Monday, April 22, 2013

ရပ်ကွက်ထဲကနေရာလွတ်တွေ





၁၉၅၀ ၀န်းကျင်လောက်က မြောက်ဥက္ကလာ၊ တောင်ဥက္ကလာသာကေတ ဒေါပုံအစရှိတဲ့ မြို့သစ်တွေကို တိုးချဲ့ခဲ့ကြ  တယ်။ မြို့သစ်တွေမှာ နေရာလွတ်တော်  တော်များများကိုထားခဲ့ကြတယ်။ စာရေး သူလေ့လာသိရှိသလောက်မြေကွက်လွတ်   တွေကတော့ မီးတားလမ်း၊ စည်ပင်လမ်း ကြား၊ ရေလျှံကွင်း၊ ကစားကွင်းသမ၀ါယ မဆိုင်များနဲ့ အစိုးရအရက်ဆိုင်နေရာများ  ဖြစ်ကြပါတယ်။ ဒါအပြင်မီးသတ်ကန်များ  ၀န်ကျင်တွေကလည်း နေရာလွတ်တွေရှိ နေခဲ့ပါတယ်။ အခုတော့ အဲဒီနေရာတွေ မှာ အထူးအာဏာတွေသုံးပြီးနေရာတွေ  ၀င်ယူလာကြတာတွေ့နေရတယ်။ အချို့ နေရာတွေမှာကြတော့ ဈေးသည်တွေက ပျံကျရောင်းနေရင်းက ကိုယ်ပိုင်လိုပုံစံနဲ့ ဆိုင်တွေဖွင့် လူတွေနေပြီး နေရာကို ရောင်းစားနေကြတာတောင်တွေ့နေရတယ်။
ဥပမာအနေနဲ့ တောင်ဥက္ကလာက (၁၃) ရပ်ကွက်ကို လေ့လာကြည့်ကြပါ။  စည်ပင်လမ်းကြားတွေရဲ့ အပေါက်ဝမှာ ဆိုင်တွေဖွင့်ထားကြတယ်။ အဲဒီဆိုင်တွေ ကို သွားဝယ်ကြည့်ရင်ပေါက်ဈေးက (၃) သိန်းလောက်ရှိတယ်။ ဆင်းရဲသားတွေ လုပ်ကိုင်ရှာ်ဖွေစားသောက်ဖို့အတွက်နား လည်မှုပေးနိုင်ပေမဲ့ စည်းကမ်းမဲ့မူတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်မူတွေဖြစ်နေ တယ်။ နောက်ပြီး ရပ်ကွက်အတွင်းက လမ်းတွေအချင်းချင်းချိပ်ဆက်ထားတဲ့ လမ်းသွယ်ကလေးတွေကို အိမ်တွေကချဲ့ ပြီး ပိတ်ဆို့လိုက်ကြတယ်။ ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့်ရောင်းစားခဲ့ကြတော့  တကယ်အတည်လို့ဖြစ်နေကြတယ်။ လမ်း  တစ်လမ်းကနေနောက်တစ်လမ်းကိုသွား ဖို့ကြားဖြတ်လမ်းတွေမရှိတော့ဘူးဖြစ်နေ ကြတယ်။ တစ်တွေ့တစ်ပတ်ကြီးသွားနေ  ကြရတယ်။ အမုန်းခံပြီးပြောမယ့်သူမရှိ ကြဘူးဖြစ်နေတယ်။
ဒါကဆင်းရဲသားတွေမရှိလို့လုပ်နေ တာဖြစ်ပေမဲ့ သံသုမာအားကစားကွင်း ပေါ်မှာ ဂတ်စ်ဆိုင်တွေ၊ ပုဂ္ဂလိကဆီဆိုင်  တွေလာဖွင့်ဖို့လုပ်နေတာကတော့ မရှိလို့  လုပ်စားနေတာမဟုတ်တော့ဘူး။ စီးပွား ကိုအခွင့်အာဏာရှိသူတွေနဲ့ ပူးပေါင်းပြီး ပြည်သူကိုမလေးမခန့်လုပ်နေတာဖြစ် တယ်။ ဒီမိုကရေစီကိုပြောင်ပြောင်တင်း  တင်းစိန်ခေါ်နေကြတာဖြစ်တယ်။ လုပ်ချင်   တယ်ဆိုရင်တော့ တရားဝင်အများကို အသိပေးပြီး လုပ်ကိုင်သင့်တာပေါ့။ အဲဒီ ကွင်းဘေးမှာအရင်ကစပါးခင်တွေရှိတယ်။  အဲဒီစပါးခင်းတွေနေရာမှာ အိမ်ကြီးခရိုင် တွေဝင်လာတယ်။ အစိုးရအရက်ဆိုင်နေ ရာကလည်း ပျောက်သွားတယ်။ ဖြစ်သင့်  တာက ဒီနေရာလွတ်တွေမှာ ဘုတ်ထောင်  ပြီး ဘယ်လောက်နဲ့ ရောင်းမယ်။ ၀ယ်ချင်   သူတွေ သက်ဆိုင်ရာမှလျှောက်လွှာတင် ပြီး ၀ယ်ကြပေါ့ဆိုပြီး ဖြစ်သင့်တာ။ အခု တော့ လက်သိပ်ထိုးတွေနဲ့ အကျင့်ပျက် ခြစားမှုတွေကို ရပ်ကွက်နေပြည်သူတွေကို  မလေးမခန့်လုပ်ကြတာတော့ အိုးအိမ်တို့ စည်ပင်တို့ရဲ့ခြစားမှုတွေဖြစ်နေမှာတို့ယိုး စွပ်ရမလိုဖြစ်နေတယ်။
နောက်တစ်နေရာက ဒေ၀ဒဟလမ်း  ပေါ်က မီးတာလမ်းပါပဲ။ အဲဒီမြေကွက် လွတ်တွေမှာ စည်ပင်ဝန်ထမ်းအိမ်တန်း လျှားတွေဆောက်ပြီး လူတွေလာနေကြ တယ်။ သန်းခေါင်းစာရင်းကိစ်္စဧည့်စာရင်း ကိစ်္စတွေဘယ်လိုလုပ်ကြသေလဲ။ စည်ပင် ၀န်ထမ်းတွေအတွက်နေစရာလေးရတာ ကို ၀မ်းသာရပေမဲ့တစ်ဖက်က လူမှုရေး ရှုတ်တွေးမူကိစ္စကို ဘယ်လိုရှင်းမလဲ။ အဲဒီနေရာက အတည်ဖြစ်သွားမှာလား။ မီးတားလမ်းရည်ရွယ်ချက်ပျောက်သွားမှာ လား။ လျှပ်စစ်မီးဖြန့်ဝေအသုံးချမှု ရေးပေး   ဝေမှုကိုတာတွေကို ဘယ်လိုရှင်းကြမလဲ။  ဒါတွေကို အဆင်ပြေအောင်ညှိပြီးသွား ပြီလို့ထင်ပါတယ်။
သံသုမာလမ်းပေါ်က ယဿဝတီလမ်း  နှင့် အနော်မာလမ်းကြားက သမဆိုင်နေ ရာက ကာလပေါက်ဈေးနဲ့ ဆိုရင် သိန်းထောင်ဂဏန်းလောက်တန်ပါတယ်။  အဲဒီနေရာကိုဘယ်သူတွေက လက်ဝါး ကြီးအုပ်ထားလည်း ပွင့်လင်းစွာနဲ့ လေလံတင်ဖို့မလိုဘူးလား။
တောင်ဥက္ကလာ (၁၀) ရပ်ကွက် ၂၆ လမ်းအဆုံးမှာ ကန်စွန်းအိုင်ကြီးရှိတယ်။ ရပ်ကွက်ထဲက ရေလျှံကွင်းအဖြစ်နှစ်ကာ လများစွာရှိနေခဲ့တယ်။ အဲဒီနေရာကို အခုမြေကြီးတွေဖို့ပြီးနေရာဝင်ယူနေကြပြီ။   ရပ်ကွက်ရဲ့ ရေမြောင်းစနစ်ကမကောင်း ဘူးရေလျှံကွင်းတွေထဲကို မြေတွေဖို့ပြီး နေရာလာဝင်ယူကြတယ်။ ဒါဆိုရင်မိုး တွင်းမှာရပ်ကွက်တွေအတွင်း ရေလျှံမှုပဲ ဖြစ်လာမယ်။ ရေလျှံကွင်းတွေမှာ နေရာ  လာယူတော့မယ်ဆိုရင်ရပ်ကွက်အတွင်းက   ရေမြောင်းစနစ်တွေကို ကောင်းအောင်လုပ်  သင့်တာပေါ့။ ဘယ်လိုလူတွေက ဘယ်လို  အခွင့်တွေသုံးပြီး ၀င်ယူနေတယ်ဆိုတာ ကိုတော့ မပြောချင်တော့ပါဘူး။ ပုဂ်္ဂိုလ် ရေးဆိုင်ရာထိခိုက်မှုတွေရှိလာပါလိမ့်မယ်။ ဒါကနမူနာအဖြစ်ရေးပြတာပါ။
စာရေးသူတင်ပြချင်တာက မြို့သစ်    တွေက အခုတော့စည်ကားမှုတွေရှိနေပါ ပြီ။ အကြောင်းအကြောင်းကြောင့်နေရာ လွတ်တွေထားခဲ့တာကို အခွင့်ထူးခံတွေ က နေရာဝင်ယူလာကြတယ်။ အိုးအိမ် တို့၊ စည်ပင်တို့က အဲဒီနေရာတွေကို ရောင်းစားချင်တယ်။ အစိုးရအတွက် ၀င်ငွေရစေချင်တဲ့ စေတနာရှိတယ်ဆိုရင်  တရားဝင်ဘုတ်ထောင်၊ ကြော်ငြာပြီးဈေး ပြိုင်စနစ်နဲ့ ရောင်းချလည်းရပါတယ်။ အခုတော့ လက်သိပ်ထိုးတွေများနေတော့ သမ္မတကြီးရဲ့ အကျင့်ပျက်ခြစားမူတိုက် ဖျက်ရေးအစီအစဉ်ကို ပေါ်ပေါ်ထင်ထင် ကြီးစိန်ခေါ်နေသလိုဖြစ်နေတယ်။ သမ္မတ  ကြီးရဲ့ အစိုးရအဖွဲ့ဝင်တွေထဲမှာ ပိုးထိုး နေတာကိုမြင်နေရတယ်။ အဲဒီ ပိုးမွှာတွေ ကင်းမှ သမ္မတကြီးပြောတဲ့ သန့်ရှင်းသော အစိုးရအဖွဲ့ကို မြင်တွေ့ရမှာပါ။ လုပ်နေ တဲ့ သူတွေကို တာဝန်ရှိသူတွေက ရဲရဲ တင်းတင်းဆွဲထုတ်ပြီး အပြစ်ပေးစေချင် တယ်။ နည်းလမ်းဟောင်းတွေနေရာမှ ခေတ်စနစ်နဲ့ သင့်တော်တဲ့ နည်းစနစ် အသစ်တွေအစားထိုးစေချင်တယ်။

  မောင်ယဿ
HotNewsWeekly

No comments:

Post a Comment