Wednesday, April 3, 2013

လူငယ်၊ သင်္ကြန်၊ အရက် (ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။)

   

Photo: Eternal Light Magazine
April 2013
လူငယ်၊ သင်္ကြန်၊ အရက်

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။
သင်္ကြန်ပွဲ
အောင်ဆန်းစုကြည်

ရေပက်ကစားကြတဲ့အခါမှာရော၊ တခြားပျော်ရွှင်မှုတွေမှာရော၊ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြကြပါဘူး။ ညစ်ပတ်တဲ့ရေနဲ့ ဘယ်တော့မှ မပက်ကြပါဘူး။ အမျိုးသားအနေနဲ့ အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကိုင်တွယ်ခွင့်မရှိပါဘူး။ ဒါပေမဲ့ သူစိတ်ကျေနပ်သလောက် ရေလောင်းခွင့်ရှိပါတယ်။ ဒါတောင် အမျိုးသမီးကစပြီး ရေလောင်းမှသာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတဲ့ခေတ်တုန်းက အမျိုးသမီးတွေကသာ စပြီး ရေလောင်းခွင့်ရှိတယ်ဆိုတာ ယခုအခါမှာတော့ ပျောက်ကွယ် သွားတာကြာပါပြီ။ 

ဒီကနေ့မှာတော့ ရေအားပြင်းပြင်းထွက်ဖို့ ရေပိုက်တွေမှာ ခေါင်းသေးသေး
လေးတွေတပ်ပြီး ပက်ကစားကြတာတွေဟာ ရေပြွတ်တွေ၊ ရေဖလားတွေနဲ့ ပက်ကစားကြတဲ့နေရာတွေမှာ အများကြီးအစားထိုးဝင်ရောက်နေပါပြီ။ သက်ကြီးရွယ်အို မြန်မာလူကြီးများက သင်္ကြန်ပွဲတော်ကာလမှာ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြရဘူးဆိုတဲ့ စကားဟာ လုံးဝမရှိတော့ဘူးဆိုတာကို ၀မ်းနည်းစွာနဲ့ ပြောဆိုနေကြပါပြီ။ အထူးသဖြင့် အလွန်အကျွံ အရက်သောက်သုံးခြင်းဟာ သင်္ကြန်ပွဲနဲ့အတူ တွဲဖက်ပါလာကတည်းကပါပဲ။ ယခုခေတ်မှာတော့ လမ်းထောင့်တွေမှာ ယာယီမဏ္ဍပ်တွေထိုးပြီး ရေပက်ကစားကြ၊ အဆိုအကတွေနဲ့ ဖျော်ဖြေ တင်ဆက်လာကြပါပြီ။ ကားတစ်စီးအပြည့်နဲ့ အပျော်ရေပက်ခံထွက်ကြတဲ့ သူတွေကလည်း တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ရေစိုရွှဲပြီးရင်း စိုရွှဲလာကြသလို၊ တချို့ကျတော့ မူးပြီးရင်း ပိုမူးလာကြပါတော့တယ်။ သင်္ကြန်ပွဲ
အောင်ဆန်းစုကြည်

ရေပက်ကစားကြတဲ့အခါမှာရော၊ တခြားပျော်ရွှင်မှုတွေမှာရော၊ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြကြပါဘူး။ ညစ်ပတ်တဲ့ရေနဲ့ ဘယ်တော့မှ မပက်ကြပါဘူး။ အမျိုးသားအနေနဲ့ အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကိုင်တွယ်ခွင့်မရှိပါဘူး။ ဒါပေမဲ့

သူစိတ်ကျေနပ်သလောက် ရေလောင်းခွင့်ရှိပါတယ်။ ဒါတောင် အမျိုးသမီးကစပြီး ရေလောင်းမှသာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတဲ့ခေတ်တုန်းက အမျိုးသမီးတွေကသာ စပြီး ရေလောင်းခွင့်ရှိတယ်ဆိုတာ ယခုအခါမှာတော့ ပျောက်ကွယ် သွားတာကြာပါပြီ။

ဒီကနေ့မှာတော့ ရေအားပြင်းပြင်းထွက်ဖို့ ရေပိုက်တွေမှာ ခေါင်းသေးသေး
လေးတွေတပ်ပြီး ပက်ကစားကြတာတွေဟာ ရေပြွတ်တွေ၊ ရေဖလားတွေနဲ့ ပက်ကစားကြတဲ့နေရာတွေမှာ အများကြီးအစားထိုးဝင်ရောက်နေပါပြီ။ သက်ကြီးရွယ်အို မြန်မာလူကြီးများက သင်္ကြန်ပွဲတော်ကာလမှာ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြရဘူးဆိုတဲ့ စကားဟာ လုံးဝမရှိတော့ဘူးဆိုတာကို ၀မ်းနည်းစွာနဲ့ ပြောဆိုနေကြပါပြီ။ အထူးသဖြင့် အလွန်အကျွံ အရက်သောက်သုံးခြင်းဟာ သင်္ကြန်ပွဲနဲ့အတူ တွဲဖက်ပါလာကတည်းကပါပဲ။ ယခုခေတ်မှာတော့ လမ်းထောင့်တွေမှာ ယာယီမဏ္ဍပ်တွေထိုးပြီး ရေပက်ကစားကြ၊ အဆိုအကတွေနဲ့ ဖျော်ဖြေ တင်ဆက်လာကြပါပြီ။ ကားတစ်စီးအပြည့်နဲ့ အပျော်ရေပက်ခံထွက်ကြတဲ့ သူတွေကလည်း တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ရေစိုရွှဲပြီးရင်း စိုရွှဲလာကြသလို၊ တချို့ကျတော့ မူးပြီးရင်း ပိုမူးလာကြပါတော့တယ်။
https://www.facebook.com/EternalLightMagazine





No comments:

Post a Comment