Monday, April 1, 2013

လွှတ်တော်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တောင်းရတာတိုင်းပြည်နောက်ကြောင်းပြန်မလှည့်နိုင်အောင်တွန်းပို့လိုက်တာ

 
အကြောင်းအမျိုးမျိုးကြောင့် နောက်ကြောင်းပြန်လှည့်မယ်ဆိုရင် ဘယ်သူတွေနစ်နာလဲ ပြည်သူတွေပဲနစ်နာမယ်။ အခုချိန်မှာ အာဃာ တထားရင်တိုင်းပြည်နစ်နာမယ် ဟုဆိုသည့် နိုင်ငံရေးအကျဉ်းသားဟောင်း၊ လယ်ယာမြေနှင့် အခြားမြေများစုံစမ်းစစ်ဆေးရေးကော်မရှင်  အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရီ

မတ်လ (၂၇) ရက် တပ်မတော်နေ့ တွင် ဦးခိုင်မောင်ရည်အား တွေ့ဆုံရာ၌  လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့အထွေ ထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုသည့်စကား ရပ်အား မေးမြန်းရာတွင် “ပထမအကြိမ်  လွှတ်တော်မှာ ကျွန်တော်အရေးကြီးအဆို ပြုလုပ်ခဲ့ပါတယ်။ အရေးကြီးအဆိုကနေ အားချင်း မေးခွန်းဖြစ်ခဲ့တယ်။ တကယ် တော့ဗျာ။ တိုင်းပြည်အခြေအနေတည်ငြိမ်
စပြုနေတဲ့အခြေအနေခေတ်သစ်စနစ်သစ် ကို သွားနေတဲ့ အချိန်မှာ တည်ငြိမ်စဆို တာအရင်ကစစ်အုပ်ချုပ်ရေးကာလကနေ  အသစ်ဖြစ်လာမယ့် နိုင်ငံမှာတည်ငြိမ်စ၊ အရှိန်ရစလွှတ်တော်နိုင်ငံရေးအဖြစ်သွား နေတယ်။ ဒီမိုကရေစီစနစ်ကို သွားနေတယ် ပေါ့ဗျာ။ တည်ငြိမ်စခြေလှမ်း လှမ်းစအချိန်  အခါမျိုးမှာ ကျွန်တော်တို့နိုင်ငံက  မတည် နိုင်မူတွေမကြာခဏဖြစ်ပေါ်နေရတယ်။  ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေက မြန်ဆန်  လွန်းတယ်။ အဝေးကြီးကိုမကြည့်နဲ့ဦး။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ကိစ္စ၊  လက်ပံတောင်းတောင်ကိစ္စအပါအ၀င်   အခြားကိစ္စများစွာဟာလည်း မတည်ငြိမ်  မူနှင့် တပြိုင်နက်ထဲပေါ်လာတာကိုတွေ့ ရတယ်။ သူ့ရှေ့မှာကြည့်ရင် မြစ်ဆုံကိစ္စ များစွာဟာလည်း မတည်ငြိမ်မူနှင့် တစ် ပြိုင်နက်ထဲပေါ်လာတာကို တွေ့ရတယ်။  သူ့ရှေ့မှာကြည့်ရင် မြစ်ဆုံကိစ္စလည်းရှိ တယ်။ အဲဟာတွေက ဘာကြောင့်ပဲဖြစ် ဖြစ် ဖြစ်တိုင်းဖြစ်တိုင်း လွှတ်တော်ကရော   အုပ်ချုပ်ရေးဘက်ကရော တပ်မတော် ဘက်ကပါ အပြန်အလှန်ထိန်းနေရတယ်။ ပြီးတော့ မပြေပြေလည်အောင် ဖြေရှင်း  နေရတယ်။ တစ်ဖက်နဲ့ တစ်ဖက်လည်း တလေးတစားထားပြီး ဆက်ဆံနေကြရ တယ်ပေါ့ဗျာ။ နိုင်ငံရေးမှာ တာဝန်ယူလာ  ကြတဲ့ လွှတ်တော်အကြီးအကဲတွေဟာ  နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲလာ တာကို တွေ့ရတယ်။ လွှတ်တော်အကြီး အကဲတွေက (၈၈) ကျောင်းသားတွေကို လည်းလက်တွဲပြီး ခေါ်သွားတာတွေ့ရ တယ်။ အရပ်ဘက် အဖွဲ့အစည်းတွေလည်း   လက်ရှိအစိုးရဆောင်ရွက်နေတဲ့လုပ်ငန်း  တွေမှာပါဝင်လာတာတွေ့ရတယ်။ အခြား  အခြားလူမှုဝန်ထမ်းတွေလည်း တာဝန်ပေး   နေတာတွေ့ရပါတယ်။ ဒါဟာ ထူးခြားတဲ့ ခေတ်တစ်ခေတ်ကို သွားနေကြတာပါပဲ ဗျာ။ ဒီလိုအခြေအနေမျိုးမှာတောင် အသံ တွေမျိုးစုံနဲ့ တည်ငြိမ်မှုရရှိတဲ့အချိန်မှာ မတည်ငြိမ်မှုတွေအများကြီးထွက်လာတယ်။  နောက်ထပ်အကြောင်းအမျိုးမျိုးရှိသလို  ဆောင်ရွက်မှုတွေလည်းရှိနေတယ်။ ဥပမာဗျာ။ တစ်ဖက်ကလည်း လယ်သမား  တွေအတွက် ဆောင်ရွက်နေကြသလို တစ်ဖက်မှာလည်းလယ်သမားအရေးကို  ဆောင်ရွက်နေတာရှိတယ်။ အဲဒါ ဘက်နှစ် ဘက်ဖြစ်ဖြစ်နေတယ်။ ဘက်နှစ်ဘက်လုံး က ပြောင်းပြန်ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်တူညီတဲ့ ပန်းတိုင်တစ်ခုတော့   ရှိရမှာပေါ့။ ကျွန်တော်လွှတ်တော်မှာ အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့်ကို တောင်းတဲ့အခါမှာ မေးခွန်းသုံးခုထားပြီး မေးခဲ့ပါတယ်။ “နောက်ပြန်လှည့်မှာလား  ရပ်နေမှာလား၊ ရှေ့ဆက်သွားမှာလား”။  နိုင်ငံတော်နောက်ပြန်မလှည့်ရေးအတွက်  လွှတ်တော်မှာတောင်းဆိုတဲ့ အထွေထွေ  လွတ်ငြိမ်းချမ်းသာခွင့်ဟာ အရမ်းကို အရေးကြီးတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ဆိုပြီး လူတွေကပြောနေကြတာ နိုင်ငံ ရေးသမား၊ အကျဉ်းသားတွေကိုပြောတယ်   ထက်နေကြတယ်။ တကယ်တမ်းတော့  အဲလိုမဟုတ်ဘူး။ တောတွင်းပြည်ပပြည် တွင်းက ဘက်နှစ်ဘက်လုံးကိုကြည့်ပြီးတော့   တောင်းဆိုထားတာဖြစ်တယ်။ ဒီဘက်ဆိုဒ်  က နိုင်ငံရေးသမားလူထုဟိုဘက်ဆိုင်ဒ်က လည်း တပ်မတော်ပါမယ်။ အဲဒီလိုလွတ်  ငြိမ်းချမ်းသာခွင့်ကိုပြောတာပါ”။
မေး- ဦးခင်မောင်ရီက နောင်ပြန်လည် တရားစွဲဆိုခြင်းကို လက်မခံလိုဘူးလို့ မပြောချင်ဘဲ လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီး လွှတ်တော်မှာ နှစ်ဘက်စလုံးအတွက် ကောင်းတဲ့သဘောလား။
ဖြေ- ဆက်စပ်ကြည့်ရင်တော့ ဟုတ်ပါ တယ်။ ကျွန်တော်လွှတ်တော်မှာ မေးတာ ရှင်းရှင်းလေးပါ။ နောက်ကြောင်းပြန်လှည့်   မှာလားဆိုတဲ့ မေးခွန်းကအရမ်းကိုအရေး ကြီးတယ်။ ငြိမ်းချမ်းရေးလို့ဆိုလို့ရှိရင် ငြိမ်းချမ်းစွာနဲ့ပဲ ရယူလိုတဲ့ဆန္ဒရှိတယ်။ ငြိမ်းချမ်းရေးလို့အကြောင်းပြပြီး အကြမ်း နည်းကိုလုံးဝဆန့်ကျင်ပါတယ်။ ငြိမ်းချမ်း ရေးဆိုပြီး ပဋိပက္ခပုံစံမျိုးနဲ့ မရယူလို့တဲ့ဆန္ဒ  ပါပါတယ်။ လက်ရှိတည်ငြိမ်အေးချမ်းနေ တဲ့ အခြေအနေမျိုးကို ဆက်လက်ပြီး တည်ရှိနေဖို့လိုနေပါတယ်။ မတည်ငြိမ်မအေး  ချမ်းတဲ့ ကိစ္စမျိုးရှောင်ရှားရမှာဖြစ်တယ်။  ဂျာနယ်ထဲကနေ တည်ငြိမ်မှုပျက်ပြားအောင်   သော်လည်ကောင်း တည်ငြိမ်စပြုလာတဲ့ နိုင်ငံတစ်နိုင်ငံအတွက် တစ်ဖက်ကတစ်စုံ  တစ်ယောက်ကို အပြစ်ပေးဖို့ရည်ရွယ်ရင် ပြစ်ဒဏ်ပေးဒံရတဲ့လူတွေကရော ပြစ်ဒဏ်  ပေးတဲ့လူတွေကို ကျွန်တော်ကိုယ်တိုင် အပါအ၀င်အချိန်မှာ အာဃာသတွေနဲ့  ဆက်လက်ရှိနေပြီး မဆုံးနိုင်တဲ့သံသရာမှာ  လည်း တိုင်းပြည်ကလည်း နောက်ပြန် သွားတာတွေ့ရလိမ့်မယ်ဗျ။ အဲဒီမဆုံးနိုင်  တဲ့ အာဏာသတွေကို ဖြေပျောက်နိုင်ဖို့ ကျွန်တော်လွှတ်တော်မှာတရားဝင်ပြော ခဲ့တဲ့စကားရှိတယ်။ အာဏာသတွေနဲ့ သင်ပုန်းမခြေနိုင်တဲ့သူရှိကောင်းရှိပါလိမ့် မယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရှေ့ဆက် သွားရမယ်။ ရှေ့ဆက်သွားတဲ့အခါမှာ သင်ပုန်းခြေနိုင်တဲ့ ဥပဒေတစ်ရပ်ထုတ်ပြန်    ပြီးတော့မှ သင်ပုန်းခြေတဲ့ဥပဒေအဖြစ်  တစ်ဖက်တည်းမဟုတ်နှစ်ဖက်လုံးအကယ် ၍သုံးဖက်ရှိလျှင် သုံးဖက်စလုံးညီညွတ်မျှ တစွာ သင်ပုန်းခြေနိုင်ရေးအတွက် နောက်ပြန်မလှည့်နိုင်ဖို့အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်တောင်းခဲ့တာဖြစ်တယ်။  ပြီးတော့ ဒီတောင်းဆိုချက်က အဓိပ္ပာယ်   တွေအများကြီးရှိတယ်။ တိုင်းပြည်အခြေ အနေကို အကောင်းဆုံးဖြစ်စေဖို့အတွက် တကယ်တမ်းလိုအပ်ချက်တစ်ရပ်ဖြစ်ပါ တယ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးရင် ဒီလွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ စကားသည် တစ်စုံတစ်ယောက်ရော မပါလာနိုင်ဘူးလားဟု မေးစရာဖြစ်လာ လိမ့်မယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ   တစ်ဖက်တည်းမဟုတ်ပဲနဲ့ ဘက်ပေါင်းစုံ  က အထွေထွေဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ တင်ပြရခြင်းဖြစ်ပါတယ်ဟုပြော ကြားခဲ့သည်။
မေး- ဦးခင်မောင်ရီအနေနဲ့ တိုင်းပြည် တည်ငြိမ်စ အရှိန်ရစလို့ပြောခဲ့တယ်။ တိုင်းပြည်မတည်ငြိမ်မအေးချမ်းခဲ့တဲ့ ကာလက ကြုံတွေ့ခံစားရတဲ့ လူတွေ ဘက်ကိုရော သူတို့ရဲ့ခံစားချက်တွေကို ဘယ်လိုဖြေဖျောက်မလဲဟုမေးမြန်းရာတွင်
မဖြေဖျောက်နိုင်ဘဲနဲ့ သင်ပုန်းခြေ စရာမရှိရင် နှမ်းစေ့တစ်စေ့လောက်ပဲပြော ပြော အဲဒီနှမ်းစေ့လေးလောက်နဲ့ပဲ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်။  အဲဒီတော့ ဘာကြောင့်ပဲဖြစ်ဖြစ် နစ်နာ တဲ့သူတွေဘက်ကလည်း အများကြီးနစ်နာ   ခဲ့တာတွေရှိပါတယ်။ အပြန်ပြန်အလှန်လှန် ပြန်ပြောနေရင် ရှေ့ဆက်သွားလို့ရနိုင်မှာ     မဟုတ်ပါဘူး။ အဲဒီလိုပြောကြကြေး ထုတ်ဖော်ပြောကြာကြေးဆိုရင် ကျွန်တော်   လည်းနိုင်ငံရေးအကျဉ်းသားအဖြစ် (၇) နှစ်နေပြီး (၇) ထောင်ပြောင်းခဲ့ရတယ်။  မိသားစုဘ၀တွေအများကြီးပျက်ခဲ့ရတာ   ရှိခဲ့ပါတယ်။ ဒါတွေက သင်ပုန်းခြေရမယ်။  အခုချိန်မှာ အာဏာတထားရင် တိုင်းပြည်  တဖန်ပြန်နစ်နာရုံပဲရှိတယ်။ ဒီအနေအထား   လေးကနေ ငါတို့မရရအောင်ယူမယ်ဆိုတဲ့ သဘောနဲ့ ဒီအထွေထွေလွတ်ငြိမ်းချမ်းသာ  ခွင့်ဆိုတဲ့ အဆိုကို ကျွန်တော်တောင်းဆို   ရတာဖြစ်တယ်။ ဒါကြောင့် တိုင်းပြည် တည်ငြိမ်းအေးချမ်းနေတဲ့အချိန်မှာ နောက်ကြောင်းပြန်လှည့်နိုင်မဲ့စကားတွေကို  မသုံးသင့်ဘူး။ အကြောင်းအရာအမျိုးမျိုး   ကြောင့် နောက်ကြောင်းပြန်ခဲ့လို့ ဘယ်သူ   တွေနစ်နာလဲ ပြည်သူတွေပဲနစ်နာခဲ့တယ်။  တိုင်းပြည်ကိုလည်း အစကနေ ပြန်စရလိမ့်  မယ်။ ဒီအချိန်မှာ မီးမရှို့စေချင်ဘူးဗျာ။  မလိုအပ်ပဲအင်အားတွေ မဖြုန်းစေချင်ဘူး။  ပြည်သူတွေကိုလည်း ထပ်မံပြီ မခံစား စေချင်လို့ပါဟုပြောကြားခဲ့သည်။
လွှတ်တော်မှာ ဦးခင်မောင်ရီအဖြည့်ခံဘ၀ လို့ပြောနေတာတွေက ဘာကိုရည်ရွယ်ပြီး ပြောတာလဲဟုမေးမြန်းရာတွင်
လွှတ်တော်မှာ ပြောတဲ့အဖြည့်ခံဆို တဲ့စကားက ကျွန်တော်အမြင်ကိုပြောမယ်။  ယခင်စစ်အစိုးရရဲ့ စိတ်ဓာတ်တွေခ၀ါချ  လိုက်တယ်လို့ ကျွန်တော်မြင်တယ်။ ပြီးတော့ ရှေ့ဆက်တိုင်းပြည်အကောင်း ဆုံးသွားဖို့ကိစ္စမှာ သူတို့ရင်ထဲမှာ ပွင့်လင်း   မူတွေရှိလာတယ်။ ပြီးတော့ တိုင်းပြည်ကို အေးချမ်းစွာသွားလိုတဲ့ ဆန္ဒတွေတွေ့ရ တယ်။ အဲဒီလိုလက်တွဲသွားလို့ရတဲ့သူတွေ   ပုဂ်္ဂိုလ်တွေအများကြီးပေါ်ထွက်လာတယ်။
မှတ်မှတ်ရရလွှတ်တော်စတတ်ခါစတုန်း က ငါတို့ဟာတကယ်မှဟုတ်ရဲ့လား ဖြစ်မှ ဖြစ်ပါ့မလား ကိုယ့်ကိုကိုယ်ခံစားရတယ်။  တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာတယ်။   တိုင်းပြည်ကိုအမှန်တကယ်နဲ့ ရှေ့ဆက် သွားနေတယ်ပေါ့။ ပြည်သူတစ်ရပ်လုံးက ဒါကိုနားလည်သဘောပေါက်ဖို့လိုပါတယ်။  တိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုရင် အခုသွားနေတဲ့ လွှတ်တော်နိုင်ငံရေးကနေ  ရိုးရိုးသားသားနှင့် ၀င်ရောက်ရင် တိုင်းပြည် နောက်ကြောင်းပြန်မလှည့်နိုင်ဘူးလို့  ကျွန်တော်ယုံကြည်ပါတယ်။
နောက်ကြောင်းပြန်လှည့်နိုင်တဲ့စကား တွေ လုပ်ဆောင်ချက်တွေ မလုပ်ကြပါနဲ့။  ကျွန်တော်တို့ အခုလုပ်နေတာ နောင်လာ  နောင်သားတွေအတွက် အဖြည့်ခံဘ၀ တွေလို့ပဲကိုယ့်ကိုကိုယ်မြင်ပါတယ်။ ကျွန်တော်အပါအ၀င်လွှတ်တော်ကိုယ်စား လှယ်တွေအားလုံး တပ်မတော်အကြီးအကဲ   တွေအားလုံး ပါတီနိုင်ငံရေးသမားတွေ အားလုံးအဖြစ်ဆောင်ရွက်နေကြသူတွေ  ဖြစ်တယ်။ နောင်လာမယ့်ကာလတွေမှာ ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီအသီးအပွင့်တွေ ကို စားသုံးရမှာကပြည်သူတွေဖြစ်လာမှာ ပါ။ ဒါကြောင့်မို့လို့ကျွန်တော်က နောက်ပြန်လှည့်မှာလား။ ရပ်နေမှာလား။  ရှေ့ဆက်သွားမှာလားလို့ မေးရခြင်းက လည်း တိုင်းပြည်နောက်ပြန်မလှည့်နိုင်တဲ့  အနေအထားဖြစ်အောင်တွန်းပို့လိုက်တာ ဖြစ်ပါတယ်ဟုဖြေကြားခဲ့ရသည်။

စိုးဝင်းနိုင်
hotnewsjournal

No comments:

Post a Comment