Wednesday, April 10, 2013

"လုပ်ငန်းရှင်များ၏ တင်ပြချက် လေထဲတွင် ပျောက်သွားမည်မဟုတ်ဟု သူရဦးရွှေမန်း ကတိပြု"

"လုပ်ငန်းရှင်များ၏ တင်ပြချက် လေထဲတွင် ပျောက်သွားမည်မဟုတ်ဟု သူရဦးရွှေမန်း ကတိပြု"
Wednesday, April 10, 2013

စီးပွားရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များကို ဥပဒေတစ်ခု၊ ဆုံး ဖြတ်ချက်တစ်ခု ဖြစ်စေပြီး မှန်မှန် ကန်ကန် ဆောင်ရွက်သွားမည်
ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းက ပြောကြားလိုက်သည်။

UMFCCI ၊ ဘဏ္ဍာ-အခွန်မှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့ တွေ့ဆုံ ရာတွင် စီးပွားရေးလုပ်ငန်းရှင်များက ¤င်းတို့ ကြုံတွေ့နေရသော အခက် အခဲများကို တင်ပြပြီးနောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''လွှတ်တော်ကို ယုံကြည်မှုရှိလို့ ဂုဏ်ယူတယ်။တင်ပြချက်တွေ ဆွေး နွေး
ချက်တွေ လေထဲမှာ ပျောက် မသွားစေရဘူး''ဟု ၄င်းက ကတိပေး ပြော
ကြားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အသားတိုးနွား ရောင်းချခြင်းနှင့်ပတ် သက်သည့်မူကို ရှင်းလင်းစွာ
ထုတ်ပြန် ပေးရန်၊ လက်ရှိ ငွေလဲလှယ်နှုန်း ကြောင့် အရှုံးပေါ်နေသော အခြေအ နေများကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှလည်းကောင်း၊
ပြည်တွင်းဘဏ်တိုးနှုန်းများ မြင့်မားနေခြင်းကို လျှော့ချပေးရန် မြန်မာနိုင်ငံ
ဆန်စပါး လုပ်ငန်းအသင်းချုပ်မှလည်းကောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများ ဆုတ် ယုတ်လာမှုအခြေအနေကို မြန်မာ နိုင်ငံ စက်မှုကုန်ထုတ်သူများအသင်း မှလည်းကောင်း၊ ရွှေများကို အကန့် အသတ်ဖြင့် နိုင်ငံတကာသို့ ရောင်းချ ခွင့်ပေးရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များအသင်းမှလည်းကောင်း အ သီးသီး တင်ပြခဲ့သည်။

''စီးပွားရေးလုပ်ငန်းရှင်လည်း ပြည်သူပဲ။ စက်မှုလုပ်ငန်းရှင်လည်း ပြည်သူပဲ။
ပြည်သူ့အသံနားထောင် ပြီး ကျွန်တော်တို့ ပြည်သူ့အကျိုးအ တွက် ဆက်လက်ဆောင်ရွက်မှာပါ'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြော သည်။
သို့သော် အချိန်အတိုင်းအတာ တစ်ခု အထိတော့ စောင့်ရမည်ဖြစ် ကြောင်း၊ လွှတ်တော်တစ်ခုတည်း လုပ်ကိုင် ဆောင်ရွက်၍မရဘဲ ပြည် သူများပါ ပါဝင်ဆောင်ရွက်ရန်လို ကြောင်း ၄င်းက ပြောသည်။

''ဆိုပါစို့။ သက်ဆိုင်ရာအဖွဲ့အ စည်းတစ်ခုက ဒီဥပဒေကို စီမံခန့်ခွဲ တယ်။ အဲဒီအဖွဲ့အစည်းက ချိုး ဖောက်ရင် ပြည်သူက တင်ပြဖို့လို တယ်။ ဒီလိုပဲ ပြည်သူချိုးဖောက်ရင် လည်း အဖွဲ့အစည်းက တင်ပြဖို့လို တယ်'' 
ဟု ¤င်းကပြောသည်။

ဝေယံမိုးမြင့်၊ မေဇင်ဝင်း
Popular Myanmar News Journal စီးပွားရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များကို ဥပဒေတစ်ခု၊ ဆုံး ဖြတ်ချက် တစ်ခု ဖြစ်စေပြီး မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းက ပြောကြားလိုက်သည်။
UMFCCI ၊ ဘဏ္ဍာ-အခွန်မှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော် ဘဏ် များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့ တွေ့ဆုံရာတွင် စီးပွားရေးလုပ်ငန်းရှင်များက ¤င်းတို့ ကြုံတွေ့နေရသော အခက် အခဲများကို တင်ပြပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအ တိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

''လွှတ်တော်ကို ယုံကြည်မှုရှိလို့ ဂုဏ်ယူတယ်။တင်ပြချက်တွေ ဆွေး နွေးချက်တွေ လေထဲမှာ ပျောက် မသွားစေရဘူး''ဟု ၄င်းက ကတိပေး ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အသားတိုးနွား ရောင်းချခြင်းနှင့်ပတ် သက်သည့်မူကို ရှင်းလင်းစွာထုတ်ပြန် ပေးရန်၊ လက်ရှိ ငွေလဲလှယ်နှုန်း ကြောင့်အရှုံးပေါ်နေသော အခြေ အ နေများကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှလည်းကောင်း ၊ပြည်တွင်း ဘဏ်တိုးနှုန်းများ မြင့် မားနေခြင်းကို လျှော့ချပေးရန် မြန်မာနိုင်ငံ
ဆန်စပါး လုပ်ငန်းအသင်းချုပ်မှလည်းကောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများ ဆုတ် ယုတ်လာမှု အခြေ အနေကို မြန်မာ နိုင်ငံ စက်မှုကုန်ထုတ်သူများအသင်းမှလည်းကောင်း၊ ရွှေများကို အကန့် အသတ်ဖြင့် နိုင်ငံတကာသို့ ရောင်းချ ခွင့်ပေးရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များအသင်းမှလည်းကောင်း အ သီးသီး တင်ပြခဲ့သည်။

''စီးပွားရေးလုပ်ငန်းရှင်လည်း ပြည်သူပဲ။ စက်မှုလုပ်ငန်းရှင်လည်း ပြည်သူပဲ။
ပြည်သူ့အသံနားထောင်ပြီး ကျွန်တော်တို့ ပြည်သူ့အကျိုးအတွက် ဆက်လက်ဆောင်ရွက်မှာပါ'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြော သည်။
သို့သော် အချိန်အတိုင်းအတာ တစ်ခုအထိတော့ စောင့်ရမည်ဖြစ် ကြောင်း၊ လွှတ်တော်တစ်ခုတည်း လုပ်ကိုင် ဆောင်ရွက်၍မရဘဲ ပြည် သူများပါ ပါဝင်ဆောင်ရွက်ရန်လို ကြောင်း ၄င်းက ပြောသည်။

''ဆိုပါစို့။ သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုက ဒီဥပဒေကို စီမံခန့်ခွဲတယ်။ အဲဒီအဖွဲ့အစည်းကချိုး ဖောက် ရင် ပြည်သူက တင်ပြဖို့လို တယ်။ ဒီလိုပဲ ပြည်သူချိုးဖောက်ရင် လည်း အဖွဲ့အစည်းက တင်ပြဖို့လို တယ်'' ဟု င်းကပြောသည်။

ဝေယံမိုးမြင့်၊ မေဇင်ဝင်း
Popular Myanmar News Journal
copy From.....မြ၀တီ

No comments:

Post a Comment