Wednesday, April 10, 2013

ပဲခူးခရိုင် ဝေါမြို့တွင် လမ်းဖို့ရန်အတွက် မြေတူးရာမှ ရှေးဟောင်း ရုပ်တုများတွေ့ရှိ

AddThis Social Bookmark Button
4.10.1
တူးဖော်တွေ့ရှိခဲ့သည့် ရှေးဟောင်းရုပ်တုများ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ဝေါမြို့အရှေ့ဘက်(၂) မိုင်ခန့်အကွာ ရွှေလက်ခုပ် ဘုန်းကြီးကျောင်းတွင် ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်၌ လမ်းဖို့ရန် အတွက် မြေတူး ရာမှ ရှေးဟောင်းရုပ်တုများ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
တူးဖော်တွေ့ရှိခဲ့သည့် နေရာမှာ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းမဘေး ပေ ၅၀ ခန့် အကွာတွင် ဖြစ်ပြီး မင်းသမီးရုပ်တုဟု ယူဆရသည့် အမျိုးသမီးရုပ်တု အကျိုးအပဲ့များ၊ နွားရုပ်နှင့် ခြင်္သေ့ရုပ်ပါ ပန်းပြားများ အပြင် အခြားရုပ်ပုံများ ပါဝင်သည့် ပန်းပြားများလည်း ပါဝင်သည်။
နွားရုပ်နှင့် ခြင်္သေ့ရုပ်ပါ ပန်းပြားနှစ်ချပ်မှာ ပျက်စီးမှု သိပ်မရှိသေးဘဲ ရှေ့ခေတ်လက်ရာများကို ပီပြင်စွာ လေ့လာနိုင်သော အခြေအနေတွင် ရှိနေကြောင်း သိရသည်။
အမျိုးသမီး ရုပ်တုများနှင့် ပတ်သက်၍ သမိုင်းလေ့လာသူ တချို့က ဘုရင့်မိဖုရားများ၏ ရုပ်တု များ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများလည်း ရှိနေသည်ဟု သိရသည်။
ယခုတူးဖော်တွေ့ရှိခဲ့သည့် နေရာမှာ ဝေါမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကျုံတူဘုရား အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဟံသာဝတီခေတ်၏ အရံ ၃၂ မြို့တွင် ပါဝင်သော ကျုံတူမြို့ဟောင်း တည်ရှိခဲ့ရာ နေရာအတွင်း၌ ကျရောက်ကြောင်း သိရှိရပါသည်။
From...Eleven

No comments:

Post a Comment