Friday, April 5, 2013

တန်ဖိုးနည်းဆင်းမ်ကတ်များရောင်းချပေးချိန်တွင် ဟန်းဆက်ရှားပါး မှုနှင့်ကြုံတွေ့လာနိုင်..

တန်ဖိုးနည်းဆင်းမ်ကတ်များရောင်းချပေးချိန်တွင် ဟန်းဆက်ရှားပါး
မှုနှင့်ကြုံတွေ့လာနိုင်..

လာမည့်ဧပြီလ(၂၄)ရက်နေ့မှစတင်ကာ ဆင်းမ်ကတ်တစ်ကတ်ကို(၁၅၀၀)
ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်၍ ဟန်းဆက်ရှားပါးမှုနှင့် ကြုံတွေ့လာ
နိုင်ကြောင်း ရန်ကုန်မြို့ရှိမိုဘိုင်းဖုန်းအရောင်းဆိုင်များထံမှသိရသည်။
ရောင်းချမည့်တန်ဖိုးနည်းဆင်းမ်ကတ်များမှာ CDMA 800 MHz အမျိုး
အစားများဖြစ်၍ GSM မိုဘိုင်းဖုန်းများကဲ့သို့ဟန်းဆက်မပေါကြောင်း၊CDMA
800 MHz အသုံးပြုနိုင်သော ဟန်းဆက်အမျိုးအစားကဈေးကွက်အတွင်း
တွင် အနည်းဆုံးကျပ်(၄၀၀၀၀)မှ အမြင့်ဆုံးကျပ်(၁)သိန်းကျော်နှင့်အထက်
ထိရှိကြောင်း သိရသည်။“CDMA အမျိုးအစားဟာ ကမ္ဘာမှာအသုံးမပြု
သလောက်ပါပဲ၊ GSMအမျိုးအစားကတော့ တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့
အတွက် ဟန်းဆက်မရှားပါးဘူး”ဟု ရန်ကုန်မြို့မိုဘိုင်းဖုန်းအရောင်းဆိုင်
တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ယခုရောင်းချမည့် တန်ဖိုး
နည်းမိုဘိုင်းဖုန်းဆင်းမ်ကတ်များအား တစ်လလျှင် ကတ်ရေ(၃)သိန်း
ခွဲနှုန်းဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စတင်ရောင်းချသွားမှာဖြစ်ပြီး
နောင်ကာလများတွင် GSM အမျိုးအစားမိုဘိုင်းဖုန်းများလည်း
ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လာမည့်ဧပြီလ(၂၄)ရက်နေ့မှစတင်ကာ ဆင်းမ်ကတ်တစ်ကတ်ကို (၁၅၀၀) ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်၍ ဟန်းဆက်ရှားပါးမှုနှင့် ကြုံတွေ့လာ နိုင်ကြောင်း ရန်ကုန်မြို့ရှိမိုဘိုင်းဖုန်းအရောင်းဆိုင် များ ထံမှသိရသည်။
ရောင်းချမည့်တန်ဖိုးနည်းဆင်းမ်ကတ်များမှာ CDMA 800 MHz အမျိုး
အစားများဖြစ်၍ GSM မိုဘိုင်းဖုန်းများကဲ့သို့ဟန်းဆက် မပေါကြောင်း ၊CDMA800 MHz အသုံးပြုနိုင်သော ဟန်းဆက်အမျိုးအစားကဈေးကွက်အတွင်းတွင် အနည်းဆုံး ကျပ်(၄၀၀၀၀)မှ အမြင့်ဆုံးကျပ်(၁) သိန်းကျော်နှင့် အထက်ထိရှိကြောင်း သိရသည်။“CDMA အမျိုးအစား ဟာ ကမ္ဘာမှာအသုံးမပြု သလောက်ပါပဲ၊ GSMအမျိုးအစားကတော့ တစ်ကမ္ဘာလုံး အသုံးပြုနေတဲ့အတွက် ဟန်းဆက်မရှား ပါးဘူး”ဟု ရန်ကုန်မြို့မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကပြောကြား ခဲ့သည်။ ယခုရောင်းချမည့် တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်းမ်ကတ်များအား တစ်လလျှင် ကတ်ရေ(၃) သိန်း ခွဲနှုန်းဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စတင်ရောင်းချသွားမှာဖြစ်ပြီးနောင်ကာလများတွင် GSM အမျိုးအစားမိုဘိုင်းဖုန်းများလည်းရောင်းချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
From..Myawady News

No comments:

Post a Comment