Tuesday, April 2, 2013

မြောက်ကိုရီးယား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် အမေရိကန်က တောင်ကိုရီးယား ကမ်းလွန်၌ ဖျက်သင်္ဘောတစ်စင်း ချထား

မြောက်ကိုရီးယား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် အမေရိကန်က တောင်ကိုရီးယား ကမ်းလွန်၌ ဖျက်သင်္ဘောတစ်စင်း ချထား 

ဧပြီလ ၂ ရက် ၂၀၁၃

တောင်ကိုရီးယားက မြောက်ကိုရီးယား၏ ရန်စမှုများကို ပြင်းပြင်း ထန်ထန် တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် အမေရိကန် သည် မြောက်ကိုရီးယား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် မတ်လ ၁ ရက်နေ့တွင် တောင်ကိုရီးယားကမ်းလွန်၌ ဖျက်သင်္ဘောတစ်စင်းကို နေရာချထားလိုက်ကြောင်း သိရသည်။

USS Fitzerald အမည်ရှိ ဖျက်သင်္ဘောသည် စစ်ရေး လေ့ကျင့်မှု တွင် ပါဝင်ခဲ့ပြီးနောက် သူ၏ ပင်မအခြေစိုက် စခန်းရှိရာ ဂျပန်သို့ မပြန်ဘဲ ကိုရီးယားအနောက်တောင် ကမ်းရိုးတန်းသို့ ရွေ့လျား ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဋ္ဌာနမှ ထိပ်တန်းအရာရှိတစ်ဦးက AFP သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြင်းထန်သော ခြိမ်းခြောက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေသော်လည်း မြောက်ကိုရီးယား၏ စစ်ရေးအနေအထားမှာ ပြောင်းလဲမှုမရှိကြောင်း အိမ်ဖြူတော်က မတ်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေက မြောက်ကိုရီးယားသည် စစ်တပ်များ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခြင်းနှင့် တပ်များ ကို ပြန်လည်နေရာချထားခြင်းတို့ ပြုလုပ်မှု မရှိဟု ဆိုသည်။

အမေရိကန်သည် ဖျက်သင်္ဘော ချထားရုံသာမက F-22 Raptor လျှို့ဝှက် တိုက်လေယာဉ်များကိုလည်း တောင် ကိုရီးယား သို့ ပို့ထားကြောင်း အမေရိကန် စစ်ဘက်က မတ်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။F-22 တိုက်လေယာဉ်များသည် အဆင့်မြင့် တိုက်လေယာဉ်များဖြစ်ပြီး မဟာမိတ် တောင်ကိုရီးယားကို ကူညီရန် အမေရိကန်၏ အရေးပါသော ပြယုဂ်ဖြစ် ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျော့လစ်တယ်က ၀ါရှင်တန်တွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။ သူက မြောက်ကိုရီးယားအနေဖြင့် ရန်စမှုများကို ဆက်လက်ပြုလုပ်နေမည်လော၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို ရွေးချယ်မည်လောဟူ၍ ရွေးချယ်စရာ လမ်းကြောင်းနှစ်ခုရှိသည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် စီးပွားရေးအရ ပူးပေါင်းလုပ်ဆောင်နေသော ကေဆောင်စက်မှုဇုန်ကို ပိတ်ပစ် မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း မတ်လ ၁ ရက်နေ့အထိ ၎င်းစက်မှုဇုန်သည် ပုံမှန်အတိုင်း လည်ပတ်လျက် ရှိဆဲ သာဖြစ်ကြောင်း သိရသည်။ ကေဆောင်စက်မှုဇုန်သည် တောင်နှင့်မြောက်နှစ်နိုင်ငံ ဆက်ဆံရေး၏ အမှတ်လက္ခဏာ တစ်ရပ်ဖြစ်ပြီး ယင်းစက်မှုဇုန် ပိတ်လိုက်ရခြင်းက နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု အလွန်မြင့်မားလာခြင်းကို ဖော်ပြသည်။

Eleven တောင်ကိုရီးယားက မြောက်ကိုရီးယား၏ ရန်စမှုများကို ပြင်းပြင်း ထန်ထန် တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် အမေရိကန် သည် မြောက်ကိုရီးယား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် မတ်လ ၁ ရက်နေ့တွင် တောင်ကိုရီးယားကမ်းလွန်၌ ဖျက်သင်္ဘောတစ်စင်းကို နေရာချထားလိုက်ကြောင်း သိရသည်။

USS Fitzerald အမည်ရှိ ဖျက်သင်္ဘောသည် စစ်ရေး လေ့ကျင့်မှု တွင် ပါဝင်ခဲ့ပြီးနောက် သူ၏ ပင်မအခြေစိုက် စခန်းရှိရာ ဂျပန်သို့ မပြန်ဘဲ ကိုရီးယားအနောက်တောင် ကမ်းရိုးတန်းသို့ ရွေ့လျား ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဋ္ဌာနမှ ထိပ်တန်းအရာရှိတစ်ဦးက AFP သတင်းဋ္ဌာန သို့ ပြောကြား ခဲ့သည်။

မြောက်ကိုရီးယားသည် ပြင်းထန်သော ခြိမ်းခြောက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေသော် လည်း မြောက် ကိုရီးယား၏ စစ်ရေးအနေအထားမှာ ပြောင်းလဲမှုမရှိကြောင်း အိမ်ဖြူတော်က မတ်လ ၁ ရက်နေ့ တွင် ပြောကြားခဲ့သည်။ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေက မြောက်ကိုရီးယားသည် စစ်တပ်များ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခြင်းနှင့် တပ်များ ကို ပြန်လည်နေရာ ချထားခြင်း တို့ ပြုလုပ် မှု မရှိဟုဆိုသည်။

အမေရိကန်သည် ဖျက်သင်္ဘောချထားရုံသာမက F-22 Raptor လျှို့ဝှက် တိုက်လေယာဉ် များကိုလည်း တောင်ကိုရီးယားသို့ပို့ထားကြောင်း အမေရိကန်စစ်ဘက်က မတ်လ ၁ ရက်နေ့ တွင် ပြော ကြားခဲ့သည်။F-22 တိုက်လေယာဉ်များသည် အဆင့်မြင့် တိုက်လေယာဉ်များဖြစ်ပြီး မဟာမိတ် တောင် ကိုရီးယားကိုကူညီရန် အမေရိကန်၏ အရေးပါသော ပြယုဂ်ဖြစ် ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ် မှ ပြောရေးဆိုခွင့်ရှိသူ ဂျော့လစ်တယ်က ၀ါရှင်တန်တွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။ သူက မြောက်ကိုရီးယားအနေဖြင့် ရန်စမှုများကို ဆက်လက်ပြုလုပ်နေမည်လော၊ ငြိမ်းချမ်းရေး လမ်းကြောင်း ကို ရွေးချယ်မည်လောဟူ၍ ရွေးချယ်စရာ လမ်းကြောင်းနှစ်ခု ရှိသည်ဟု ပြော ကြားခဲ့ သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် စီးပွားရေးအရ ပူးပေါင်း လုပ်ဆောင်နေသော ကေဆောင် စက်မှုဇုန်ကို ပိတ်ပစ် မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း မတ်လ ၁ ရက်နေ့အထိ ၎င်းစက်မှုဇုန်သည် ပုံမှန် အတိုင်း လည်ပတ်လျက် ရှိဆဲသာဖြစ်ကြောင်း သိရသည်။ ကေဆောင်စက် မှုဇုန် သည် တောင်နှင့်မြောက်နှစ်နိုင်ငံ ဆက်ဆံရေး၏ အမှတ်လက္ခဏာတစ်ရပ်ဖြစ်ပြီး ယင်းစက်မှုဇုန် ပိတ် လိုက်ရခြင်းက နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု အလွန်မြင့်မားလာခြင်းကို ဖော်ပြသည်။

Eleven

No comments:

Post a Comment