Tuesday, April 2, 2013

မြောက်ကိုရီးယားက ပြုပြင်ပြောင်းလဲရန် လိုလားသော ၀န်ကြီးချုပ်သစ် ခန့်အပ်

Northkorea1-april2

မြောက်ကိုရီးယားနိုင်ငံတွင် ၂၀၀၇ ခုနှစ်က ရာထူးမှ ဖြုတ်ချခံခဲ့ရသော ၀န်ကြီးချုပ်ဟောင်းအား ဧပြီ ၁ ရက်နေ့က ၀န်ကြီးချုပ်အသစ် အဖြစ် ပြန် လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ပက်ပေါင်ဂျူ (Pak Pong-Ju) သည် ၂၀၀၇ ခုနှစ်က သူ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အစိုးရ၏ရာထူးမှ ဖြုတ်ချခြင်းခံခဲ့ သည်။
နှစ်စဉ်ကျင်းပနေသော မြောက်ကိုရီးယား၏ လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်တွင် ပက်ပေါင်ဂျူသည် ၀န်ကြီးချုပ်ချိုယောင်ရမ်နေရာတွင် အစားထိုးပြီး ၀န်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
၂၀၀၃-၂၀၀၇ ခုနှစ်အတွင်း ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော ပက်သည် နိုင်ငံပိုင် လုပ်ငန်းများကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ကာ နိုင်ငံ၏ ရိက္ခာနှင့် နေ့စဉ်လိုအပ်သည့် ပစ္စည်းများ ခွဲတမ်းစနစ်ကို တဖြည်းဖြည့်လျှော့ချပြီး မြောက်ကိုရီးယား၏ ယိုင်နဲ့နေသော ဈေးကွက်ကို ပြုပြင်ပြောင်းလဲခဲ့သည်။ သို့သော် ပါတီနှင့်စစ်တပ်တို့မှ ပက်ကိုပြင်းထန်စွာ တုံ့ပြန်လာဖွယ်ရှိသောကြောင့် ၂၀၀၆ ခုနှစ် ဇွန်လတွင် တာဝန်မှ ဆိုင်းငံ့ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် မြောက်ကိုရီးယားနိုင်ငံသည် မိမိကိုယ်ကို ကာကွယ်မည့် ခိုင်မာသောနျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံအဖြစ် အတည်ပြုသည့် အထူးဥပဒေ အသစ်တစ်ရပ်ကို တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြသည်။ အဆိုပါ ဥပဒေနှင့်အတူ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံပိုင် အာကာသဖွံ့ဖြိုးတိုးတက်ရေးဌာန ထူထောင်ရေး ဥပဒေနှစ်ရပ်ကိုလည်း ထောက်ခံခဲ့ကြသည်။
From....Eleven

No comments:

Post a Comment