Monday, April 1, 2013

ကမ္ဘာကျော် တေးဂီတအဖွဲ့၏ ဒုတိယမြောက် ဖျော်ဖြေပွဲဖြစ်ပြီး အမြင့်ဆုံး လက်မှတ်ဈေးနှုန်း ကျပ် တစ်သိန်းဝန်းကျင် နေရာများတွင် ပရိသတ်နည်းပါးခဲ့

ကမ္ဘာကျော် တေးဂီတအဖွဲ့၏ ဒုတိယမြောက် ဖျော်ဖြေပွဲဖြစ်ပြီး အမြင့်ဆုံး လက်မှတ်ဈေးနှုန်း ကျပ် တစ်သိန်းဝန်းကျင် နေရာများတွင် ပရိသတ်နည်းပါးခဲ့
Monday, April 1, 2013

ဂျေဆင်မရက်ဇ်၏ MTV Exit ဖျော်ဖြေပွဲအပြီး ကမ္ဘာကျော် အဆိုတော်အဖွဲ့ ဒုတိယမြောက် လာရောက်မှုအဖြစ် Michael Learns to Rock အဖွဲ့၏
ဖျော်ဖြေပွဲကို မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်း
ပခဲ့သည်။ တရားဝင် လက်မှတ်ဈေးနှုန်းမှာ ကျပ်တစ်သိန်း ၀န်းကျင်ထိ ရှိ
ခဲ့ပြီး ပရိသတ် သုံးထောင်ဝန်းကျင်ခန့် လာရောက်ကြည့်ရှု ခဲ့သည်ဟု သိရှိရသည်။

ဖျော်ဖြေပွဲ လက်မှတ်များကို VIP တစ်စောင်လျှင် ကျပ် ၉၉၀၀၀၊ Gold Circle တစ်စောင်လျှင် ကျပ် ၃၄၉၀၀ နှင့် Silver Circle တစ်စောင်လျှင် ကျပ် ၁၉၉၀၀ တို့ဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရောင်းချခဲ့ခြင်း ဖြစ်သည်။

Michael Learns to Rock အဖွဲ့၏ ဖျော်ဖြေပွဲကို ည ၇ နာရီ ၀န်းကျင်တွင် စတင်ခဲ့ပြီး Lazy Club တီးဝိုင်းက နိုင်ငံတော်သီချင်းတီးလုံး တီးခတ်မှုဖြင့် စတင်ခဲ့ပြီး ဖြူဖြူကျော်သိန်းက ကိုယ်ပိုင်သံစဉ် တေးသီချင်းငါးပုဒ် သီဆို
ဖျော်ဖြေခဲ့သည်။ ထို့နောက် Emperor တီးဝိုင်းနှင့်အတူ ဇော်ဝင်းထွဋ်
က ဖျော်ဖြေခဲ့သည်။

Michael Learns to Rock အဖွဲ့က ၈ နာရီခွဲ ၀န်းကျင်တွင် “မင်္ဂ လာပါမြန်မာ” ဟု နှုတ်ခွန်းဆက် ပြောကြားပြီး စတင်ဖျော်ဖြေခဲ့သည်။

၎င်းတို့အဖွဲ့၏ ထင်ရှားသည့် တေးသီချင်းများဖြစ်သော Sleeping Child၊ 25 minutes၊ Blue Night၊ You Took My Heart၊ Breaking My Heart၊ Some Day၊ That's Way၊ Breaking My Heart၊ Paint My Love စသည့် မြန်မာ
ပရိသတ် များအကြား ထင်ရှားသည့် တေးသီချင်းများ အပါအ၀င် သီချင်း 
၂၃ ပုဒ်သီဆို ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုန်း ကြေညာရောင်းချခြင်း မရှိသည့် VVIP လက်မှတ်အတွက် ခုံ ၁၀၀၀ နီးပါးနှင့် ကျပ်တစ်သိန်း ၀န်းကျင်ဖြင့်ရောင်းချခဲ့
သည့် VIP လက်မှတ် များအတွက် ထိုင်ခုံ ၁၅၀၀ ၀န်းကျင်ခန့ှ်ိခဲ့သည်။

ဈေးနှုန်းအသီးသီး အလိုက် ထိုင်ခုံနေရာများတွင် ပရိသတ်များ လာရောက်
ကြည့်ရှု ခဲ့သော်လည်း ထိုင်ခုံများ ပြည့်လျှံခြင်း မရှိသည်ကို တွေ့ခဲ့ရသည်။
ယခုဖျော်ဖြေပွဲအား ဧပြီလ ၁ ရက်နေ့ ညနေ ၇ နာရီတွင် 5 Plus ရုပ်သံ
လိုင်း၌ ပြန်လည်ပြသမည် ဖြစ်သည်။

“ဒီပွဲကို မြန်မာနိုင်ငံရဲ့ဖျော်ဖြေရေးကဏ္ဍမှာ စာမျက်မှာသစ် တစ်ခုအနေနဲ့ စီစဉ်ခဲ့တာပါ။ အခုလို ကျင်းပနိုင်ခဲ့တဲ့အတွက် အများကြီး ဂုဏ်ယူရသ
လို ရှေ့ဆက်မယ့် ခြေလှမ်းတွေ အတွက်လည်း အားရှိပါတယ်။

နောက်ပိုင်းမှာလည်း မြန်မာတွေကြိုက်တဲ့ ကမ္ဘာကျော်တွေနဲ့ နိုင်ငံတကာက အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲ ထပ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံ
က ပရိသတ်တွေအတွက် နိုင်ငံတကာမှာ ကျင်းပနေကျ ဖျော်ဖြေပွဲ တစ်ခုလိုပဲ ကျင်းပသွားမှာပါ။ ဒီပွဲမှာ အများဆုံးရောင်းတဲ့ လက်မှတ်တွေက Gold Circle နဲ့ Silver Circle အမျိုးအစားကို အများဆုံး ရောင်းချပေးခဲ့တာပါ။

ပြည်သူတွေအတွက် အဓိကထားပြီး အများကြည့်နိုင်မယ့် ဈေးနဲ့ လက်
မှတ်တွေကို အများဆုံး ရောင်းပေးတာပါ။ VVIP နဲ့ VIP လက်မှတ်တွေက စုစုပေါင်း လက်မှတ်တွေရဲ့ ခုနှစ်ရာခိုင်နှုန်းလောက်ပဲ စီစဉ်ထားတာပါ” 
ဟု ပွဲစီစဉ်သည့် Friendship Entertainment မှ ဒေါက်တာ ရဲသူဖေက ဆိုပါသည်။

ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုသူ အသက် ၂၀ ၀န်းကျင်ရှိသည့် မောင်
ခိုင်ကျော်က “ငယ်ငယ်ကတည်းက Michael Learns အဖွဲ့ရဲ့ သီချင်းတွေ
ကို ကြိုက်လို့ လာကြည့်တာပါ။ ကမ္ဘာကျော်တွေရဲ့ ပွဲက ကြည့်ရခဲတယ်
လေ။ ဒီလိုနိုင်ငံတကာ ပွဲတွေရှိလာတာ အရမ်းကောင်းပါတယ်။ ကြိုက်
လည်း ကြိုက်တယ်။ နောက်ထပ်လည်း ရှိလာဖို့ မျှော်လင့်ပါတယ်” ဟု ပြောပြခဲ့ပါသည်။

ယခုဖျော်ဖြေပွဲကို ပါကစ္စတန် အခြေစိုက် Pastel Communation ၏ ပူးပေါင်းကူညီမှုဖြင့် မြန်မာနိုင်ငံမှ Friendship Entertainment မှ ငွေကြေးအကုန်ကျခံ စိုက်ထုတ်ကာ ကျင်းပခြင်းဖြစ်သည်။

Michael Learns to Rock အဖွဲ့၏ ဖျော်ဖြေပွဲသို့ အနုပညာရှင်များ
ဖြစ်ကြသည့် သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လွင်မိုး၊ စည်
သူလွင်၊ သားစိုး၊ အနဂ္ဂ၊ သံသာဝင်း၊ ဒါရိုက်တာညိုမင်းလွင်၊ ဒါရိုက်
တာ ၀င်းထွန်းထွန်း၊ နီနီခင်ဇော်၊ ယုန်လေး၊ ဒီဂျေဝိုင်တို့လည်း လာရောက်ကြည့်ရှုအားပေးခဲ့သည်။

Michael Learns to Rock အဖွဲ့၏ တေးသီချင်းများကို မြန်မာ အဆိုတော် အများအပြားက ကော်ပီ တေးသီချင်းအဖြစ် ပြန်လည်သီဆို ခဲ့ကြပြီး ၎င်း၏ တေးသီချင်းများ ပြန်လည်သီဆိုခဲ့ကြရာ၌ ထင်ရှားသည့် အဆိုတော် တချို့မှာ စည်သူလွင်၊ ထွဏ်းထွဏ်း၊ ဘိုဘို၊ မျိုးကြီး စသူတို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာကျော် အဆိုတော်တစ်ဦး၏ ပထမဆုံး ဖျော်ဖြေပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဂျေဆင်မရက်ဇ်၏ MTV Exit လူကုန်ကူးမှု တိုက်ဖျက်ရေး ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ပြည်သူ့ ရင်ပြင်၌ပင် ကျင်းပခဲ့ပါသည်။ 

အဆိုပါ ဖျော်ဖြေပွဲမှာမူ အခမဲ့ဖျော်ဖြေပွဲ တစ်ခုအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်
သည်။ MLTR အဖွဲ့သည် မြန်မာနိုင်ငံတွင် ကမ္ဘာကျော် အနုပညာရှင်များ လာရောက် ဖျော်ဖြေရာတွင် ဒုတိယမြောက် လာရောက်ခဲ့သည့် အဖွဲ့
တစ်ဖွဲ့ဖြစ်ပြီး လက်မှတ်ဈေးနှုန်း သတ်မှတ်ကာ ကြည့်ရှုစေခဲ့သည့် ကမ္ဘာကျော်အဖွဲ့၏ ဖျော်ဖြေပွဲလည်း ဖြစ်ပါသည်။

Michael Learns to Rock Fact-box

-  ဒိန်းမတ် Pop/Soft rock ဂီတအဖွဲ့ဖြစ်သော Michael Learns to Rock ကို Jascha Richter၊ Mikkel Lentz၊ Kare Wanscher၊ Soren Madsen တို့နှင့် ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့။

-  Soren Madsen သည် ၂၀၀၀ ပြည့်နှစ်တွင် အဖွဲ့မှ နုတ်ထွက်ခဲ့။
-  MLTR ဟုလည်းခေါ်ဆိုသည့် Michael Learns to Rock အဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် ဓာတ်ပြား ၁၁ သန်းကျော်ရောင်းခဲ့ပြီး အများစုမှာ အာရှတွင် ရောင်းချခဲ့ခြင်းဖြစ်။

-  MLTR အဖွဲ့၏ Take Me To Your Heart သီချင်းသည် ၂၀၀၆ ခုနှစ်တွင် download လုပ်ယူမှု အများဆုံး သီချင်းအဖြစ်ဆုချီးမြှင့်ခံခဲ့ရ။

-  စတီရီယိုအယ်လ်ဘမ်ရှစ်ခု အပါအ၀င် ဖျော်ဖြေပွဲနှင့် လူကြိုက်များသည့် သီချင်းများ စုစည်းထားသည့် အယ်လ်ဘမ် များလည်း ထွက်ရှိခဲ့။

-  MLTR အဖွဲ့သည် ၎င်းတို့၏ အယ်လ်ဘမ်များ ရောင်းချမှုအတွက် ရွှေနှင့် ပလက်တီနမ်အဆင့်ရရှိခဲ့။

Michael Learns To Rock အဖွဲ့၏ ဖျော်ဖြေမှုကိုတွေ့ရစဉ်
Eleven Media Group
ဂျေဆင်မရက်ဇ်၏ MTV Exit ဖျော်ဖြေပွဲအပြီး ကမ္ဘာကျော် အဆိုတော် အဖွဲ့ ဒုတိယမြောက် လာရောက်မှုအဖြစ် Michael Learns to Rock အဖွဲ့၏ဖျော်ဖြေပွဲကို မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန် မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့သည်။ တရားဝင် လက်မှတ်ဈေးနှုန်း မှာ ကျပ်တစ်သိန်း ၀န်းကျင်ထိ ရှိခဲ့ပြီး ပရိသတ် သုံးထောင်ဝန်းကျင်ခန့် လာရောက်ကြည့်ရှု ခဲ့သည်ဟု သိရှိရသည်။

ဖျော်ဖြေပွဲ လက်မှတ်များကို VIP တစ်စောင်လျှင် ကျပ် ၉၉၀၀၀၊ Gold Circle တစ်စောင်လျှင် ကျပ် ၃၄၉၀၀ နှင့် Silver Circle တစ်စောင်လျှင် ကျပ် ၁၉၉၀၀ တို့ဖြင့် ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင် ရောင်းချခဲ့ခြင်း ဖြစ်သည်။

Michael Learns to Rock အဖွဲ့၏ ဖျော်ဖြေပွဲကို ည ၇ နာရီ ၀န်းကျင်တွင် စတင်ခဲ့ပြီး Lazy Club တီးဝိုင်းက နိုင်ငံတော်သီချင်းတီးလုံး တီးခတ်မှုဖြင့် စတင်ခဲ့ပြီး ဖြူဖြူကျော်သိန်းက ကိုယ်ပိုင် သံစဉ် တေး သီချင်း ငါးပုဒ် သီဆိုဖျော်ဖြေခဲ့သည်။ ထို့နောက် Emperor တီးဝိုင်းနှင့်အတူ ဇော်ဝင်းထွဋ်က ဖျော်ဖြေခဲ့သည်။

Michael Learns to Rock အဖွဲ့က ၈ နာရီခွဲ ၀န်းကျင်တွင် “မင်္ဂ လာပါမြန်မာ” ဟု နှုတ်ခွန်း ဆက် ပြော ကြားပြီး စတင်ဖျော်ဖြေခဲ့သည်။

၎င်းတို့အဖွဲ့၏ ထင်ရှားသည့် တေးသီချင်းများဖြစ်သော Sleeping Child၊ 25 minutes၊ Blue Night၊ You Took My Heart၊ Breaking My Heart၊ Some Day၊ That's Way၊ Breaking My Heart၊ Paint My Love စသည့် မြန်မာပရိသတ် များအကြား ထင်ရှားသည့် တေးသီချင်းများ အပါအ၀င် သီချင်း ၂၃ ပုဒ်သီ ဆို ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုန်း ကြေညာရောင်းချခြင်း မရှိသည့် VVIP လက်မှတ်အတွက် ခုံ ၁၀၀၀ နီးပါးနှင့် ကျပ်တစ်သိန်း ၀န်းကျင်ဖြင့်ရောင်းချခဲ့သည့် VIP လက်မှတ် များအတွက် ထိုင်ခုံ ၁၅၀၀ ၀န်းကျင် ခန့ှ်ိခဲ့သည်။

ဈေးနှုန်းအသီးသီး အလိုက် ထိုင်ခုံနေရာများတွင် ပရိသတ်များ လာရောက်ကြည့်ရှု ခဲ့သော်လည်း ထိုင်ခုံများ ပြည့်လျှံခြင်း မရှိသည်ကို တွေ့ခဲ့ရသည်။ယခုဖျော်ဖြေပွဲအား ဧပြီလ ၁ ရက်နေ့ ညနေ ၇ နာရီတွင် 5 Plus ရုပ်သံလိုင်း၌ ပြန်လည်ပြသမည် ဖြစ်သည်။

“ဒီပွဲကို မြန်မာနိုင်ငံရဲ့ဖျော်ဖြေရေးကဏ္ဍမှာ စာမျက်မှာသစ်တစ်ခုအနေနဲ့ စီစဉ်ခဲ့တာပါ။ အခုလိုကျင်းပနိုင် ခဲ့တဲ့အတွက် အများကြီး ဂုဏ်ယူရသလို ရှေ့ဆက်မယ့် ခြေလှမ်းတွေ အတွက်လည်း အားရှိ ပါတယ်။

နောက်ပိုင်းမှာလည်း မြန်မာတွေကြိုက်တဲ့ ကမ္ဘာကျော်တွေနဲ့ နိုင်ငံတကာက အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲ ထပ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေအတွက် နိုင်ငံတကာမှာ ကျင်းပနေကျ ဖျော်ဖြေပွဲ တစ်ခုလိုပဲ ကျင်းပသွားမှာပါ။ ဒီပွဲမှာ အများဆုံးရောင်းတဲ့ လက်မှတ်တွေက Gold Circle နဲ့ Silver Circle အမျိုးအစားကို အများဆုံး ရောင်းချပေးခဲ့တာပါ။

ပြည်သူတွေအတွက် အဓိကထားပြီး အများကြည့်နိုင်မယ့် ဈေးနဲ့ လက်မှတ်တွေကို အများဆုံး ရောင်းပေး တာပါ။ VVIP နဲ့ VIP လက်မှတ်တွေက စုစုပေါင်း လက်မှတ်တွေရဲ့ ခုနှစ်ရာခိုင်နှုန်းလောက်ပဲ စီစဉ်ထားတာပါ” ဟု ပွဲစီစဉ်သည့် Friendship Entertainment မှ ဒေါက်တာ ရဲသူဖေက ဆိုပါသည်။

ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုသူ အသက် ၂၀ ၀န်းကျင်ရှိသည့် မောင်ခိုင်ကျော်က “ငယ်ငယ်ကတည်းက Michael Learns အဖွဲ့ရဲ့ သီချင်းတွေကို ကြိုက်လို့ လာကြည့်တာပါ။ ကမ္ဘာကျော်တွေရဲ့ ပွဲက ကြည့်ရခဲ တယ်လေ။ ဒီလိုနိုင်ငံတကာ ပွဲတွေရှိလာတာ အရမ်းကောင်းပါတယ်။ ကြိုက်လည်း ကြိုက် တယ်။ နောက် ထပ်လည်းရှိလာဖို့ မျှော်လင့်ပါတယ်” ဟု ပြောပြခဲ့ပါသည်။

ယခုဖျော်ဖြေပွဲကို ပါကစ္စတန် အခြေစိုက် Pastel Communation ၏ ပူးပေါင်းကူညီမှုဖြင့် မြန်မာနိုင်ငံမှ Friendship Entertainment မှ ငွေကြေးအကုန်ကျခံ စိုက်ထုတ်ကာ ကျင်းပခြင်းဖြစ်သည်။

Michael Learns to Rock အဖွဲ့၏ ဖျော်ဖြေပွဲသို့ အနုပညာရှင်များဖြစ်ကြသည့် သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လွင်မိုး၊ စည်သူလွင်၊ သားစိုး၊ အနဂ္ဂ၊ သံသာဝင်း၊ ဒါရိုက်တာညိုမင်းလွင်၊ ဒါရိုက်တာ ၀င်းထွန်းထွန်း၊ နီနီခင်ဇော်၊ ယုန်လေး၊ ဒီဂျေဝိုင်တို့လည်း လာရောက်ကြည့်ရှုအားပေးခဲ့သည်

Michael Learns to Rock အဖွဲ့၏ တေးသီချင်းများကို မြန်မာ အဆိုတော် အများ အပြားက ကော်ပီ တေးသီချင်းအဖြစ် ပြန်လည်သီဆို ခဲ့ကြပြီး ၎င်း၏ တေး သီချင်းများ ပြန်လည် သီဆိုခဲ့ ကြရာ၌ ထင်ရှားသည့် အဆိုတော် တချို့မှာ စည်သူလွင်၊ ထွဏ်းထွဏ်း၊ ဘိုဘို၊ မျိုးကြီး စသူတို့ ဖြစ် ပါသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာကျော် အဆိုတော်တစ်ဦး၏ ပထမဆုံး ဖျော်ဖြေပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဂျေဆင်မရက်ဇ်၏ MTV Exit လူကုန်ကူးမှု တိုက်ဖျက်ရေး ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ပြည်သူ့ ရင်ပြင်၌ပင် ကျင်းပခဲ့ပါသည်။

အဆိုပါ ဖျော်ဖြေပွဲမှာမူ အခမဲ့ဖျော်ဖြေပွဲ တစ်ခုအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ MLTR အဖွဲ့သည် မြန်မာနိုင်ငံ တွင် ကမ္ဘာကျော် အနုပညာရှင်များ လာရောက် ဖျော်ဖြေရာတွင် ဒုတိယမြောက် လာရောက်ခဲ့သည့် အဖွဲ့
တစ်ဖွဲ့ဖြစ်ပြီး လက်မှတ်ဈေးနှုန်း သတ်မှတ်ကာ ကြည့်ရှုစေခဲ့သည့် ကမ္ဘာကျော်အဖွဲ့ ၏ ဖျော်ဖြေပွဲ လည်း ဖြစ်ပါ သည်။

Michael Learns to Rock Fact-box

- ဒိန်းမတ် Pop/Soft rock ဂီတအဖွဲ့ဖြစ်သော Michael Learns to Rock ကို Jascha Richter၊ Mikkel Lentz၊ Kare Wanscher၊ Soren Madsen တို့နှင့် ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့။

- Soren Madsen သည် ၂၀၀၀ ပြည့်နှစ်တွင် အဖွဲ့မှ နုတ်ထွက်ခဲ့။
- MLTR ဟုလည်းခေါ်ဆိုသည့် Michael Learns to Rock အဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် ဓာတ်ပြား ၁၁ သန်းကျော်ရောင်းခဲ့ပြီး အများစုမှာ အာရှတွင် ရောင်းချခဲ့ခြင်းဖြစ်။

- MLTR အဖွဲ့၏ Take Me To Your Heart သီချင်းသည် ၂၀၀၆ ခုနှစ်တွင် download လုပ်ယူမှု အများဆုံး သီချင်းအဖြစ်ဆုချီးမြှင့်ခံခဲ့ရ။

- စတီရီယိုအယ်လ်ဘမ်ရှစ်ခု အပါအ၀င် ဖျော်ဖြေပွဲနှင့် လူကြိုက်များသည့် သီချင်းများ စုစည်းထားသည့် အယ်လ်ဘမ် များလည်း ထွက်ရှိခဲ့။

- MLTR အဖွဲ့သည် ၎င်းတို့၏ အယ်လ်ဘမ်များ ရောင်းချမှုအတွက် ရွှေနှင့် ပလက်တီနမ်အဆင့်ရရှိခဲ့။

Eleven Media Group

No comments:

Post a Comment