Monday, April 1, 2013

နာဆရီ၏ ခြေစွမ်းမတည်ငြိမ်မှုကို ရောဘတ်တို မန်စီနီ ဝေဖန်သုံးသပ်

Photo: နာဆရီ၏ ခြေစွမ်းမတည်ငြိမ်မှုကို ရောဘတ်တို မန်စီနီ ဝေဖန်သုံးသပ်
Monday, April 1, 2013

အာဆင်နယ်မှ (၂၀၁၁)ခုနှစ်၊ နွေရာသီတွင် ပြောင်းရွှေ့ခဲ့သည့် နောက်
ပိုင်း နာဆရီ၏ ခြေစွမ်းသည် အစ်တီဟတ်တွင် တည်တည်ငြိမ်ငြိမ် မရှိခဲ့
ရာ မန်စီနီအနေဖြင့် ၎င်းကို မည်သို့မည်ပုံ အသုံးချရမည်ကို ချဉ်းကပ်ရန် ခက်ခဲလျှက် ရှိသည်။ 

မိမိအနေဖြင့် ကွင်းလယ် ကစားသမား ဆမ်မီနာဆရီကို ခြေစွမ်း တည်
တည်ငြိမ်ငြိမ် ဖြစ်စေလိုကြောင်း မန်ချက်စတာ စီးတီးအသင်း မန်နေဂျာ
ရောဘတ်တို မန်စီနီက ညည်းညူခဲ့သည်။ ပြင်သစ် လက်ရွေးစင် နာ
ဆရီသည် ယခုရာသီတွင် သာမန်အောက် ခြေစွမ်းနိမ့်ပါးမှုကြောင့် မန်
စီနီ၏ ပွဲထွက်ကစားသမား စာရင်းမှ ချန်လှပ် ခံထားရသူ ဖြစ်သည်။

သို့သော်လည်း နယူးကာဆယ်လ် ယူနိုက်တက်ကို အနိုင်ရသည့် ပွဲစဉ်တွင်
မူ နာဆရီအနေဖြင့် စွမ်းဆောင်ရည်ပိုင်း သိသိသာသာ မြင့်မားခဲ့သလို အသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့ပြန်သည်။ 

အာဆင်နယ်မှ (၂၀၁၁)ခုနှစ်၊ နွေရာသီတွင် ပြောင်းရွှေ့ခဲ့သည့် နောက်
ပိုင်း နာဆရီ၏ ခြေစွမ်းသည် အစ်တီဟတ်တွင် တည်တည်ငြိမ်ငြိမ် မရှိခဲ့
ရာ မန်စီနီအနေဖြင့် ၎င်းကို မည်သို့မည်ပုံ အသုံးချရမည်ကို ချဉ်းကပ်ရန် ခက်ခဲလျှက် ရှိသည်။

"သူ့ကိုတော့ လက်သီးနဲ့ တစ်ချက်လောက် ထိုးလိုက်ချင်တယ်"ဟု မန်စီနီက ခပ်ယဲ့ယဲ့ပြုံးရင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ "တကယ်ဆို နာဆရီလို အဆင့်အတန်းနဲ့ ကစားသမား တစ်ယောက်ဟာ ခုလိုခြေစွမ်းမျိုးနဲ့ ပွဲတိုင်းလိုလိုမှာ ကစားနိုင်သင့်တာပေါ့။ 

တချို့ပွဲတွေမှာ သူဟာ ကစားပုံ ဆိုးကောင်းဆိုးမယ်။ ဒါပေမဲ့လည်း ပွဲတိုင်း
လိုလို ခြေစွမ်းပြနိုင်လောက်တဲ့ အရည်အသွေးတွေ သူ့မှာ ရှိနေတယ်လေ"
ဟု မန်စီနီက ဆိုသည်။ နာဆရီသည် နယူးကာဆယ်လ်နှင့် ပွဲစဉ်တွင် ပရီးမီး
ယားလိဂ်ပြိုင်ပွဲ နှစ်ကျော့လုံး ခြေစွမ်းပြနိုင်ခဲ့ပြီး စနေနေ့ကမူ အသင်းအား (၄-၀)ဖြင့် အနိုင်ရအောင် ကူညီပေးခဲ့သည်။

မန်စီနီက "သူဘယ်လို ပြောင်းလဲသွားတယ် ဆိုတာ ကျွန်တော် မသိဘူး။ ကစားသမား တစ်ယောက်ဟာ သူ့အရည်အသွေးတွေကို ပွဲစဉ်တိုင်း အသုံး
မချနိုင်ဘူး ဆိုတာကိုလည်း ကျွန်တော် နားမလည်ဘူး။

အသင်းတစ်သင်းနဲ့ ကစားရင်း ဒုတိယနှစ်ဟာ ခက်ခဲတတ်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ တချို့ ကစားသမားတွေက (၅၀)ရာခိုင်နှုန်းလောက် ကစားပေးတာကို လုံလောက်ပြီလို့ ထင်နေတတ်ကြတယ်။ 

ဘာပဲဖြစ်ဖြစ် နယူးကာဆယ်လ်နဲ့ ပွဲမှာတော့ သူကစားခဲ့တာ သိပ်ကောင်း
တယ် ဆိုတာကို ကျွန်တော် လက်ခံပါတယ်"ဟုလည်း ပြောကြားသွားခဲ့သည်။

Source: DailyMail
Planet Myanmar Network အာဆင်နယ်မှ (၂၀၁၁)ခုနှစ်၊ နွေရာသီတွင် ပြောင်းရွှေ့ခဲ့သည့် နောက် ပိုင်း နာဆရီ၏ ခြေစွမ်းသည် အစ်တီဟတ်တွင် တည်တည်ငြိမ်ငြိမ် မရှိခဲ့ ရာ မန်စီနီ အနေဖြင့် ၎င်းကို မည်သို့မည်ပုံ အသုံးချရမည်ကို ချဉ်းကပ်ရန် ခက်ခဲလျှက် ရှိသည်။
မိမိအနေဖြင့် ကွင်းလယ် ကစားသမား ဆမ်မီနာဆရီကို ခြေစွမ်း တည်တည် ငြိမ်ငြိမ် ဖြစ်စေလိုကြောင်း မန်ချက်စတာ စီးတီးအသင်းမန်နေဂျာရောဘတ်တို မန်စီနီကညည်းညူခဲ့သည်။ ပြင်သစ်လက်ရွေးစင် နာဆရီသည် ယခုရာသီတွင် သာမန်အောက် ခြေစွမ်းနိမ့်ပါးမှုကြောင့် မန်စီနီ၏ ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ် ခံထားရသူ ဖြစ်သည်။

သို့သော်လည်း နယူးကာဆယ်လ် ယူနိုက်တက်ကို အနိုင်ရသည့် ပွဲစဉ်တွင်မူ နာဆရီအနေဖြင့် စွမ်းဆောင် ရည်ပိုင်း သိသိသာသာ မြင့်မားခဲ့သလို အသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့ပြန်သည်။

အာဆင်နယ်မှ (၂၀၁၁)ခုနှစ်၊ နွေရာသီတွင် ပြောင်းရွှေ့ခဲ့သည့် နောက်ပိုင်း နာဆရီ၏ ခြေစွမ်းသည် အစ်တီဟတ်တွင်တည်တည်ငြိမ်ငြိမ်မရှိခဲ့ရာ မန်စီနီအနေဖြင့် ၎င်းကိုမည်သို့မည်ပုံ အသုံးချရမည်ကို ချဉ်းကပ်ရန်ခက်ခဲလျှက် ရှိသည်။

"သူ့ကိုတော့ လက်သီးနဲ့ တစ်ချက်လောက် ထိုးလိုက်ချင်တယ်"ဟု မန်စီနီက ခပ်ယဲ့ယဲ့ပြုံးရင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ "တကယ်ဆို နာဆရီလို အဆင့်အတန်းနဲ့ ကစားသမား တစ်ယောက်ဟာ ခုလိုခြေစွမ်းမျိုးနဲ့ ပွဲတိုင်းလိုလိုမှာ ကစားနိုင်သင့်တာပေါ့။

တချို့ပွဲတွေမှာ သူဟာကစားပုံဆိုးကောင်းဆိုးမယ်။ ဒါပေမဲ့လည်း ပွဲတိုင်းလိုလို ခြေစွမ်းပြနိုင်လောက်တဲ့ အရည်အသွေးတွေ သူ့မှာ ရှိနေတယ်လေ"ဟု မန်စီနီက ဆိုသည်။ နာဆရီသည် နယူးကာဆယ်လ်နှင့် ပွဲစဉ် တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ နှစ်ကျော့လုံး ခြေစွမ်းပြနိုင်ခဲ့ပြီး စနေနေ့ကမူ အသင်းအား (၄-၀)ဖြင့် အနိုင် ရအောင် ကူညီပေးခဲ့သည်။

မန်စီနီက "သူဘယ်လို ပြောင်းလဲသွားတယ် ဆိုတာ ကျွန်တော် မသိဘူး။ ကစားသမား တစ်ယောက်ဟာ သူ့အရည်အသွေးတွေကို ပွဲစဉ်တိုင်း အသုံးမချနိုင်ဘူး ဆိုတာကိုလည်း ကျွန်တော် နားမလည်ဘူး။

အသင်းတစ်သင်းနဲ့ ကစားရင်း ဒုတိယနှစ်ဟာ ခက်ခဲတတ်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ တချို့ ကစားသမားတွေက (၅၀)ရာခိုင်နှုန်းလောက် ကစားပေးတာကို လုံလောက်ပြီလို့ ထင်နေတတ်ကြတယ်။

ဘာပဲဖြစ်ဖြစ် နယူးကာဆယ်လ်နဲ့ ပွဲမှာတော့ သူကစားခဲ့တာ သိပ်ကောင်းတယ် ဆိုတာကို ကျွန်တော် လက် ခံပါတယ်"ဟုလည်း ပြောကြားသွားခဲ့သည်။

Source: DailyMail
Planet Myanmar Network

No comments:

Post a Comment