Wednesday, April 3, 2013

ကိုးရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂပြော

Photo: ကိုးရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂပြော
Wednesday, April 3, 2013 

ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြင်းထန်နေတုန်း မြောက်ကိုးရီးယားအစိုးရက လွန်ခဲ့တဲ့ ၅ နှစ်က ပိတ်ချခဲ့တဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုတွေကို ပြန်လည်စတင်အသုံးပြုတော့မယ်လို့
ပြောလိုက်တဲ့အတွက် တင်းမာမှုတွေဟာ အထွတ်အထိပ်ရောက်ရှိနေပြီး စစ်ဖြစ်ပွားနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ပြန်လည် စတင်မယ့် နျူးကလီးယား စက်ရုံတွေထဲမှာ Yongbyong နျူးကလီးယား ဓာတ်ပေါင်းဖို လည်းပါဝင်ပြီး Yongbyong စက်ရုံဟာ နျူကလီးယား လက်နက်တွေ အသင့် အသုံးပြုနိုင်ဖို့ အတွက် ပလူတိုနီယံ တွေကို ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံ ဖြစ်ပါတယ်။

ပြန်လည် စတင် အသုံးပြုမယ့် နျူကလီးယား စက်ရုံတွေကို လျှပ်စစ်မီးနဲ့ စစ်ရေးတွေအတွက် အသုံးပြုမယ်လို့ မြောက်ကိုးရီးယား အစိုးရက ပြောပါတယ်။

မြောက်ကိုးရီးယားနိုင်ငံက နျူကလီးယားစက်ရုံတွေ ပြန်အသုံးပြုတော့မယ်ဆိုတာ သိရတဲ့အတွက် တရုတ်နိုင်ငံက စိတ်မကောင်းဘူးလို့ တရုတ်အစိုးရက ပြောပါတယ်။

တင်းမာမှုမှာ ပါဝင်တဲ့နိုင်ငံတွေကြား ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းပြီး ထိန်းချုပ်မှုတွေ ရှိကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံကလည်း မြောက်ကိုးရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မြောက်ကိုးရီးယားနိုင်ငံကနေ ဒုံးကျဉ်တွေနဲ့ တိုက်ခိုက်လာရင် ဒုံးကျဉ်တွေကို ပြန်လည်ပစ်ခတ်ဖို့အတွက် စစ်သင်္ဘောတွေ အသင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံနဲ့အတူ ရှိပါတယ်ဆိုတာကို ပြသတဲ့အနေနဲ့ အမေရိကန်နိုင်ငံက ခုလို အသင့်ပြင်ထားတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

မြောက်ကိုးရီးယားနိုင်ငံကနေ နျူကလီးယားစက်ရုံတွေ ပြန်လည်အသုံးပြုမယ်ဆိုတာဟာ နိုင်ငံတကာကို မထီလေးစားပြုရာ ရောက်တယ်လို့ပြောလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြင်းထန်နေတဲ့အတွက် စစ်ဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။

ခုဖြစ်နေတဲ့ တင်းမာမှုတွေဟာ လိုအပ်တာထက် ပိုလွန်းနေပြီလို့ ဘန်ကီမွန်းကပြောလိုက်ပြီး နျူကလီးယားခြိမ်းခြောက်မှုကို ကစားစရာတစ်ခုလို အနိုင်ယူစရာတစ်ခုလို မထုတ်သုံးသင့်ဘူးလို့ ပြောပါတယ်။

မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက်မှုတွေအပေါ် တုန့်ပြန်မှုတွေ လုပ်ကြမယ်ဆိုရင် ပြဿနာပိုကြီးလာနိုင်ပြီး မငြိမ်မသက်မှုတွေ ပိုဖြစ်စေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘန်ကီမွန်းဟာ တောင်ကိုးရီးယားနိုင်ငံသားဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။

ဂျာနယ်စုံ

ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြင်းထန်နေတုန်း မြောက်ကိုးရီးယားအစိုးရက လွန်ခဲ့တဲ့ ၅ နှစ်က ပိတ်ချခဲ့တဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုတွေကို ပြန်လည်စတင်အသုံးပြုတော့မယ်လို့ပြောလိုက်တဲ့အတွက် တင်းမာမှုတွေဟာ အထွတ်အထိပ်ရောက်ရှိနေပြီး စစ်ဖြစ်ပွားနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ပြန်လည် စတင်မယ့် နျူးကလီးယား စက်ရုံတွေထဲမှာ Yongbyong နျူးကလီးယား ဓာတ်ပေါင်းဖို လည်း ပါဝင်ပြီး Yongbyong စက်ရုံဟာ နျူကလီးယား လက်နက်တွေ အသင့် အသုံးပြုနိုင်ဖို့ အတွက် ပလူတိုနီယံ တွေကို ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံ ဖြစ်ပါတယ်။


ပြန်လည် စတင် အသုံးပြုမယ့် နျူကလီးယား စက်ရုံတွေကို လျှပ်စစ်မီးနဲ့ စစ်ရေးတွေအတွက် အသုံးပြုမယ် လို့ မြောက်ကိုးရီးယား အစိုးရက ပြောပါတယ်။


မြောက်ကိုးရီးယားနိုင်ငံက နျူကလီးယားစက်ရုံတွေ ပြန်အသုံးပြုတော့မယ်ဆိုတာ သိရတဲ့အတွက် တရုတ်နိုင်ငံက စိတ်မကောင်းဘူးလို့ တရုတ်အစိုးရက ပြောပါတယ်။


တင်းမာမှုမှာ ပါဝင်တဲ့နိုင်ငံတွေကြား ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းပြီး ထိန်းချုပ်မှုတွေ ရှိကြဖို့လည်း တိုက် တွန်း လိုက်ပါတယ်။


အမေရိကန်နိုင်ငံကလည်း မြောက်ကိုးရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မြောက်ကိုးရီးယားနိုင်ငံကနေ ဒုံးကျဉ်တွေနဲ့ တိုက်ခိုက်လာရင် ဒုံးကျဉ်တွေကို ပြန်လည်ပစ်ခတ်ဖို့အတွက် စစ်သင်္ဘောတွေ အသင့်ပြင် ဆင် ထားပြီးဖြစ်ပါတယ်။


အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံနဲ့အတူ ရှိပါတယ် ဆိုတာကို ပြသတဲ့ အနေနဲ့ အမေရိကန်နိုင်ငံက ခုလို အသင့်ပြင်ထားတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။


မြောက်ကိုးရီးယားနိုင်ငံကနေ နျူကလီးယားစက်ရုံတွေ ပြန်လည်အသုံးပြုမယ်ဆိုတာဟာ နိုင်ငံတကာကို မထီလေး စားပြုရာ ရောက်တယ်လို့ပြောလိုက်ပါတယ်။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြင်းထန်နေ တဲ့ အတွက် စစ်ဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။


ခုဖြစ်နေတဲ့ တင်းမာမှုတွေဟာ လိုအပ်တာထက် ပိုလွန်းနေပြီလို့ ဘန်ကီမွန်းကပြော လိုက်ပြီး နျူကလီးယား ခြိမ်းခြောက် မှုကို ကစားစရာတစ်ခုလို အနိုင်ယူစရာတစ်ခုလို မထုတ်သုံးသင့်ဘူးလို့ ပြောပါတယ်။


မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက်မှုတွေအပေါ် တုန့်ပြန်မှုတွေ လုပ်ကြမယ်ဆိုရင် ပြဿနာပိုကြီးလာနိုင်ပြီး မငြိမ် မသက်မှုတွေ ပိုဖြစ်စေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘန်ကီမွန်းဟာ တောင်ကိုးရီးယားနိုင်ငံသားဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။


ဂျာနယ်စုံ

No comments:

Post a Comment