Tuesday, April 2, 2013

ယခုနှစ်သင်္ကြန်ရက်အတွင်း စက်သုံးဆီအမြင့်ဈေးရောက်ဖွယ်မရှိ

Photo: ယခုနှစ်သင်္ကြန်ရက်အတွင်း စက်သုံးဆီအမြင့်ဈေးရောက်ဖွယ်မရှိ

ဧပြီလ ၂ ရက် ၂၀၁၃

သင်္ကြန်ကာလရောက်ချိန်တိုင်းတွင် ဓာတ်ဆီ၊ဒီဇယ်နှင့်အဆင့်မြင့်ဒီဇယ်ဈေးနှုန်းများ မြင့်တက်လေ့ရှိသော်လည်း ယခုနှစ် သင်္ကြန်မတိုင်မီကာလနှင့် သင်္ကြန်ကာလအတွင်း ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချသွား မည်ဖြစ်ကြောင်း ပုဂ္ဂလိက စက်သုံးဆီ ဆိုင်အရောင်းဆိုင်များက သိရသည်။ 

ယမန်နှစ်က အစိုးရဆီဆိုင်များမှ ဓာတ်ဆီ၊ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်များကို အကန့်အသတ်ဖြင့်သာ   ရောင်းချပေးခြင်းကြောင့် သင်္ကြန်ရက်အတွင်းတွင် လည်ပတ်သူများနှင့် အငှားကားပြေးဆွဲသူများမှာ စက်သုံးဆီ မလုံလောက်မှုများဖြစ်ပေါ်ကာ တစ်နိုင် တစ်ပိုင်စက်သုံးဆီ ရောင်းချသူများကလည်း အမြင့်ဈေးဖြင့့် ရောင်းချခဲ့ကြသည်။ 

၂၀၁၃ခုနှစ် သင်္ကြန်ကာလတွင် ပုဂ္ဂလိကဆီဆိုင်အချို့မှာ ၂၄နာရီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဓာတ်ဆီ ၊ဒီဇယ်အပါအ၀င် အဆင့်မြင့်ဒီဇယ်များကို လိုသလောက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆီဆိုင်အချို့ကဆိုသည်။ 

“ကျွန်တော်တို့ Htoo  ဆီဆိုင်တွေကို သင်္ကြန်ရက်တွေမှာ ဖွင့်မှာပါ၊ တစ်နေကုန်တော့ မဟုတ်ပါဘူး လောလောဆယ်တော့ သင်္ကြန်ရက်တွေမှာ မနက်(၇)နာရီကနေ ညနေ(၄)ထိလို့ သတ်မှတ်ထားပါတယ် လိုတဲ့ဆီကို လိုသလောက် ၀ယ်ယူလို့ ရပါတယ်။ ”ဟု ဦးဝင်းမြင့်က ပြောသည်။ 

ပုဂ္ဂလိကဆီဆိုင်များသို့ ဖြန့်ဖြူးရောင်းချနေသည့် ဧရာရွှေဝါကုမ္ပဏီသည် သင်္ကြန်ရက်အတွင်းတွင် ဒီဇယ်ဆီကို ပုံမှန်ဈေးဖြင့် လက်ကားရောင်းချမည်ဖြစ်ပြီး သင်္ကြန်ရက်အတွင်း (၂)ရက်သာဆိုင်ပိတ်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

 “ကျွန်တော်တို့ကုမ္ပဏီက သင်္ကြန်တွင်းမှာ တစ်ရက်နဲ့ နှစ်ဆန်းတစ်ရက်နေ့ရယ် ပေါင်းနှစ်ရက်ပဲ ပိတ်မှာပါ၊   ဈေးကတော့ နေ့စဉ်အတက်အကျ ရှိနေတာပဲလေ ဒါပေမယ့် ပုံမှန်ဈေးအတက်အကျတိုင်းပဲရောင်းမှာပါ။ အတက်အကျက ၅၀ ကျပ် ၊ ၁၀၀ ကျပ်လောက်ပဲလေ။ ”ဟု ဧရာရွှေဝါကုမ္ပဏီအရောင်းကိုယ်စားလှယ်ဦးမင်းလွင်က ပြောသည်။

သင်္ကြန်ရက်အတွင်း စက်သုံးဆီဆိုင်များအား ဖွင့်လှစ်ပေးမည်ဟုဆိုခြင်းကြောင့် ကြိုတင်၍ ဝယ်ယူစုဆောင်းရန်နှင့် မီဘေးအန္တရယ်စိုးရိမ်ရန်မလိုတော့ကြောင်း အငှားကားမောင်းသူ ဦမျိုးမင်းက ဆိုသည်။

“အရင်ကဆို သင်္ကြန်ရက်တွေမှာ အပြင်ကနေ ဈေးကြီးကြီးနဲ့ ဆီဝယ်မောင်းရတယ် အခုက လိုသလောက် ဝယ်လိုရတော့ အဆင်ပြေတယ်၊ အရင်နှစ်တွေကဆိုရင် အဲ့ဒီလိုလိုတဲ့အချိန် မ၀ယ်ရလို့ ကြိုတင်ပြီး  ချွေတာပြီးဆီကို စုထားရတယ် စုထားပြန်တော့လည်း မီအန္တရာယ်ကို ကြောက်ရသေးတယ်”ဟု အငှားကားမောင်းသူ ဦမျိုးမင်းက ပြောသည်။ 

သင်္ကြန်ရက်အတွင်း၌ စက်သုံးဆီများကို ပုံမှန်ဈေးဖြင့်သာရောင်းချမည်ဟုဆိုခြင်းကြောင့် အငှားကားနှင့်လိုင်းကားများ ယာဉ်စီးခ နှုန်းထား သက်သာရန်မျှော်လင့်ကြောင်းနှင့် သင်္ကြန်ရက်အတွင်း အငှားယာဉ်များ ပိုမိုပြေးဆွဲပေးရန် မျှော်လင့်ကြောင်းအငှားကား စီးသူ ဒေါ်ဝင်းဝင်းမော်က ဆိုသည်။ 

Myit Makha Mediagroup 
သင်္ကြန်ကာလရောက်ချိန်တိုင်းတွင် ဓာတ်ဆီ၊ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်ဈေးနှုန်းများ မြင့်တက်လေ့ ရှိသော်လည်း ယခုနှစ် သင်္ကြန်မတိုင်မီကာလနှင့် သင်္ကြန်ကာလအတွင်း ပုံမှန်ဈေးနှုန်းများဖြင့် သာ ရောင်းချသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကစက်သုံးဆီ ဆိုင်အရောင်းဆိုင်များက သိရသည်။

ယမန်နှစ်က အစိုးရဆီဆိုင်များမှ ဓာတ်ဆီ၊ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်များကို အကန့် အသတ်ဖြင့် သာ ရောင်းချပေးခြင်းကြောင့် သင်္ကြန်ရက်အတွင်းတွင် လည်ပတ်သူများနှင့်အငှားကားပြေး ဆွဲသူ များမှာ စက်သုံးဆီမလုံလောက်မှုများဖြစ်ပေါ်ကာ တစ်နိုင်တစ်ပိုင်စက်သုံးဆီ ရောင်းချသူများ ကလည်း အမြင့်ဈေးဖြင့့် ရောင်းချခဲ့ကြသည်။

၂၀၁၃ခုနှစ် သင်္ကြန်ကာလတွင် ပုဂ္ဂလိကဆီဆိုင်အချို့မှာ ၂၄နာရီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဓာတ်ဆီ ၊ဒီဇယ်အပါအ၀င် အဆင့်မြင့်ဒီဇယ်များကို လိုသလောက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆီဆိုင်အချို့ကဆိုသည်။

“ကျွန်တော်တို့ Htoo ဆီဆိုင်တွေကို သင်္ကြန်ရက်တွေမှာဖွင့်မှာပါ၊ တစ်နေကုန်တော့ မဟုတ် ပါဘူး လောလောဆယ်တော့ သင်္ကြန်ရက်တွေမှာ မနက်(၇)နာရီကနေ ညနေ(၄)ထိလို့ သတ်မှတ်ထား ပါတယ် လိုတဲ့ဆီကို လိုသလောက် ၀ယ်ယူလို့ ရပါတယ်။ ”ဟု ဦးဝင်းမြင့်က ပြောသည်။

ပုဂ္ဂလိကဆီဆိုင်များသို့ ဖြန့်ဖြူးရောင်းချနေသည့် ဧရာရွှေဝါကုမ္ပဏီသည် သင်္ကြန်ရက်အတွင်းတွင် ဒီဇယ်ဆီကို ပုံမှန်ဈေးဖြင့် လက်ကားရောင်းချမည်ဖြစ်ပြီး သင်္ကြန်ရက်အတွင်း (၂)ရက်သာဆိုင်ပိတ်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကုမ္ပဏီက သင်္ကြန်တွင်းမှာ တစ်ရက်နဲ့ နှစ်ဆန်းတစ်ရက်နေ့ရယ် ပေါင်းနှစ်ရက်ပဲ ပိတ် မှာပါ၊ ဈေးကတော့ နေ့စဉ်အတက်အကျ ရှိနေတာပဲလေ ဒါပေမယ့်ပုံမှန်ဈေးအတက်အကျ တိုင်း ပဲရောင်းမှာပါ။ အတက်အကျက ၅၀ ကျပ် ၊ ၁၀၀ ကျပ်လောက်ပဲလေ။ ”ဟု ဧရာရွှေဝါ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်ဦးမင်းလွင်က ပြောသည်။

သင်္ကြန်ရက်အတွင်း စက်သုံးဆီဆိုင်များအား ဖွင့်လှစ်ပေးမည်ဟုဆိုခြင်းကြောင့် ကြိုတင်၍ ဝယ်ယူ စုဆောင်းရန်နှင့် မီဘေးအန္တရယ်စိုးရိမ်ရန်မလိုတော့ကြောင်း အငှားကားမောင်းသူ ဦမျိုးမင်းက ဆို သည်။

“အရင်ကဆို သင်္ကြန်ရက်တွေမှာ အပြင်ကနေ ဈေးကြီးကြီးနဲ့ ဆီဝယ်မောင်းရတယ် အခုက လို သလောက် ဝယ်လိုရတော့ အဆင်ပြေတယ်၊ အရင်နှစ်တွေကဆိုရင် အဲ့ဒီလိုလိုတဲ့အချိန် မ၀ယ်ရလို့ ကြိုတင်ပြီး ချွေတာပြီးဆီကို စုထားရတယ်စုထားပြန်တော့လည်း မီအန္တရာယ်ကို ကြောက်ရသေး တယ်”ဟု အငှားကားမောင်းသူ ဦမျိုးမင်းက ပြောသည်။

သင်္ကြန်ရက်အတွင်း၌ စက်သုံးဆီများကို ပုံမှန်ဈေးဖြင့်သာရောင်းချမည်ဟုဆိုခြင်းကြောင့် အငှား ကားနှင့်လိုင်းကားများ ယာဉ်စီးခ နှုန်းထား သက်သာရန်မျှော်လင့်ကြောင်းနှင့် သင်္ကြန်ရက်အတွင်း အငှား ယာဉ်များ ပိုမိုပြေးဆွဲပေးရန် မျှော်လင့်ကြောင်းအငှားကား စီးသူ ဒေါ်ဝင်းဝင်းမော်က ဆိုသည်။

Myit Makha Mediagroup

No comments:

Post a Comment