Monday, April 1, 2013

အင်အားကြီး နိုင်ငံ များက မျက်ခြည် မပြတ်စောင့်ကြည့် နေသည့် ကိုရီးယား ကျွန်းဆွယ် ပေါ်မှ တင်းမာ မှုများ


အင်အားကြီး နိုင်ငံ များက မျက်ခြည် မပြတ်စောင့်ကြည့် နေသည့် ကိုရီးယား ကျွန်းဆွယ် ပေါ်မှ တင်းမာ မှုများ

မြောက် ကိုရီးယား နိုင်ငံသည် ယခုအခါ တောင် ကိုရီးယား နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် အခြေ အနေ တစ်ရပ် အတွင်းသို့  ဝင်ရောက် လာပြီ ဖြစ်ကြောင်း မြောက် ကိုရီး

ယား အာဏာပိုင် များက ပြောကြား လိုက်ပြီး အမေရိကန် ပြည်ထောင်စု၏ အဓိက ပြည်မကြီး ကိုလည်း တိုက်ခိုက် ဖျက်ဆီး ပစ်မည်ဟု ခြိမ်းခြောက် ခဲ့မှုကြောင့် တဖြည်းဖြည်း မြင့်တက် လာသည့် ကိုရီးယား ကျွန်းဆွယ်ပေါ်မှ တင်းမာ မှုများနှင့် စပ်လျဉ်း၍ အင်အားကြီး နိုင်ငံများက  မျက်ခြည် မပြတ် စောင့်ကြည့်လျက် ရှိသည်ကို တွေ့ရသည်။

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံက ၁၉၅ဝ- ၁၉၅၃ ခုနှစ် စစ်ပွဲ အပြီးတွင် ချုပ်ဆို ခဲ့သည့် သဘောတူ စာချုပ်မှာ အပစ် အခတ် ရပ်စဲရေး အတွက်သာ ဖြစ်ပြီး  ငြိမ်းချမ်းရေး စာချုပ် မဟုတ်သောကြောင့် ယင်း နှစ်နိုင်ငံသည် ဥပဒေ သတ်မှတ်ချက် အရ ဆိုရ ပါမူ စစ်ဖြစ်နေဆဲ အခြေ အနေတွင် ရှိနေသည်ဟု ဆိုနိုင် ပါသည်။ ယင်းအပစ် အခတ် ရပ်စဲရေး သဘောတူ စာချုပ် ကိုလည်း မြောက်ကိုရီးယား အစိုးရက ဖျက်သိမ်းကြောင်း မတ် ၁၁ ရက်က ကြေညာ ခဲ့သည်။

မြောက် ကိုရီးယား အစိုးရ အနေဖြင့် ဟာဝိုင်အီ၊  ဂူဟမ်ကျွန်း၊  တောင် ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် စစ်စခန်း များနှင့် အမေရိကန် ပြည်ထောင်စု အတွင်း ရှိ ပစ်မှတ် များကို ဦးစွာ တိုက်ခိုက် သွားမည်ဟု ကြေညာထားပြီး မြောက် ကိုရီးယား စစ်တပ်၏  မဟာဗျူဟာ ဒုံးကျည် တပ်ဖွဲ့ကို လက်ရှိ အချိန်တွင် အသင့် အနေ အထား ပြင်ဆင်ထားရန် ကင်ဂျုံအွန်က အမိန့်ပေး ထားပြီး ဖြစ်သည်။

မြောက် ကိုရီးယား၏ ခြိမ်းခြောက်မှု များသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့ နှစ်နိုင်ငံ အကြား ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ် အတွင်း  အမေရိကန် အစိုးရ က နျူကလီးယားဗုံး သယ် ဆောင်နိုင်သော B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကို အသုံးပြု လေ့ကျင့်ပြီး နောက်ပိုင်း တွင် ထွက်ပေါ် လာခြင်း ဖြစ်သည်


Read more>> http://bit.ly/13HJKZ6 မြောက်ကိုရီးယား နိုင်ငံသည် ယခုအခါ တောင်ကိုရီးယား နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန်အခြေအနေ တစ်ရပ်အတွင်းသို့ ဝင်ရောက် လာပြီ ဖြစ်ကြောင်း မြောက်ကိုရီးယားအာဏာပိုင်များက ပြောကြား လိုက်ပြီး အမေရိကန်ပြည်ထောင်စု၏ အဓိက ပြည်မကြီးကိုလည်း တိုက်ခိုက်ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့မှုကြောင့် တဖြည်းဖြည်း မြင့်
တက်လာသည့် ကိုရီးယားကျွန်းဆွယ်ပေါ်မှတင်းမာမှုများနှင့်စပ်လျဉ်း၍ အင်အားကြီး နိုင်ငံများက မျက်ခြည် မပြတ် စောင့်ကြည့်လျက်ရှိသည်ကို တွေ့ရသည်။


တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံက ၁၉၅ဝ- ၁၉၅၃ ခုနှစ် စစ်ပွဲ အပြီးတွင် ချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ်မှာ အပစ်အခတ်ရပ်စဲရေးအတွက်သာဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်မဟုတ်သောကြောင့် ယင်း နှစ်နိုင်ငံ သည် ဥပဒေသတ်မှတ်ချက်အရဆိုရပါမူ စစ်ဖြစ်နေဆဲ အခြေအနေတွင်ရှိနေသည်ဟု ဆိုနိုင်ပါသည်။ ယင်းအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုလည်း မြောက်ကိုရီးယားအစိုးရက ဖျက်သိမ်းကြောင်း မတ် ၁၁ ရက်က ကြေညာခဲ့သည်။

မြောက်ကိုရီးယား အစိုးရအနေဖြင့် ဟာဝိုင်အီ၊ ဂူဟမ်ကျွန်း၊ တောင်ကိုရီးယား နိုင်ငံအတွင်းရှိ အမေရိကန် စစ်စခန်းများနှင့် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပစ်မှတ်များကိုဦးစွာတိုက်ခိုက်သွားမည်ဟု ကြေညာ ထားပြီး မြောက်ကိုရီးယား စစ်တပ်၏မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့ကို လက်ရှိအချိန်တွင် အသင့်အနေ အထား ပြင်ဆင်ထားရန် ကင်ဂျုံအွန်က အမိန့်ပေး ထားပြီး ဖြစ်သည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့ နှစ်နိုင်ငံ အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ်အတွင်း အမေရိကန်အစိုးရက နျူကလီးယားဗုံးသယ်ဆောင်နိုင်သော B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကို အသုံးပြု လေ့ကျင့်ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်
From..မြ၀တီ



No comments:

Post a Comment