Friday, April 5, 2013

"နျူလက်နက်သည် မြောက်ကိုရီးယားအဖို့ အသက်သွေးကြော၊ မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်ဟု ဆို"

မြောက်ကိုရီးယားအဖို့ နျူလက်နက်သည် အသက်သွေးကြော သဖွယ်အရေးကြီး၍ မည်သည့်အခါတွင်မျှ စွန့်လွှတ်သွားမည် မဟုတ်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကအလုပ်သမားပါတီ၏ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ် ပေးခဲ့သည်ဟု သိရသည်။

လက်ရှိနိုင်ငံကို အုပ်ချုပ်နေ သော အလုပ်သမားပါတီ၏ ဗဟို ကော်မတီမျက်နှာစုံညီ အစည်း အဝေး တွင် ခေါင်းဆောင်ကင်ဂျုံ အမ်ကစီးပွားရေး အခြေအနေပိုမို တည်ငြိမ်လာစေရေးနှင့် နျူလက် နက်များ ထပ်မံတည်ဆောက် သွားရေးအတွက် လမ်းညွှန်မှုပေး ရာတွင်နျူလက်နက်သည် တိုင်း ပြည် အတွက် အသက်သွေးကြော သဖွယ်အရေးကြီးကြောင်း ပြော ဆိုခဲ့သည်။

''နျူလက်နက်ဟာ မြောက် ကိုရီးယားအတွက် ရတနာသိုက် ကြီးပါ၊ ဒါကိုဘီလျံပေါင်းမြောက် မြားစွာ နဲ့တောင် မလဲနိုင်ပါဘူး''ဟု နိုင်ငံပိုင်ုဃဗြ သတင်းဌာန တွင် ဖော်ပြသွားသည်။

ဗဟိုကော်မတီသည် မြောက်ကိုရီးယားအလုပ်သမားပါတီ၏ မူဝါဒများကို အဆုံးအဖြတ်ပေးရာ အဖွဲ့ အစည်းဖြစ်ပြီး ဗဟိုကော် မတီ မျက်နှာစုံညီအစည်းအဝေး ကို တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိ သည် ဟု သိရ သည်။

တောင်နှင့် မြောက်ကိုရီး ယားခေါင်းဆောင်များက နှစ်စ တွင်ငြိမ်းချမ်းရေးစကား ဆိုခဲ့ကြ သော်လည်း ယခုအခါ နှစ်နိုင်ငံ စစ်မက်ရေးရာ တင်းမာမှုများ အရှိန်မြင့်တက်လျက်ရှိပြီး နှစ် နိုင်ငံကြားစစ်မဲ့ဇုန်အား ပိတ်သိမ်းရမည့် အခြေအနေ ရောက်လျက်ရှိသည်။
From...Popular Myanmar News Journal

No comments:

Post a Comment