Monday, April 1, 2013

ECee2 (အရေးပေါ် သန္ဓေတားဆေးလုံး)

Photo: ECee2 (အရေးပေါ် သန္ဓေတားဆေးလုံး)
Monday, April 1, 2013

(၁)အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါမှာ အရေးပေါ်အနေနဲ့ သုံးလို့ရတဲ့ ဆေးပါ။ အကာကွယ်မဲ့ လိင်ဆက်ဆံပြီး သုံးရက်ကနေ ငါးရက် အတွင်းမှာ သုံးဖြစ်မှ အာနိသင်ရှိပါတယ်။
ဆေးနှစ်လုံးပါပါတယ်။ ဆက်ဆံပြီး ပထမဆေးလုံး
သောက်အပြီး နောက် ၁၂ နာရီကြာရင်ဒုတိယဆေးလုံးကို
သောက်ရပါမယ်။ ဆေးဆိုင်ကြီးတွေမှာ ရနိုင်ပါပြီ။

(၂) မြန်မာအမျိုးကောင်းသမီးလေးတွေ ပညာသင်ချိန် အရွယ်မတိုင်မှီမှာမလိုချင်ဘဲရလာတဲ့ကိုယ်ဝန်ရဲ့
နောက်ဆက်တွဲဆိုးကျိုးတွေကိုမခံစားစေချင်တဲ့ စေတနာကြောင့် ရေးပေးလိုက်ပါတယ်။

(၃) အကာကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါ၊ အဓမ္မပြုကျင့်ခံရတဲ့ သူတွေမှာ၊ဒါမှမဟုတ်ပုံမှန်တားဆေးကတ်သုံးနေရင်း မေ့သွားတဲ့အခါသုံးလို့ရပါတယ်။

(၄) (အရေးပေါ်) လို့ ရေးထားတဲ့အတိုင်း အရေးပေါ်သာ သုံးရပါမယ်။ အရွယ်မတိုင်ခင် လက်မထပ်သေးဘဲနဲ့ လိင်ဆက်ဆံခြင်းမပြုကြဖို့ပထမဆုံးအနေနဲ့ တိုက်တွန်းပါရစေ။ မဖြစ်လို့မှ နယ်ကျွံမိပြီဆိုရင်ရွေးချယ်ဖို့က ကွန်ဒုံးကို အကြံပြုပါတယ်။မကြာခဏအရေးပေါ်နေမယ်ဆိုရင်တော့
ဖြစ်လာမယ့် နောက်ဆက်တွဲ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက အများကြီးပါ။

(၅) မသုံးသင့်တဲ့အချိန်
ကိုယ်ဝန်ရှိနေခြင်း၊အသည်းမကောင်းခြင်း၊ရင်သားကင်ဆာ
ဖြစ်ဖူးခြင်း၊ နှလုံးသွေးကြောရောဂါဖြစ်နေခြင်း၊
မိန်းမကိုယ်မှ သွေးဆင်းများသော ရောဂါတစ်ခုခုရှိနေခြင်း၊ စပြစ်သီးသန္ဓေအားဖယ်ထုတ်ပြီးပြီးချင်း တွင် မသုံးရပါ။

(၆) သတိဖြင့်သုံးရမည့်အခြေအနေ
ဆေးမတည့်မှုဖြစ်တတ်သူ၊ နေရာလွဲမှား သန္ဓေသားဖြစ်ဖူးသူများ၊
အသည်းရောဂါလတ်တလောဖြစ်နေသူ၊ဆီးချို၊ပန်းနာရင်ကြတ်၊
ဝက်ရူးပျံ၊ခေါင်းကိုက် သူများ သတိဖြင့် သုံးစွဲရန် ဖြစ်ပါတယ်။ သည်အခြေအနေတွေမှာသုံးမိရင်မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

(၇)ဆေးသုံးလျှင် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများ
မူးဝေအော့အန်ခြင်း၊ ခေါင်းလေးခေါင်းကိုက်ဇက်ထိုး၊
နုန်းချိ၊ဗိုက်နာခြင်း၊ ရင်သားတင်းခြင်း၊ရာသီသွေးမူမမှန်ခြင်း၊
စိတ်ကျရောဂါရခြင်း၊ အရေပြားပြဿနာများ၊ စားချင်စိတ်ပျက်ခြင်း၊ ပိန်ခြင်းဝခြင်း၊ဖောခြင်း၊ အမွေးအမြှင်ကျဲခြင်း၊ပါးခြင်း၊ လေဖြတ်ခြင်း
တို့ ဖြစ်တတ်ပါသည်။

မိန်းကလေးသောက်ရန်ဖြစ်ပါသည်။ ထို့ကြောင့် မိန်းကလေးများသာ
ဘေးထွက်ဆိုးကျိုးများကို ခံစားရမည်ဖြစ်ပါသည်။

ကိုယ်ဝန်မရစေရန်အတွက် ၁၀၀% စိတ်မချရပါ။ အခြားပုံစံတူဆေးမှာ Plan B အမည်ဖြင့်ထွက်သော
ဆေးဖြစ်ပါသည်။

Reproductive မူရင်းလင့်ခ်.... https://www.facebook.com/photo.php?fbid=605972312763520&set=a.236423499718405.74381.100000522717272&type=1&ref=nf (၁)အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါမှာ အရေးပေါ်အနေနဲ့ သုံးလို့ ရတဲ့ ဆေးပါ။ အကာကွယ်မဲ့ လိင်ဆက်ဆံပြီး သုံးရက်ကနေ ငါးရက် အတွင်းမှာ သုံးဖြစ်မှ အာနိသင်ရှိပါတယ်။
ဆေးနှစ်လုံးပါပါတယ်။ ဆက်ဆံပြီး ပထမဆေးလုံးသောက်အပြီး နောက် ၁၂ နာရီကြာရင်ဒုတိယဆေးလုံး ကိုသောက်ရပါမယ်။ ဆေးဆိုင် ကြီးတွေ မှာ ရနိုင်ပါပြီ။

(၂) မြန်မာအမျိုးကောင်းသမီးလေးတွေ ပညာသင်ချိန် အရွယ်မတိုင်မှီမှာမလိုချင်ဘဲ ရလာတဲ့ ကိုယ်ဝန် ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုမခံစားစေချင်တဲ့ စေတနာကြောင့် ရေးပေးလိုက်ပါတယ်။

(၃) အကာကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါ၊ အဓမ္မပြုကျင့်ခံရတဲ့ သူတွေမှာ၊ဒါမှ မဟုတ်ပုံမှန် တားဆေးကတ် သုံးနေရင်း မေ့သွားတဲ့အခါသုံးလို့ရပါတယ်။

(၄) (အရေးပေါ်) လို့ ရေးထားတဲ့အတိုင်း အရေးပေါ်သာ သုံးရပါမယ်။ အရွယ်မတိုင်ခင် လက်မထပ်သေးဘဲနဲ့ လိင်ဆက်ဆံခြင်းမပြုကြဖို့ပထမဆုံးအနေနဲ့ တိုက်တွန်းပါရစေ။ မဖြစ်လို့မှ နယ်ကျွံမိပြီဆိုရင်ရွေးချယ်ဖို့က ကွန်ဒုံးကို အကြံပြုပါတယ်။မကြာခဏအရေးပေါ်နေမယ်ဆို ရင်တော့ ဖြစ်လာမယ့် နောက် ဆက်တွဲ ဆေး ရဲ့ ဘေးထွက်ဆိုးကျိုးတွေက အများကြီးပါ။

(၅) မသုံးသင့်တဲ့အချိန်ကိုယ်ဝန်ရှိနေခြင်း၊ အသည်းမကောင်းခြင်း၊ ရင်သားကင်ဆာ ဖြစ်ဖူးခြင်း ၊ နှလုံးသွေးကြောရောဂါဖြစ်နေခြင်း၊မိန်းမကိုယ်မှ သွေးဆင်းများသော ရောဂါတစ်ခုခုရှိနေခြင်း၊ စပြစ်သီး သန္ဓေအားဖယ်ထုတ်ပြီးပြီးချင်း တွင် မသုံးရပါ။

(၆) သတိဖြင့်သုံးရမည့်အခြေအနေဆေးမတည့်မှုဖြစ်တတ်သူ၊ နေရာလွဲမှား သန္ဓေသားဖြစ်ဖူးသူများ၊ အသည်းရောဂါ လတ်တလောဖြစ်နေသူ၊ဆီးချို၊ပန်းနာရင်ကြတ်၊၀က်ရူးပျံ၊ခေါင်းကိုက် သူများ သတိဖြင့် သုံးစွဲရန် ဖြစ်ပါတယ်။ သည်အခြေအနေတွေမှာသုံးမိရင်မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစား ရနိုင်ပါတယ်။

(၇)ဆေးသုံးလျှင် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများမူးဝေအော့အန်ခြင်း၊ ခေါင်းလေးခေါင်းကိုက်ဇက်ထိုး၊
နုန်းချိ၊ဗိုက်နာခြင်း၊ ရင်သားတင်းခြင်း၊ရာသီသွေးမူမမှန်ခြင်း၊စိတ်ကျရောဂါရခြင်း၊ အရေပြားပြဿနာများ၊ စားချင်စိတ်ပျက်ခြင်း၊ ပိန်ခြင်းဝခြင်း၊ဖောခြင်း၊ အမွေးအမြှင်ကျဲခြင်း၊ပါးခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်တတ်ပါသည်။

မိန်းကလေးသောက်ရန်ဖြစ်ပါသည်။ ထို့ကြောင့် မိန်းကလေးများသာဘေးထွက်ဆိုးကျိုးများကို ခံစားရ မည်ဖြစ်ပါသည်။

ကိုယ်ဝန်မရစေရန်အတွက် ၁၀၀% စိတ်မချရပါ။ အခြားပုံစံတူဆေးမှာ Plan B အမည်ဖြင့်ထွက်သောဆေးဖြစ် ပါသည်။
Copy From >> အင်တာနတ်

No comments:

Post a Comment