလှိုင်း၊ အာဖရိကမှာ ရေခန်းခြောက်မှုနဲ့ တချို့နေရာမှာ
ရေကြီးရေလျှံမှု၊ တွေ ဖြစ်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်တွေဟာ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ အဓိက ပြဿနာ ဖြစ်နေပြီး ကမ္ဘာ့လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂ သဘာဝဘေး အန္တရာယ်လျှော့ချရေးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ M

ကိုးကား- http://www.philstar.com/headlines/2013/04/01/925545/asia-most-disaster-prone-region-un-report
Credit:Burma-Newselite

ZinYawNews အာရှဟာ ကမ္ဘာမှာ ဘေးအန္တရာယ်အများဆုံး ဖြစ်နေတဲ့ ဒေသအဖြစ် ကုလသမဂ္ဂ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာရုံးက ထုတ်ပြန်လိုက်ပါ တယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဘေးအန္တရာယ်ဖြစ်ပွားတဲ့အကြိမ်နဲ့ သေဆုံး ပျက်စီးမှုတွေ နှစ်ရပ်စလုံးအတွက် ထုတ်ပြန်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖိလိပိုင်နိုင်ငံက မင်ဒါနာအိုကျွန်းမှာ တိုင်ဖုန်း ပါဘလိုတိုက်ခိုက်ခဲ့လို့ လူ ၁၉၀၀ သေဆုံးပြီးအိမ်ခြေ ၂သိန်း တသောင်းကျော် ပျက်စီးခဲ့ပါတယ်။

၂၀၁၂ ခုနှစ်အတွင်းမှာ ကမ္ဘာတ၀ှန်း ဘေးအန္တရာယ်ကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၁၃၈ ဘီလီယံကျော်ရှိခဲ့ပြီး ဒီလိုဆုံးရှုံးမှုဟာ ၃နှစ်ဆက်တိုက်ဖြစ်နေပါတယ်။

ပြီးခဲ့နှစ်အတွင်း ဘေးအန္တရာယ် ကျရောက်မှုပေါင်း ၃၁၀ ရှိခဲ့ရာမှာ လူပေါင်း ၉၃၀၀ သေဆုံးခဲ့ပါတယ်။ လူဦးရေသန်း ၁၀၀ ကျော်ကတော့ ဒီဘေးရန်တွေကြောင့် နေရာရွှေ့ပြောင်းခဲ့ရပါတယ်။

၂၀၁၂ မှာ အမေရိကတိုက်မှာ ဟယ်ရီကိန်းနဲ့ ရေခန်းခြောက်မှု၊ ဥရောပမှာ အအေးလှိုင်း၊ အာဖရိက မှာ ရေခန်းခြောက်မှုနဲ့ တချို့နေရာမှာရေကြီးရေလျှံမှု၊ တွေ ဖြစ်ခဲ့ပါတယ်။ သဘာဝဘေး အန္တရာယ်တွေဟာ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ အဓိက ပြဿနာ ဖြစ်နေပြီးကမ္ဘာ့လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂ သဘာဝဘေး အန္တရာယ်လျှော့ချရေးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Credit:Burma-Newselite
ZinYawNews

No comments:

Post a Comment