Monday, April 1, 2013

သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုများကြောင်း ဦးထွန်လွင် ပြောကြား

သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုများကြောင်း ဦးထွန်လွင် ပြောကြား
2013-03-31

မြန်မာတနိုင်ငံလုံးမှာ Ultraviolet Ray လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြင့်တက်နေတဲ့ အတွက် အထူးသတိထား သွားလာကြဖို့၊ အထူးသဖြင့် သင်္ကြန်တွင်းမှာ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ (၁၁) ထက်ကျော်နေတဲ့အတွက် သတ်မှတ်စိုးရိမ် ညွှန်းကိန်း အထက်မှာ ရောက်နေတယ်လို့ ပြောပါတယ်။

သင်္ကြန်ကာလ ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းပိုများမယ်လို့ ယူဆရပြီး အန္တရာယ် ပိုများဖွယ်ရှိတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

" မြန်မာပြည်မှာ သင်္ကြန်ကာလမဟုတ်တဲ့ ရိုးရိုးချိန်မှာတောင် ကားတွေကသိပ်ကျပ်တယ် တစ်နေရာရောက်ရင် တော်တော်နဲ့ကို မထွက်နိုင်ဘူး၊ သင်္ကြန်ကာလဆို မဏ္ဍပ်တွေဘာတွေသွားမယ်ဆိုရင်တော့ အနည်းဆုံး ၄ နာရီ ၅ နာရီလောက်က ကားစီးပြီး နေပူထဲမှာ နေရမယ့် သဘောရှိနေတယ်၊ အန္တရာယ် ပိုကြီးတယ်ပေါ့ဗျာ၊ ဒီရေတို့ဘာတို့နဲ့ နီးနီးကပ်ကပ်ရှိတယ် ရေက အငွေ့ပျံတဲ့သဘာဝရှိတော့ ခရမ်းလွန်ရောင်ခြည်က ရေပေါ်မှာကျလို့ အလင်းပျံရင် လူကိုပိုထိခိုက်တယ်၊ အဲ့တော့ သင်္ကြန်မှာ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပိုရှိတယ်"

ကမ္ဘာ့လေထုအထက်မှာရှိတဲ့ အိုဇုန်လွှာပါးတဲ့အတွက် ကမ္ဘာမြေပေါ် ခရမ်းလွန် ရောင်ခြည် ကျရောက်တာဖြစ်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်နိင်အောင် ဗျက်ကျယ်တဲ့ ဦးထုပ်ဆောင်းဖို့၊ နေရောင်ခြည်ကာ မျက်မှန်တပ်ဖို့နဲ့ အဝတ်အထည်ကို လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ ဦးထွန်းလွင်က အကြံပေးပါတယ်။


Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >>  RFA Burmese<< Thank မြန်မာတနိုင်ငံလုံးမှာ Ultraviolet Ray လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြင့်တက်နေတဲ့အတွက် အထူးသတိထားသွား လာကြ ဖို့၊ အထူးသဖြင့် သင်္ကြန်တွင်းမှာ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင် ကြဖို့ မြန်မာ့မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေး လိုက်ပါ တယ်။ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ (၁၁) ထက်ကျော်နေ တဲ့ အတွက် သတ်မှတ်စိုးရိမ်ညွှန်းကိန်း အထက်မှာ ရောက်နေတယ် လို့ ပြောပါတယ်။

သင်္ကြန်ကာလ ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းပိုများမယ်လို့ယူဆရပြီး အန္တရာယ်ပိုများဖွယ် ရှိ တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

" မြန်မာပြည်မှာ သင်္ကြန်ကာလမဟုတ်တဲ့ ရိုးရိုးချိန်မှာတောင် ကားတွေကသိပ်ကျပ်တယ် တစ်နေရာရောက် ရင် တော်တော်နဲ့ကို မထွက်နိုင်ဘူး၊ သင်္ကြန်ကာလဆို မဏ္ဍပ်တွေဘာတွေသွားမယ်ဆိုရင်တော့ အနည်းဆုံး ၄ နာရီ ၅ နာရီလောက်က ကားစီးပြီး နေပူထဲမှာ နေရမယ့် သဘောရှိနေတယ်၊ အန္တရာယ် ပိုကြီးတယ်ပေါ့ဗျာ၊ ဒီရေတို့ဘာတို့နဲ့ နီးနီးကပ်ကပ်ရှိတယ် ရေက အငွေ့ပျံတဲ့သဘာဝရှိတော့ ခရမ်းလွန်ရောင်ခြည်က ရေပေါ်မှာ ကျလို့ အလင်းပျံရင် လူကိုပိုထိခိုက်တယ်၊ အဲ့တော့သင်္ကြန်မှာ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပိုရှိ တယ်"

ကမ္ဘာ့လေထုအထက်မှာရှိတဲ့ အိုဇုန်လွှာပါးတဲ့အတွက် ကမ္ဘာမြေပေါ် ခရမ်းလွန် ရောင်ခြည် ကျရောက် တာဖြစ်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်နိင်အောင် ဗျက်ကျယ်တဲ့ ဦးထုပ်ဆောင်းဖို့၊ နေရောင်ခြည်ကာ မျက်မှန် တပ်ဖို့နဲ့ အဝတ်အထည်ကို လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ ဦးထွန်းလွင်က အကြံပေးပါတယ်။

  From >> RFA Burmese

No comments:

Post a Comment