Wednesday, April 3, 2013

ဧက ၅၀ အကျယ်အ၀န်းရှိမည့် Solar System ဖြင့် စစ်တွေကို လျှပ်စစ်မီး ပေးဝေမည့် စီမံကိန်း များမကြာမီ စတင်မည်

ဧက ၅၀ အကျယ်အ၀န်းရှိမည့် Solar System ဖြင့် စစ်တွေကို လျှပ်စစ်မီး ပေးဝေမည့် စီမံကိန်း များမကြာမီ စတင်မည်
Wednesday, April 3, 2013 
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဆိုလာ စနစ် ( Solar System) ဖြင့် လျှပ်စစ်မီး ပေးဝေနိုင်ရေး အတွက် မြေနေရာ ဧက ၅၀ ခန့် လိုအပ်နေရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မြေနေရာ ရရှိရေးကို စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိသည်။
“ နေရာ သတ်မှတ်နိုင်ရေး အတွက် မြေနေရာကို လိုက်ရှာနေတဲ့ နေရာမှာ မနေ့ကတော့ ယခင် သချိုင်္င်းဟောင်း အာကျိတ်တောင်ကုန်းကို သွားကြည့်ပါတယ်။ အဲဒီနေရာက အကောင်းဆုံး ဖြစ်မယ်လို့တော့ အားလုံးက ယူဆနေကြပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

အဆိုပါ စီမံကိန်းကို အမေရိကန် အကူအညီဖြင့် ပြည်တွင်း ကုမ္ပဏီ တစ်ခုက တည်ဆောက်သွားမည်ဟု ဆိုသည်။

“ မြေနေရာကို လိုက်ရှာနေတာ ကြာနေပါပြီ။ အခုတော့ အာကျိတ်တောင်ကုန်းမှာ တည်ဆောက် ဖြစ်ဖို့များတယ်။ အဲဒီ နေရာကို နောက်တစ်ရက် နှစ်ရက်ကြာရင် သတ်မှတ်မယ်။ ပီးရင် စီမံကိန်းကို စတင် အကောင်အထည်ဖေါ်မှာ ဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။

စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ထိ အသုံးပြုမည် ဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောကြားသည်။

သို့သော်လည်း အဆိုပါ ငွေပမဏ အပေါ် နိရဉ္စရာက အတည်ပြုနိုင်ခြင်း မရှိသေးပါ။

narinjara ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဆိုလာစနစ် ( Solar System) ဖြင့် လျှပ်စစ် မီး ပေးဝေနိုင်ရေးအတွက် မြေနေရာ ဧက ၅၀ ခန့်လိုအပ်နေရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မြေနေရာရရှိရေးကို စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။
“ နေရာသတ်မှတ်နိုင်ရေးအတွက် မြေနေရာကို လိုက်ရှာနေတဲ့ နေရာမှာ မနေ့ကတော့ ယခင်သချိုင်္င်းဟောင်း အာကျိတ်တောင်ကုန်းကိုသွား ကြည့်ပါတယ်။ အဲဒီနေရာက အကောင်းဆုံးဖြစ်မယ်လို့တော့ အားလုံးကယူဆနေကြပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

အဆိုပါစီမံကိန်းကို အမေရိကန်အကူအညီဖြင့် ပြည်တွင်းကုမ္ပဏီတစ်ခုက တည်ဆောက်သွားမည်ဟု ဆို သည်။

“ မြေနေရာကို လိုက်ရှာနေတာ ကြာနေပါပြီ။ အခုတော့ အာကျိတ်တောင်ကုန်းမှာ တည်ဆောက် ဖြစ်ဖို့ များ တယ်။ အဲဒီ နေရာကို နောက်တစ်ရက် နှစ်ရက်ကြာရင် သတ်မှတ်မယ်။ ပီးရင် စီမံကိန်းကို စတင်အကောင် အထည်ဖေါ်မှာ ဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။

စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ထိ အသုံးပြုမည် ဖြစ်ကြောင်း ဦးအောင်မြကျော်က ပြော ကြားသည်။

သို့သော်လည်း အဆိုပါ ငွေပမဏ အပေါ် နိရဉ္စရာက အတည်ပြုနိုင်ခြင်း မရှိသေးပါ။

narinjara

No comments:

Post a Comment