Monday, April 22, 2013

စပါးကို အရေး နိမ့်သွားခဲ့ပုံမှာ မယုံနိုင်လောက်စရာဟု မန်စီးတီး မန်နေဂျာ မန်စီနီ ဝန်ခံ

စပါးကို အရေး နိမ့်သွားခဲ့ပုံမှာ မယုံနိုင်လောက်စရာဟု မန်စီးတီး မန်နေဂျာ မန်စီနီ ဝန်ခံ  
Monday ,April22 ,2013

မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက တော့တင်ဟမ် ဟော့စပါးကို အရေး နိမ့်ခဲ့သည့် ပွဲစဉ်ရလဒ် အတွက် ယုံနိုင်စရာ မရှိအောင် အံ့ဩမိကြောင်း ညည်းတွားခဲ့သည်။


အီတလီသား မန်နေဂျာကြီး၏ အသင်းသည် ဝှိုက်ဟတ်လိန်းတွင် စောစီးစွာ ဦးဆောင်ဂိုး ရခဲ့သလို အိမ်ရှင်အပေါ် အကောင်းဆုံး တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း (၇၅)မိနစ် နောက်ပိုင်းတွင် (၃)ဂိုးဆက်တိုက် ပေးရပြီး (၃-၁)ဖြင့် ရှုံးနိမ့် သွားသည်။ မန်စီးတီးသည် ယခုပွဲ အရှုံး ရလဒ်ကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်ရေး မျှော်လင့်ချက်မှာလည်း ဆုံးခန်း တိုင်သလောက် ဖြစ်လာခဲ့သည်။ မန်စီနီက ယခုရလဒ် အတွက် အံ့ဩ စိတ်ရှုပ်ရကြောင်း ဝန်ခံ ပြောကြားသွားသည်။



"ဒီပွဲမျိုးကို ကျွန်တော်တို့ ရှုံးတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပွဲချိန် မိနစ်(၈၀)လောက်မှာ ကျွန်တော်တို့ အသင်းက ပွဲကို စိတ်ကြိုက် ထိန်းချုပ်ထားနိုင်တာကြောင့်ပါ။ မန်စီးတီး အနေနဲ့ ဂိုးသွင်းဖို့ အခွင့်အလမ်းတွေလည်း အများကြီး ရခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ဘောလုံးပဲလေ။ ပွဲရလဒ်ကို ပြတ်သားအောင် မစွမ်းဆောင်နိုင်ဘူး ဆိုရင် ခုလို အခြေအနေတွေ ကြုံရတတ်တာ ဓမ္မတာပါပဲ" ဟု မန်စီနီက မှတ်ချက်ပြုသွားသည်။ မန်စီနီက ယခုအခါ မန်ချက်စတာ ယူနိုက်တက် အသင်းသည် ချန်ပီယံဖြစ်ရန် သေချာ နေပြီဟုလည်း ပြောကြားခဲ့သည်။

ဒီပွဲမျိုးကို ကျွန်တော်တို့ ရှုံးတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပွဲချိန် မိနစ်(၈၀)လောက်မှာ ကျွန်တော်တို့ အသင်းက ပွဲကို စိတ်ကြိုက် ထိန်းချုပ်ထားနိုင်တာကြောင့်ပါ။ မန်စီးတီး အနေနဲ့ ဂိုးသွင်းဖို့ အခွင့်အလမ်းတွေလည်း အများကြီး ရခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ဘောလုံးပဲလေ။ ပွဲရလဒ်ကို ပြတ်သားအောင် မစွမ်းဆောင်နိုင်ဘူး ဆိုရင် ခုလို အခြေအနေတွေ ကြုံရတတ်တာ ဓမ္မတာပါပဲ...
"တကယ်တော့လည်း ချန်ပီယံ လုပွဲက လွန်ခဲ့တဲ့ (၃)ပတ်၊ (၄)ပတ်လောက် ကတည်းက ပြီးနှင့်နေပါပြီ။ မန်ယူဟာ ချန်ပီယံဆုနဲ့လည်း ထိုက်တန်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ အသင်းထက် ပိုကောင်းတယ်လို့ မပြောဘူးနော်။ ဒါပေမဲ့ ချန်ပီယံဆုနဲ့တော့ ပိုထိုက်တန်တယ်။ ကျွန်တော်တို့က မရှုံးသင့်တဲ့ ပွဲစဉ်တွေ ရှုံးခဲ့တယ်။ မဖြုန်းသင့်တဲ့ အမှတ်တွေ ဖြုန်းခဲ့တယ်။ မန်ယူက ပွဲဆက် အနိုင် ကစားပြတာတွေ အများကြီးပဲ။ ဂိုးတွေလည်း သွင်းနိုင်ခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ချန်ပီယံ ဆုနဲ့ ထိုက်တန်ပါတယ်" ဟု မန်စီနီက သုံးသပ်သွားသည်။
Ref: Sky Sports

myanmar soccer

မန်ချက်စတာစီးတီးမန်နေဂျာ ရောဘတ်တို မန်စီနီက တော့တင်ဟမ် ဟော့စပါးကို အရေးနိမ့်ခဲ့သည့် ပွဲစဉ်ရလဒ်အတွက် ယုံနိုင်စရာ မရှိအောင် အံ့ဩမိကြောင်း ညည်းတွားခဲ့သည်။
အီတလီသား မန်နေဂျာကြီး၏ အသင်းသည် ဝှိုက်ဟတ်လိန်းတွင် စောစီးစွာ ဦးဆောင်ဂိုးရခဲ့သလို အိမ်ရှင်အပေါ် အကောင်းဆုံးတိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း (၇၅)မိနစ် နောက်ပိုင်းတွင် (၃)ဂိုးဆက်တိုက် ပေးရပြီး (၃-၁)ဖြင့် ရှုံးနိမ့် သွားသည်။ မန်စီးတီးသည် ယခုပွဲ အရှုံးရလဒ်ကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကာကွယ်ရေး မျှော်လင့်ချက်မှာလည်း ဆုံးခန်းတိုင်သလောက် ဖြစ်လာခဲ့သည်။ မန်စီနီက ယခုရလဒ် အတွက် အံ့ဩ စိတ်ရှုပ်ရကြောင်း ဝန်ခံ ပြောကြားသွားသည်။

"ဒီပွဲမျိုးကို ကျွန်တော်တို့ ရှုံးတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပွဲချိန် မိနစ် (၈၀)လောက်မှာ ကျွန်တော်တို့ အသင်းက ပွဲကို စိတ်ကြိုက် ထိန်းချုပ်ထားနိုင်တာကြောင့်ပါ။ မန်စီးတီး အနေနဲ့ ဂိုးသွင်းဖို့ အခွင့်အလမ်းတွေလည်း အများကြီးရခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ဘောလုံးပဲလေ။ ပွဲရလဒ် ကို ပြတ်သားအောင် မစွမ်းဆောင်နိုင်ဘူး ဆိုရင် ခုလို အခြေအနေတွေ ကြုံရတတ်တာဓမ္မတာပါပဲ" ဟု မန်စီနီက မှတ်ချက်ပြုသွားသည်။ မန်စီနီက ယခုအခါ မန်ချက်စတာ ယူနိုက်တက် အသင်းသည် ချန်ပီယံဖြစ်ရန် သေချာ နေပြီဟုလည်း ပြောကြားခဲ့သည်။

ဒီပွဲမျိုးကို ကျွန်တော်တို့ ရှုံးတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပွဲချိန် မိနစ်(၈၀)လောက် မှာ ကျွန်တော်တို့ အသင်းက ပွဲကို စိတ်ကြိုက် ထိန်းချုပ်ထားနိုင်တာကြောင့်ပါ။ မန်စီးတီး အနေနဲ့ ဂိုးသွင်းဖို့ အခွင့်အလမ်းတွေလည်း အများကြီး ရခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ဘောလုံးပဲလေ။ ပွဲရလဒ်ကို ပြတ်သားအောင် မစွမ်းဆောင်နိုင်ဘူး ဆိုရင် ခုလို အခြေအနေတွေ ကြုံရတတ်တာ ဓမ္မတာပါပဲ...
"တကယ်တော့လည်း ချန်ပီယံ လုပွဲက လွန်ခဲ့တဲ့ (၃)ပတ်၊ (၄)ပတ်လောက် ကတည်းက ပြီးနှင့်နေပါပြီ။ မန်ယူဟာ ချန်ပီယံဆုနဲ့လည်း ထိုက်တန်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ အသင်းထက် ပိုကောင်းတယ် လို့ မပြောဘူးနော်။ ဒါပေမဲ့ ချန်ပီယံဆုနဲ့တော့ ပိုထိုက်တန်တယ်။ ကျွန်တော်တို့က မရှုံးသင့်တဲ့ ပွဲစဉ်တွေ ရှုံးခဲ့တယ်။ မဖြုန်းသင့်တဲ့ အမှတ်တွေ ဖြုန်းခဲ့တယ်။ မန်ယူက ပွဲဆက်အနိုင် ကစားပြတာတွေ အများကြီးပဲ။ ဂိုးတွေလည်း သွင်းနိုင်ခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ချန်ပီယံဆုနဲ့ ထိုက်တန်ပါတယ်" ဟု မန်စီနီက သုံးသပ်သွားသည်။
Ref: Sky Sports
myanmar soccer

No comments:

Post a Comment