အလုံဓာတ်အားပေးစက်ရုံအတွင်း
ဝါယာရှော့ဟု ယူဆရသည့် မီးလောင်မှုတစ်ခု ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်
ဝန်းကျင် တွင် ဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ
အလုံဓာတ် အားပေး စက်ရုံဝင်း အတွင်းရှိ ဓာတ်အားပေးစက်အသစ်များထားရှိရာ
အခန်း အတွင်း ဖြစ် ပွာခဲ့ပြီး ၀ါယာရှော့မှတစ်ဆင့်
မီးလောင်ကျွမ်းမှု ဖြစ် ခဲ့ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ် အတွင်း ရောက် ရှိနေသော အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ
ဦးမျိုးအောင်က ''အခုလောလောဆယ်တော့ ဘယ်ကစလောင်တယ်ဆိုတာ စစ်ဆေး ဆဲပါပဲ''ဟု
Eleven Media Group ၏ မေးမြန်း ချက်အား ပြန် လည်ဖြေကြားခဲ့သည်။
မီးလောင် မှုဖြစ်စဉ်မှာ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး မီးသတ်ကား အစီးရေး ၁၅
စီးထက်မနည်း ငြိမ်းသတ်ခဲ့ ရကြောင်း တွေ့ရှိရသည်။ အဆိုပါ
မီးလောင်မှုဖြစ်စဉ်အတွင်း မီဒီယာ သမားများ သတင်းရယူခြင်းကို စက်ရုံ
ဝန်ထမ်းနှင့် တာဝန်ရှိသူဟုဆိုသူများက ကြမ်းတမ်းစွာ တား ဆီးခြင်းများ
ပြုလုပ်ခဲ့ကြသည်။
From....Eleven


No comments:
Post a Comment