Wednesday, April 10, 2013

ကျောင်းသွားရန် ငြင်းဆန်သည့်သားအား ရဲကလက်ထိပ်ခတ်ကျောင်းပို့

ကျောင်းသွားရန် ငြင်းဆန်သည့်သားအား ရဲကလက်ထိပ်ခတ်ကျောင်းပို့
Wednesday, April 10, 2013

အသက် ၁၁ နှစ်အရွယ်ရှိ သားဖြစ်သူသည် ကျောင်းသွားရန် ငြင်းဆန်နေ
သဖြင့် ရဲကိုခေါ်ပြီး လက်ထိပ်ခတ်ကာ ကျောင်းပို့ရသည့် အဖြစ်အပျက်တစ်ခု နယူးမက်ဆီကို၊ အာတီဆီးယားမြို့ ရီဆိုအထက်တန်းကျောင်း တွင် ဖြစ်ပွားခဲ့
သည်။

သားဖြစ်သူသည် ကျောင်းသွားရန် ငြင်းဆန်သဖြင့် ပြောမရသည့် အဆုံးတွင် မိခင်သည် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားပြီး အကူအညီတောင်း
ခဲ့သည်။

ရဲမေတစ်ဦးသည် အိမ်သို့ရောက်လာပြီး သားကို လက်ထိပ်ခတ်ကာ ကျောင်း
အရောက် ကားဖြင့် လိုက်ပို့ခဲ့ သည်။ ကျောင်းရှေ့သို့ အရောက်တွင်ကား
နောက်ခန်းမှ လက်ထိပ်တန်းလန်းဖြင့်သားကို ဆွဲထုတ်လာသည့် မြင်
ကွင်းအား ကျောင်းရှိဆရာများနှင့် ကျောင်းလာပို့ကြသော မိဘများမြင်တွေ့ပြီး စိတ်ဆိုးကြသည်။

ရဲက ကျောင်းသားကို လက်ထိပ်ဖြင့် ဆွဲခေါ်လာသည်ကို ဆရာများ
က မြင်ပြီးနောက် ရဲကို အပြစ်တင်ပြီး စုံစမ်း မေးမြန်းခဲ့ကြသည်။

ရဲက သူ၏ မိခင်နှင့် အဖွားဖြစ်သူတို့က ဖုန်းဆက်ခေါ်ပြီး သင်ခန်းစာပေး
လိုသဖြင့် ယခုကဲ့သို့ လက်ထိပ်ခတ်ကာ ကျောင်းပို့ပေးရန် တောင်းဆိုသော
ကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းပြသကဲ့သို့ စခန်းသို့လည်း ဤအတိုင်း
ပြန်လည်အစီရင်ခံခဲ့သည်။

သူ့အနေဖြင့် ကလေးသည် ကျောင်းသွားရန် ငြင်းဆန်ရုံမက ကစား
ကွင်းထဲသို့ ပြေးထွက်သွားသဖြင့် သူကိုယ်တိုင် လိုက်ဖမ်းကာ ခေါ်ခဲ့
ရကြောင်း ရှင်းပြခဲ့သည်။

မိဘတစ်ဦးကမူ ယခုလုပ်ရပ်သည် လက်ခံနိုင်စရာ အကြောင်းမရှိ။ ကလေးသည် မည်မျှ ငြင်းဆန်သည်ဆိုစေ လူသားမဆန်စွာဖြင့် ဤသို့လက်ထိပ်ခတ်ပြီး ဆွဲခေါ်လာစရာ အကြောင်းမရှိ။ မိမိတို့
အနေဖြင့် ဤသို့ အခြေအနေ ရောက်စေရန် ဖန်တီးသည့် မိဘများ
ကိုရော၊ ရဲကိုပါ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ရဲစခန်းမှ တာဝန်ရှိသူများက ပြဿနာသေးသေးလေးကို ကြီးထွားစေ
ရန် အကူအညီပေးသည့်ရဲမေအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကျောင်းအာဏာပိုင်များကမူ ယခုကိစ္စကို မိမိတို့ကျောင်း
မှ သီးခြား အရေးယူစစ်ဆေးသွားမည်ဟုဆိုသည်။ 


ရွှေမောင်
မောက္ခနိုင်ငံတကာသတင်း အသက် ၁၁ နှစ်အရွယ်ရှိ သားဖြစ်သူ သည် ကျောင်း သွားရန် ငြင်း ဆန်နေ သဖြင့် ရဲကိုခေါ်ပြီး လက်ထိပ်ခတ်ကာ ကျောင်းပို့ရသည့် အဖြစ် အပျက်တစ်ခု နယူးမက်ဆီကို၊ အာတီဆီးယားမြို့ ရီဆို အထက် တန်းကျောင်းတွင် ဖြစ်ပွားခဲ့ သည်။
သားဖြစ်သူသည် ကျောင်းသွားရန် ငြင်းဆန်သဖြင့် ပြောမရသည့် အဆုံးတွင် မိခင်သည် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားပြီး အကူ အညီတောင်းခဲ့သည်။

ရဲမေတစ်ဦးသည် အိမ်သို့ရောက်လာပြီး သားကို လက်ထိပ်ခတ်ကာ ကျောင်းအရောက် ကားဖြင့် လိုက်ပို့ခဲ့ သည်။ ကျောင်းရှေ့သို့ အရောက်တွင်ကားနောက်ခန်းမှ လက်ထိပ်တန်းလန်းဖြင့်သားကို ဆွဲထုတ် လာသည့် မြင်ကွင်းအား ကျောင်းရှိဆရာများနှင့် ကျောင်းလာပို့ကြသော မိဘများမြင်တွေ့ပြီး စိတ်ဆိုး ကြ သည်။

ရဲက ကျောင်းသားကို လက်ထိပ်ဖြင့် ဆွဲခေါ်လာသည်ကို ဆရာများက မြင်ပြီးနောက် ရဲကို အပြစ်တင်ပြီး စုံစမ်း မေးမြန်းခဲ့ကြသည်။

ရဲက သူ၏ မိခင်နှင့် အဖွားဖြစ်သူတို့က ဖုန်းဆက်ခေါ်ပြီး သင်ခန်းစာပေးလိုသဖြင့် ယခုကဲ့သို့ လက်ထိပ် ခတ်ကာ ကျောင်းပို့ပေးရန် တောင်းဆိုသောကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းပြသကဲ့သို့ စခန်းသို့ လည်း ဤအတိုင်းပြန်လည်အစီရင်ခံခဲ့သည်။

သူ့အနေဖြင့် ကလေးသည် ကျောင်းသွားရန် ငြင်းဆန်ရုံမက ကစားကွင်းထဲသို့ ပြေးထွက်သွားသဖြင့် သူကိုယ်တိုင် လိုက်ဖမ်းကာ ခေါ်ခဲ့ရကြောင်း ရှင်းပြခဲ့သည်။

မိဘတစ်ဦးကမူ ယခုလုပ်ရပ်သည် လက်ခံနိုင်စရာအကြောင်းမရှိ။ ကလေးသည် မည်မျှ ငြင်းဆန်သည် ဆိုစေလူသားမဆန်စွာဖြင့် ဤသို့လက်ထိပ်ခတ်ပြီး ဆွဲခေါ်လာစရာ အကြောင်းမရှိ။ မိမိတို့အနေဖြင့် ဤသို့ အခြေအနေ ရောက်စေရန် ဖန်တီးသည့် မိဘများကိုရော၊ ရဲကိုပါ ကန့်ကွက်ကြောင်း ပြောကြား ခဲ့သည်။

ရဲစခန်းမှ တာဝန်ရှိသူများက ပြဿနာသေးသေးလေးကို ကြီးထွားစေရန် အကူအညီပေးသည့်ရဲမေအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကျောင်းအာဏာပိုင်များကမူ ယခုကိစ္စကို မိမိတို့ကျောင်းမှ သီးခြား အရေးယူစစ်ဆေးသွားမည်ဟုဆိုသည်။

ရွှေမောင်
မောက္ခနိုင်ငံတကာသတင်း


No comments:

Post a Comment